Image

Tuesday, 2 February 2016

Zip code (or)Postal code.Pdf

နည်းပညာလေ့လာနေတဲ့ညီလေးတွေအတွက်အသုံးဝင်ပါတယ်သိထားသင့်ပါတယ်။zip code(or) postal code တွေပဲဖြစ်ပါတယ်..နိုင်ငံအစုံက zipcode(or)postalcodeလေးတွေကိုpdfလေးလုပ်ပီးတင်ပေးလိုက်ပါတယ်
ဒီcodeအကြောင်းနားမလည်တဲ့ညီလေးတွေအတွက်နဲနဲရှင်းပြပေးပါမယ်။ဥပမာ.....ဒီcodeလေးတွေကာအကိုတို့တချို့အကောင့်(account)တွေဖောက်တဲ့နေရာမှာနိုင်ငံရဲ့zipcode(သို့)postalcodeထဲ့ပေးရတာရှိပါတယ်။ဒီကုဒ်တွေကိုအသုံးနည်းတော့ဆရာကြီးတွေလောက်ဘဲသိပါတယ်။အ
ကိုတို့microsoftအကောင့်ဖောက်တဲ့နေရာတွေမှာသုံးရပါတယ်နောက်သုံးတဲ့နေရာတွေရှိပါသေးတယ်အဲ့ခါလိုအပ်မှာပေါ့အဲ့ဒါကြောင့်အမြဲဖတ်လို့ရအောင်သိမ်းထားလို့ရအောင်pdfလေးတွေအဖြစ်
တင်ပေးလိုက်ပါတယ်။အောက်မှာဒေါင်းယူလိုက်ပါစာအုပ်ကသုံးအုပ်ပါ။
Credit : ; ဒီးမွန်း



 http://adf.ly/1UK1b4

 http://adf.ly/1UK2Xp

 http://adf.ly/1UK2mR



Share:

လေဟုန်စီး၍ ပျံနိုင်သောငါး

ပင်လယ်သမုဒ္ဒရာများတွင်ကျက်စားလေ့ရှိသောထူးဆန်းသောငါးတစ်မျိုးမှာငါးတစ်မျိုးမှာငါးပျံဟုခေါ်ကကြသော Flying Fish ငါးမျိုးများဖြစ်ကြပါသည်။ထိုငါးပျံငါးမျိုးများသည် အမည်နှင့်လိုက်ဖတ်စွာပင် ကိုယ်ထည်ပေါ်၌ ငှက်ကဲ့သို့အတောင်ပံများပါပါသည်ထိုငါးပျံငါးများသည်Exocoetidaeငါးမျိုးရင်းတွင်ပါဝင်ပါသည်။

ငါးပျံ ၏ ရင်ဆူးတောင်သည် အလွန်ကြီး၍ အမြီးဘက် ဆူးတောင်၏ အောက်ခွမှာ ရှည်နေပါသည်။ငါးပျံများသည် ပျံလိုပါက အမြီးဆူးတောင်ဖြင့်ရေကိုပြင်းထန်စွာရိုက်ခတ်၍အပေါ်သို့ခုန်တတ်ပြီးလျှင်ရင်ဆူးတောင်များကိုငှက်တောင်ပံကဲ့သို့ဖြန့်ကားပြီးလေဟုန်စီးကာအဝေးသို့ပျံသန်းကြခြင်းဖြစ်ပါသည်။


ငါးမန်းလင်းပိုင်နှင့်အခြားအန္တရာယ်တစ်စုံတရာကျရောက်ပါကထိုနည်းနှင့်ပျံသန်းလွတ်မြောက်တတ်ပါသည်။ငါးပျံငါးမျိုးပေါင်း များစွာရှိပြီး အဝေးဆုံး၂၀၀မီတာနှင့်အထက်အထိလေဟုန်စီးပျံသန်းနိုင်ကြောင်းမှတ်တမ်းတင်ထားကြပါသည်သူတို့၏အတောင်ပံဟာကြီးမားပြီးလေ၏ဦးတည်ရာကိုတွက်ချက်တတ်တဲ့အတွက် လေပေါ်မှာ ကြာမြင့်စွာ လေဟုန်စီးနိုင်ကြခြင်းဖြစ်ပါသည်။

ငါးပျံငါးမျိုးများ၏သဘာဝကပေးထားသောစွမ်းအင်ကြောင့်ရေထဲနှင့်လေပေါ်တွင်လျှင်မြန်စွာပျံသန်းကူးခတ်နိုင်ကြပြီးတစ်နာရီလျှင်၄၃မိုင်နှုန်းအထိရှိပါသည်ငါးပျံငါးမျိုးပေါင်း၅၀ခန့်ရှိပြီးနွေးသောပင်လယ်များတွင်နေထိုင်တတ်ကြပါသည်အစုအဖွဲ့နှင့်နေထိုင်တတ်ကြပါသည်ပင်လယ်ပြင်တွင်သာအများဆုံးတွေ့ရတတ်ပေမယ့် ရေချိုငါးပျံငါးမျိုးများလည်းရှိကြပါသည်။

အာဖရိကတိုက် မှ ပင်တိုဒန်ခေါ် ရေချိုငါးပျံမျိုးသည် တောင်အမေရိကမြစ်များရှိဂက်စတရိုပီလီးကပ် ခေါ်ငါးပျံမျိုးလောက်မပျံနိုင်ပါ။ထိုငါးပျံ၏ ၀မ်းပိုက်သည်သဘောင်္ဝမ်းကဲ့သို့သဏ္ဍာန်တူပြီး ပျံလိုသောအခါ ရင်ဆူးတောင်များဖြင့်ရေကိုရိုက်ခတ်ကာ အပေါ်သို့တတ်ပါသည်။


ကာလီဖိုးနီးယားပြည်တောင်ပိုင်း၌တွေ့ရသောငါးပျံတစ်မျိုးသည်၁၈လက်မခန့်ပင်ရှည်၍ကြီးသောရင်ဆူးတောင် ၀မ်းဆူးတောင်များဖြင့် ပို၍ ဝေးလံစွာပျံသန်းနိုင်ကြောင်း တွေ့ရပါသည်။ကမ္ဘာ့နေရာဒေသ တော်တော်များများတွင်တွေ့ရတတ်ပြီး အာရှတွင်လည်းများစွာတွေ့ရတတ်ပါသည်။ ဂျပန်၊တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နန်တို့တွင်လည်းတွေ့ရှိရပါသည်။ ဂျပန်နိုင်ငံတွင် ဆူရှီလုပ်ပြီးစားသုံးကြသလို အခြားအာရှနိုင်ငံတော်တော်များများမှာလည်း ဖမ်းယူစားသုံးတတ်ကြပါသည်။

မြန်မာနိုင်ငံတွင်လည်း မြိတ်၊ ထားဝယ်ဒေသများတွင် ငါးပျံငါးမျိုးများရှိကြောင်းသိရပါသည်။လွန်ခဲ့သော နှစ်သန်းပေါင်း ၂၄၀ ခန့်က ငါးပျံတစ်ကောင်၏ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ရုပ်ကြွင်းကို တရုတ်နိုင်ငံရှိ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များကရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းတစ်ခု ဖတ်ရဖူးပါသည်။




Share:

ပညာသားပါပါအရက်သောက်သုံးနည်း Pdf


အရက်ကြိုက်သောသူများအတွက်ဖတ်ထားသင့်တဲ့စာအုပ်ကောင်းလေးပါအညွှန်းတွေဘာတွေမရေးပေးတော့ဘူးအောက်မှာဒေါင်းယူဖတ်ကြည်လိုက်ပါ

 http://adf.ly/1SZuqQ

Share:

OoredooServiceV1.0.2apk


OoredooServiceV1.0.2apk
Ooredoo User များအတွက် Service များစွာပါဝင်တဲ့ apkလေးပါ                                            
Ooredoo ဆင်းကဒ်အသုံးပြုသူတွေအတွက်ရော နောက်ပိုင်းအသုံးပြုမဲ့သူတွေအတွက်ရော
ကျွန်တော်တို့လိုလေ့လာဆဲသူတွေအတွက်ရောဆောင်ထားသင့်တဲ့apkလေးပါ....ရေးသားသူကတော့ဆရာမ ဒေါ်ထားထားလွင်(နည်းပညာတက္ကသိုလ်တောင်ငူ - IT ဌာနမှူး)ပါ။



 http://adf.ly/1ScR3B

Share:

MPT Service Apk

ဒီဇိုင်းအသစ်နဲ့  မိုက်လာတဲ့ MPT service လေးပါ။update လေးတွေ့ လို့ ရှယ်ပေးလိုက်ပါတယ်။
မြန်မာနိုင်ငံသုံးဆက်သွယ်ရေးဝန်ဆောင်မူများအတွက်ဖြစ်ပါတယ်။
ဒီ App ကနေ GSM အချင်းချင်းငွေဖြည့်ငွေလွဲလုပ်နိုင်ခြင်း
CDMA ငွေဖြည့်နိုင်ခြင်း
GSM/WCDMA Internet လျှောက်ထားနိုင်ခြင်း
GSM/WCDMA  Internet Setting ချိန်နည်းပါရှိခြင်း
MEC CDMA Internet Setting ချိန်နည်းပါရှိခြင်း
MPT CDMA Internet Setting ချိန်နည်းပါရှိခြင်း
GSM/WCDMA Call Waiting Service လျှောက်ထားနိုင်ခြင်း
GSM/WCDMA Call Forward Service လျှောက်ထားနိုင်ခြင်း
GSM/WCDMA Miss Call Altert Service လျှောက်ထားနိုင်ခြင်း
GSM/WCDMA Voice Mail လျှောက်ထားနိုင်ခြင်း
အပြင် မိမိ လျှောက်ထားပြီးသော်လဲ မကြိုက်သက်ရင် ပြန်ဖျက်နိုင်တဲ့
Function အသစ်ထည့်သွင်းပေးထားပါတယ်။
Developer Feed Back ပြန်ပေးနိုင်ခြင်း အစရှိသည်တို့ကို
လုပ်ဆောင်နိုင်ပါသည်။
အရင် Version တွေမှာထည့်သွင်းမထားသော ၀န်ဆောင်မူ့များကိုလျှောက်ထား
ရာတွင် မြန့်မာ ဆက်သွယ်ရေးကို Message ရောက်မရောက်သိရှိနိုင်မည့်
Function အသစ်ထည့်သွင်းထားပါတယ်။
အရင်က Error တော်တော်များများကိုဖြေရှင်းပေးထားပါတယ်။
App အတွင်းမြန်မာလိုအညွန်းများပါဝင်ခြင်းကြောင့်အဆင်ပြေပြေ
လုပ်ဆောင်နိုင်မှာပါ။
ှService တစ်ခုခြင်းဆီရဲ့အချက်အလက်များကို
App အတွင်းရေးသားပေးထားပါတယ်။
MMSD မှပြန်လည်ကူးယူတင်ပြထားခြင်းဖြစ်ပါတယ်။ 




 http://adf.ly/1SSWEV


Share:

Telenor ရဲ့ ဝန်ဆောင်မှု့ ကုဒ်လေးတွေပါ

Telenor ရဲ့ ဝန်ဆောင်မှု့ ကုဒ်လေးတွေပါ
- Telenor လက်ကျန် ငွေစစ်ရန် - *124# Call
- Telenor ငွေဖြည့်ရန် - *123* လျှိုဝှက်နံပါတ် # Call
- Telenor ဖုန်းနံပါတ် ကြည့်ရန် - *97# Call
- Telenor အပိုငွေစစ်ရန် - *124*1# Call
- Telenor အရေးပေါ် ငွေချေးရန် - *500# Call
- Telenor မှ ဖုန်းပြန်ခေါ်ရန် အကြောင်းကြားလွှာပို့ရန် - *979*3*2* ဖုန်းနံပါတ် # Call
- Telenor မှ တခြားအော်ပရေတာသို့ ဖုန်းခေါ်ရန် အကြောင်းကြားလွှာပို့ရန် - *1* ဖုန်းနံပါတ် # Call
- Telenor မှ နောက်ဆုံး အဝင်အထွက် ဖုန်းစာရင်းကြည့်ရန် - *979*1*4*1# Call
- Telenor မှ နောက်ဆုံး မက်ဆေ့ပို့ခဲ့သော အဝင်အထွက်စာရင်းကြည့်ရန် - *979*1*4*3# Call
- Telenor မှ သီချင်းဝယ်ချင်ရင် - sms 333 ကို MT ON ဟုရိုက်ပို့ပါ
- Telenor မှ သီချင်းဝယ်ထားတာ ပြန်ဖျက်ချင်ရင် - sms 333 ကို MT OFF ဟုရိုက်ပို့ပါ
- Telenor မှ Missed Call Alert ဝယ်ချင်ရင် - sms 222 ကို MCA ON ဟုရိုက်ပို့ပါ
Telenor မှ Missed Call Alert ဖျက်ချင်ရင် - sma 222 ကို MCA OFF ဟု ရိုက်ပို့ပါ
- Telenor မှ မိမိငွေထဲက ပြန်လွှဲချင်ရင် - *979*2*4* ဖုန်းနံပါတ် * လွှဲမည့်ငွေပမာဏ* 1 # Call
( မှတ်ချက် - ကုဒ်က အသုံးပြုမရပါက *979# ကိုခေါ် 2 ကိုနှိပ် Send ပါ ပြီးရင် 4 ကို နှိပ် Send ပါ ဖုန်းနံပါတ်ရိုက် Send ပါ ပြီးရင် လွှဲမည့်ငွေပမာဏ ထည့် Send ပါ အတည်ပြုကြောင်း 1 ကိုနှိပ် Sendပါအဆင်ပြေပါလိမ့်မယ်)
- Telenor အော်ပရေတာနဲ့ ပြောချင်ရင် - *979# Call
Apkကိုအောက်မမှာဒေါင်းယူလိုက်ပါ


http://adf.ly/1SPWN8
Share:

ဖုန်းကို စွဲလန်းလွန်းနေတဲ့ nomophobia ရောဂါ

ဖုန်းကို စွဲလန်းလွန်းနေတဲ့ nomophobia ရောဂါ

သင်ဟာ သင့်ဖုန်းကို စွဲလန်းလွန်းနေတဲ့ nomophobia ရောဂါ ခံစားနေရသလားဆိုတာ……
သင်ဟာ သင့်ဖုန်းနဲ့ အတူမရှိတဲ့အချိန် ဂဏာမငြိမ်ဖြစ်နေတတ်သလား။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင်ဖြစ်ပြီး စိတ်အလိုမကျတာတွေ ဖြစ်နေပြီလား။ ခုခေတ်မှာ လူတွေဟာ နည်းပညာတွေနဲ့ ပိုမိုထိတွေ့ ဆက်ဆံနေရပြီမို့ ရောဂါတစ်မျိုးလို့ နာမည်တပ်ရအောင်ကို ဖုန်းကိုစွဲလန်းလွန်းတဲ့ ရောဂါတစ်မျိုး ရှိလာခဲ့ပါပြီ၊ ဒါကို လေ့လာတွေ့ရှိချက်တွေ၊ စစ်တမ်းကောက်ချက်တွေအရ နှစ်စဉ်နှစ်တိုင်းလည်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်၊ ခုဖော်ပြပေးမှာကတော့ သင်ဟာ သင့်ဖုန်းကို လိုအပ်တာထက်ပို စွဲလန်းတမ်းတမိနေသလား။ ဖုန်းကို စွဲလန်းတဲ့ nomophobia စိတ်ရောဂါများရနေသလားဆိုတဲ့ အချက်ကို ဖော်ထုတ်ပေးမယ့် အချက်ကလေးတွေပါ၊

၁။ သင်ဟာ သင့်စမတ်ဖုန်းကနေ ဘာသတင်းအချက်အလက်မှ အသစ်မကြားမသိရဘူးဆိုရင် နေရတာ တစ်ခုခုလိုနေသလို အဆင်မပြေဘူး။

၂။ သင်သိချင်တဲ့ အကြောင်းအရာမျိုး။ သတင်းအချက်အလက် ဘာတစ်ခုမှ မရှိဘူးဆိုရင် အလိုလိုနေရင်း ဒေါသဖြစ်လာတယ်။

၃။ သင်ဟာ ရာသီဥတုကြောင့်။ အင်တာနက်လိုင်းကြောင့် ဘာသတင်းမှ မသိရဘူးဆိုရင် နေမထိ ထိုင်မသာဖြစ်ပြီ။

၎။ သင်ဟာ ဖုန်းဓာတ်ခဲ့ကုန်မှာကို ကမ္ဘာပျက်မှာထက်ကို ပိုကြောက်နေတယ်။

၅။ သင်ဟာ ဖုန်းဘေလ်ကုန်တော့မှာကိုလည်း အရမ်းစိုးရိမ်တတ်တယ်။

၆။ သင်ဟာ သင့်ဖုန်းက အင်တာနက်လိုင်းပျောက်သွားတာနဲ့ ဒေါသတွေ ပေါက်ကွဲတော့တာပဲ။

၇။ သင်ဟာ ဖုန်းကို ခဏဘေးနားချလိုက်ပြီး ၅မိနစ်တောင် မကြာဘူး၊ ချက်ချင်းပြန်ကောက်ကိုင်ပြီး အင်တာနက်သုံးပြန်တယ်။

၈။ သင်ဟာ သင်သုံးနေကျ facebook၊ instagram ၊ Viber စတာတွေ မသုံးရရင် ဘေးနားမှာရှိတဲ့သူကို အပြစ်မရှိ မပြစ်ရှာတော့တာပဲ။

၉။ သင့်ဆီကို ဘာဖုန်းမှ အ၀င်လက်ခံရတာမျိုး မရှိဘူး။ ဘယ်သူကမှ မတ်ဆေ့ခ်ျမပို့ကြဘူး ဆိုရင် သင်ရူးမလို ဖြစ်နေရော။

၁၀။ သင်ဟာ အွန်လိုင်းတစ်ရက် မ၀င်လိုက်ရရင် လူဖြစ်ရှုံးသလို။ အသစ်အသစ်တွေ ငါဘာမှမသိလိုက်ရတော့ဘူးဆိုပြီး အသေအလဲ ခံစားနေရတယ်။

၁၁။ သင်ဟာ ညဘက်တွေ မအိပ်ခင် အင်တာနက်လေး သုံးကိုသုံးရမှ။ မနက်နိုးနိုးချင်းလည်း အင်တာနက်လေး ကောက်သုံးလိုက်ရမှ နေသာထိုင်သာရှိတယ်။

၁၂။ သင်ဟာ ဖုန်းမရှိတဲ့အခါ ဘာမှမလုပ်တတ် မကိုင်တတ်နဲ့ အူကြောင်ကြောင်ကြီး ဖြစ်နေရော။

ကဲအထက်ပါ အချက်တွေနဲ့ လေး။ ငါးချက်လောက် တိုက်ဆိုက်နေပြီဆိုရင်တော့ သင်ဟာ သင့်ဖုန်းကို အလွန်အမင်းစွဲလန်းတဲ့သူ ဖြစ်ပြီး၊ အင်တာနက်ကို လိုတာထက် ပိုသုံးတဲ့သူ၊ အပြင်လှုပ်ရှားမှုကို အဲ့ဒီလောက် မခုန်မင်တော့တဲ့သူ ဖြစ်လို့ ဒီအစွဲအလန်းကြီးကို လျော့ချပြီး သင့်အတွက် အကျိုးရှိမယ့် အရာတွေအတွက် ပိုအချိန်ပေးကြည့်လိုက်ပါသင့်အတွက်အကောင်းဆုံးဖြစ်လာပါလိမ့်မည်။

Share:

မလေးရှား DIGI Smart SIM Card ကနေ မြန်မာပြည်က TELENOR Sim Card (တယ်လီနော) သို့ ပိုက်ဆံထည့်နည်း၊

မလေးရှား DIGI Smart SIM Card ကနေ မြန်မာပြည်က TELENOR Sim Card (တယ်လီနော) သို့ ပိုက်ဆံထည့်နည်း၊ ဖြည့်နည်း
မြန်မာငွေ 3000 : 5000 စသဖြင့်ထည့်ပေးနိုင်တယ်။ သင့်ဖုန်းထဲတွင် ဖုန်းဘေးအရင်ထည့်ဖို့ လိုအပ်တယ်။ သင့်ဖုန်းဘေးထဲမှ မြန်မာကျပ်ငွေနှင့် ညီမျှသော ရင်းဂစ်(မလေးငွေ)ကို နှုတ်သွားမှာ ဖြစ်ပါတယ်။ လွဲခတော့ နှုတ်မှာသေချာတယ်။ မိသားစု၊ သူငယ်ချင်း၊ ချစ်သူရည်းစားများ အရေးပေါ် လိုအပ်ချက်များအတွက် သင့်တော်မည်ဖြစ်ကြောင်း ။


1. *128*1*7# call


2. 4 ရွေးပြီး send နှိပ်


3. 9 ရွေးပြီး send နှိပ်



4. မြန်မာပြည်က ဖုန်းနံပါတ်ရေး (ကုပ် လိုပါတယ်နော်)
ဒီပုံအတိုင်း ပေါ်လာမည်။ ဒီထဲမှာတော့ သင်ထည့်ပေးချင်သော မြန်မာပြည်က ဖုန်းနံပါတ်ကို ရေးပါ။ ပြီးရင် ပိုက်ဆံ အရေအတွက် ပေါ်လာမည်။ ဘယ်လောက်ထည့်ပေးနိုင်မလဲ။ သင်ထည့်ချင်သော ကဏန်းကိုရွေးပေးရုံပါပဲ။ ကျေးဇူးတင်ပါတယ်။

5. ပိုက်ဆံ အမောက်ကိုရွေးပါ။

6. 1ကိုနှိပ်ပေးပါ။ (comfort )

မှတ်ချက်။ ။ ထည့်နည်းထည့်ပုံကို ပုံအောက်တွင် ရေးပေးထားတယ်နော်။ Digi to Telenor ပဲရမယ်။ Digi smart ပဲရမယ်။ Digi easy နဲ့ Digi Internet free မရပါဘူး ။


Share:

တန်ဖိုးအမြင့်ဆုံးကုန်အမှတ်တံဆိမ်၁၀ခု

တန်ဖိုးအမြင့်ဆုံးကုန်အမှတ်တံဆိမ်၁၀ခု

Brand လို့ခေါ်ကြတဲ့ ကုန်အမှတ်တံဆိပ်တွေကို ဈေးကွက်ရှာဖွေရေး၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ကြော်ငြာတွေမှာ သုံးလေ့ရှိပါတယ်။ ကုန်အမှတ်တံဆိပ်တွေဟာ ထုတ်ကုန်ပစ္စည်းတစ်ခုခုကို အခြားတစ်ခုနဲ့ကွဲပြားခြားနားသွား စေတဲ့ သင်္ကေတအမှတ်လက္ခဏာတစ်ခုဖြစ်ပြီး စီးပွားရေးလုပ်ငန်းတစ်ခုခုအတွက် အခိုင်အမာရပ်တည်ပေးတဲ့ အမှတ်အသားတစ်ခုလည်းဖြစ်ပါတယ်။ အခုအောက်မှာဖော်ပြထားတဲ့ ကုန်အမှတ်တံဆိပ်တွေကတော့ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ ကမ္ဘာမှာ တန်ဖိုးအမြင့်ဆုံး ကုန်အမှတ်တံဆိပ် (၁၀)ခုပဲ ဖြစ် ပါတယ်။

၁။ GOOGLE
Google ဟာ အင်တာနက်နဲ့ဆက်စပ်တဲ့ ၀န်ဆောင်မှုတွေကို အထူးပြုတဲ့ အမေရိကန်အခြေစိုက်လုပ်ငန်းစုကြီး တစ်ခုဖြစ်ပါတယ်။ Google ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ ကမ္ဘာတန်ဖိုးအမြင့်ဆုံး ကုန်အမှတ်တံဆိပ်(၁၀၀) စာရင်းမှာ (၃)နှစ်ဆက်တိုက် ရပ်တည်နေနိုင်ခဲ့တဲ့ Apple ကို ကျော်တက်ပြီး ကမ္ဘာဈေးအကြီးဆုံးကုန်အမှတ် တံဆိပ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ Google ရဲ့တိုးတက်မှုက (၄၀)ရာခိုင်နှုန်းရှိပြီး ကုန်အမှတ်တံဆိပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၈၈၄၃ သန်း ရှိပါတယ်။

၂။ Apple
Apple ကုမ္ပဏီဟာလည်း ကွန်ပျူတာနဲ့ အခြားအီလက်ထရောနစ်ပစ္စည်တွေ၊ operating system တွေနဲ့ Application software တွေ ထုတ်လုပ်တဲ့ အမေရိကန် အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Apple ကုမ္ပဏီဟာ ၁၉၇၀ ပြည့်နှစ်တွေလောက်မှာ ပထမဆုံးအိမ်သုံးကွန်ပျူတာတွေကို ထုတ်လုပ်ရောင်းချခဲ့တဲ့ ကုမ္ပဏီလည်း ဖြစ်ပြီး ကွန်ပျူတာတွေရဲ့ ဂရပ်ဖစ်စနစ်နဲ့ Mouse တို့ကို စတင်မိတ်ဆက်ပေးခဲ့တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ Apple ကုမ္ပဏီရဲ့ ကုန်အမှတ်တံဆိပ်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၄၇၈၈၀ သန်း ရှိနေပြီဖြစ်ပါတယ်။


၃။ IBM
IBM ကုမ္ပဏီကတော့ အိုင်တီနယ်ပယ်ရဲ့ hardware၊ software နဲ့ ၀န်ဆောင်မှုပိုင်းတွေမှာ ကမ္ဘာရှေ့ဆောင် ကုမ္ပဏီကြီးတစ်ခုဖြစ်သလို အိုင်တီပစ္စည်းအရောင်းပိုင်းမှာလည်း အကြီးဆုံးတိုင်ပင်ခံကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့တတိယအကြီးဆုံး software ကုမ္ပဏီကြီးလည်းဖြစ်ပါတယ်။ IBM ကုမ္ပဏီရဲ့ ကုန်အမှတ်တံဆိပ်တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁၀၇၅၄၁ သန်း ရှိပါတယ်။


၎။ Microsoft
အမေရိကန်အခြေစိုက် Microsoft ကုမ္ပဏီရဲ့ ကုန်အမှတ်တံဆိပ်နာမည်ကတော့ Microsoft Windows ပဲဖြစ်ပါတယ်။ Micorsoft ကုမ္ပဏီရဲ့ Windows operating system တွေဟာ ကုမ္ပဏီတည်ထောင်သူ Bill Gates ကို ကမ္ဘာ့အချမ်းသာဆုံးဖြစ်အောင် တွန်းပို့ပေးနိုင်ခဲ့လောင်အောင် အောင်မြင်ခဲ့ပါတယ်။ Microsoft ကုမ္ပဏီရဲ့ ကုန်အမှတ်တံဆိပ်တန်ဖိုးကတော့ ဒေါ်လာ ၉၀၁၈၅ သန်း ဖြစ်ပါတယ်။

၅။ McDonald’s
McDonald’s Corporation ကတော့ fast food ရောင်းချတဲ့ စားသောက်ဆိုင်တွေနဲ့ ကမ္ဘာမှာ ထိပ်တန်း ရောင်းအား အကောင်းဆုံး fast food အရောင်းဆိုင်လုပ်ငန်းစုကြီးရဲ့ operator ပဲဖြစ်ပါတယ်။ McDonald’s ရဲ့ ကုန်အမှတ်တံဆိပ်တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၈၅၇၀၆ သန်းရှိပါတယ်။


၆။ Coca-Cola
Coca-cola ဒါမှမဟုတ် Coke လို့ လူသိများတဲ့ ရောင်းအားအကောင်းဆုံး ကိုလာအချိုရည်ကုမ္ပဏီကတော့ အမေရိကန်နိုင်ငံ အတ္တလန်တာမြို့အခြေစိုက်ဖြစ်ပါတယ်။ ကိုကာကိုလာဟာ ကမ္ဘာတစ်ဝှမ်းမှာ အကြီးဆုံး အချိုရည်ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းဖြစ်သလို Coca-Cola’s ဆိုတဲ့ လိုဂိုအမှတ်တံဆိပ်ဟာလည်း ကမ္ဘာမှာ ထင်ပေါ်ကျော်ကြားတဲ့ ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ ၄င်းရဲ့ ကုန်အမှတ်တံဆိပ်တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၈၀၆၈၃ သန်း ရှိပါတယ်။


၇။ VISA
VISA.Inc ကုမ္ပဏီကတော့ အမေရိကန်အခြေစိုက်နိုင်ငံတကာငွေကြေးဝန်ဆောင်မှုလုပ်ငန်းကြီးတစ်ခု ဖြစ်ပါတယ်။ ၄င်းဟာ VISA အမှတ်တံဆိပ်ပါ အကြွေးဝယ်ကဒ်တွေ၊ Debit ကဒ်တွေကနေတဆင့် ကမ္ဘာတစ်ဝှမ်း အီလက်ထရောနစ်စနစ်နဲ့ ငွေပို့ငွေလွှဲမှုကို ၀န်ဆောင်မှုပေးလျက်ရှိနေပါတယ်။ VISA ကုမ္ပဏီရဲ့ အမှတ်တံဆိပ်တန်ဖိုးကတော့ ဒေါ်လာ ၇၉၁၉၇ သန်းရှိပါတယ်။



၈။ AT&T
AT&T Inc ကတော့ အမေရိကန်အခြေစိုက် တယ်လီကွန်မျူနီကေးရှင်းလုပ်ငန်းစုကြီးဖြစ်ပြီး အမေရိကန် ပြည်ထောင်စုနဲ့ အခြားနိုင်ငံတော်တော်များများမှာ မိုဘိုင်းဖုန်းနဲ့ ရိုးရိုးဖုန်းလိုင်းတွေအတွက် ၀န်ဆောင်မှုတွေ ပေးနေတဲ့ ရှေ့ဆောင်ကုမ္ပဏီကြီးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပုဂ္ဂလိကလုပ်ငန်းတွေ၊ လုပ်ငန်းစုတွေနဲ့ အစိုးရ အဖွဲ့အစည်းတွေအတွက် အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ ဒုတိယအကြီးဆုံးကုမ္ပဏီကြီးလည်းဖြစ်ပါတယ်။ ၄င်းရဲ့ကုန်အမှတ်တံဆိပ်တန်ဖိုးကတော့ ဒေါ်လာ ၇၇၈၈၃ သန်းရှိပါတယ်။


၉။ Marlboro
Marlboro ဆိုတဲ့ စီးကရက်အမှတ်တံဆိပ်ကတော့ Philip Morris International ကုမ္ပဏီပိုင် ကုန်ပစ္စည်း အမှတ်တံဆိပ်ဖြစ်ပါတယ်။ Marlboro ဟာ ကမ္ဘာမှာရောင်းအားအကောင်းဆုံးစီးကရက်အဖြစ် ဆယ်စုပေါင်း များစွာကြာအောင်ရပ်တည်နိုင်ခဲ့သလို ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကုန်အမှတ်(၁၀)ခုစာရင်းမှာ န၀မနေရာမှာ ရပ်တည်နေဆဲဖြစ်ပါတယ်။ ကုန်အမှတ်တံဆိပ်ရဲ့တန်ဖိုးကတော့ ဒေါ်လာ ၆၇၃၄၁ သန်း ရှိပါတယ်။

၁၀။ Amazon
Amazon.com, Inc. ကတော့ အမေရိကန်အခြေစိုက် အွန်လိုင်အရောင်းအ၀ယ်ဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ Amazon ဟာ အင်တာနက်ပေါ်ကနေ စာအုပ်တွေ၊ CD တွေနဲ့ ဗီဒီယိုတွေကနေစပြီး ကုန်ပစ္စည်း အသစ်တွေရော အသုံးပြုပြီးသားတွေကိုပါ အရောင်းအ၀ယ်လုပ်နိုင်တဲ့ ၀န်ဆောင်မှုကို ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် Amazon ကုမ္ပဏီဟာ e-book တွေဖတ်ဖို့အတွက် Amzon Kindle အမှတ်တံဆိပ်နဲ့ e-book reader တွေနဲ့ Amazon Kindle Fire တံဆိပ် တက်ဘလက်ကွန်ပျူတာတွေကိုလည်း ထုတ်လုပ်ရောင်းချ နေတာဖြစ်ပါတယ်။ Amazon ရဲ့ ကုန်အမှတ်တံဆိပ်တန်ဖိုးကတော့ ဒေါ်လာ ၆၄၂၅၅ သန်း ရှိပါတယ်။


Share:

Mobile Phone တွေမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေရဲ့ အခေါ်ဝေါ်များ

Mobile Phone တွေမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေရဲ့ အခေါ်ဝေါ်များ

• A/D-Converter - Analog-to-digital Converter
• ACI - Accessory Control Interface
• ADC - Analog-to-digital Converter
• ADSP - Applaction DPS (expected to run hight level tasks)
• AGC - Atomatic Gain control(maintains volume)
• ALS - Ambient light sensor
• AMSL - After Market Service Leader
• ARM - Advanced RISC Machines
• ARPU - Avreage revenue per user(per month or per year)
• ASIC - Applaction Specific Integrated circuit
• ASIP - Applaction Specific Interface Pro
• B2B - Board to board , connector between PWB and UI board
• BB - baseband
• BCO2 - Bluetooth module made by CSR
• BIQUAD - bi-quadratic , type of filter faction
• BSI - Battery Size Indicator
• BT - Bluetooth
• CBus - MCU controlled serial bus connected to UPP_WD2,UEME and Zocus-
• CCP - Compact Camera Port
• CDSO - Cellucar DSP (expected to ran at levels)
• CLDC - Connected limited device configuration
• CMOS - Complimentary metal –oxide semiconductor circuit (low power consumption )
• COF - Chip on Foil
• Cog - Chip on Glass
• CPU - Central Processing Unit
• CSR - Cambridge silicon radio
• CSTN - Color Super Twisted Nematic
• CTSI - Clock Timing Sleep and interrupt block of Tiku
• CW - Continuous wave
• D/A-converter - Digital –to –analouge convertet
• DAC - Digital-to –analouge convertet
• DBI - Digitl Battery Interface
• DBus - DSp controlled serial bus connected between UPP- WD2 and Helgo
• DCT -4 - Digital Core Technology
• DMA - Diret memory access
• DP - Data Package
• DPLL - Digital Phase Locked Loop
• DSP - Digital Signal Processor
• DtoS - Differential to Single ended
• EDGE - Enhanced data rates for global /GSM evaluation
• EGSM - Extended GSM
• EMC - Electromagnetic compability
• EMI - Electromagnetic interference
• ESD - Electrostatic discharge
• FCI - Functional cover interface
• FPS - Flash Programmimg Tool
• FR - Full rate
• FSTN - Film compensated super twisted nematic
• GND - Ground ,conductive mass
• GPIB - General –purpose interface bus
• GPRS - General Packet Radio Service
• GSM - Group Special Mobile/Global System for Mobile Communication
• HF - Hand Free
• HFCM - Hand Free Common
• HS - Handset
• HSCSD - High Speed Circuit switched data (data transmission connection Faster than GSM)
• HW - Hardware
• I/O - Input/Output
• IBAT - Battery Current
• IC - Integrated Circuit
• ICHAR - Changer Current
• IF - Interface
• IHF - Integrated hand free
• IMEI - International Mobile Equipment Identity
• IR - Infrared
• IrDA - Infrared Data Associasion
• ISA - Intelligent software architecture
• Jpeg/JPG - Joint Photographic Experts Group
• LCD - Liquit Crystal Display
• LDO - Low Drop Out
• LED - Light –emitting diode
• LPRF - low Power Radio Frequency
• MCU - Micro Controller Unit (microprocessor)
• MCU - Multiport control unit
• MIC mic - Microphone
• MIDP - Mobile Information Device Profile
• MIN - Mobile indentification number
• MIPS - Million instructions per second
• MMC - Multimedia card
• MMS - Multimadia Massaging service
• NTC - Negative temperature coefficient ,temperature sensitive resistor       used as a temperature sensor
• OMA - Object management architechture
• OMAP - Operations,maintenance,and administration part
• Opamp - Operational Amplifier
• PA - Power Amplifier
• PDA - Pocket Data Application
• PDA - Personal Digital Assistant
• PDRAM - Progam/Data RAM (on chip I tiku)
• Phoenix - Software tool of DCTL4.X
• PIM - Personial Informatoion Management
• PLL - Phase locket loop
• PM - (Phhone)Premanent memory
• PUP - General Purpose IO(PIO),USARTS and Pulse Width modulators
• PURX Power-up reset
• PWB - Printed wiring Board
• RC-filter - Resistance –capacitance filter
• RF - Radio Frequency
• RF PopPort TM- Reduced function PopPort TM interface
• RFBus - Serial control Bus for RF
• RSK - Right soft Key
• Rs-MMc - Reduced size multi Media Card
• RSSI - Receiving singal Strength Indicator
• RST - RESET Switch
• RTC - Real Time Clock (Provites Date and time)
• RX - Radio Receiver
• SARAN - Single Access RAM
• SAW filter - Surface Acoustic Wave filter
• SDRAM - Synchronous Dynamic Random Access Memory
• SID - Security ID
• SIM - Subscriber Identity Module
• SMPS - Switched Mode Power supply
• SNR - Signal-to-noice ratio
• SPR - Standard Product requirements
• SRAM - Static random access memory
• STI - Serial Trace Interface
• SW - Software
• SWIM - Subscriber/Wallet Indentification Module
• TCXO - Temperature controlled Oscillator
• Tiku - Finnish for chip ,Successor of the UPP,Offical Tiku 3G
• TX - Radio Transmitter
• UART - Universal asynchronous receiver /transmitter
• UEME - Unniversal Energy Management chip (Enhanced version )
• UEMEK - See UEME
• UI - User interface
• UPP - Universal Phone Processor
• UPP –WD2 - Communicator version of DCT4 system ASIC
• USB - Universal Serial Bus
• VBAT - Battery voltage
• VCHAR - Charger voltage
• VCO - Voltage controlled oscillator
• VCTCXO Voltage controlled Temperature Compensated Crystal Oscillator
• VCXO - Voltage Controlled Crystal oscillator
• VP-p - Peak –to-peak voltage
• VSIM - SIM Voltage
• WAP - Wireless application protocol
• WD - Watchdog
• XHTML - Extensible hypertext makup language
• Zocus - Current sensor ,(used to monitor thr current flow to and from the battery)
Mobile Phone တွေမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေရဲ့ အခေါ်ဝေါ်များ လေးတွေကို သိထားသလောက် ပြန်လည် မျှဝေပေတာပါ။

Share:

iPhone စစ်မစစ် iTunes မလိုပဲ အကြမ်းဖျင်းအားဖြင့်စစ်ဆေးနည်း

iPhone good second ဝယ်မည့်သူငယ်များချင်းများ မိမိဝယ်မည့် iPhone စစ်မစစ် iTunes မလိုပဲ အကြမ်းဖျင်းအားဖြင့်စစ်ဆေးနည်း


1 - iPhone တွင် original ပါသော Clock App လေးကိုကြည့်ပါ စက္ကန့်တံလေးသွားနေရပါမည်(သံပါတ်နာရီများကဲ့သို့)။(Clone တချို့တွင် စက္ကန့်တံလေးသွားနေသော်လည်း သံပါတ်နာရီများကဲ့သို့ ဆက်တိုက်မဟုတ်ပဲ ဓာတ်ခဲနာရီကဲ့သို့ တစ်စက္ကန့်ချင်း ရပ်လိုက်သွားလိုက်သွားပါသည်)



2 - မိမိဝယ်ယူမည့် iPhone ထဲသို့ SIM card ထည့်ပြီး
" *#5005*7672# " ကိုဖုန်းခေါ်လိုက်ပါ Message Center No ပေါ်ရပါမည်။(Clone များမှာမပေါ်ပါ) / ပုံ(၂)က-ခ မှာကြည့်ပါ


3 - iCloud (Find My iPhone) on ထားခြင်း ရှိမရှိစစ်ဆေးပါ  iCloud ရှိမရှိစစ်ဆေးရန်အတွက်မိမိဝယ်ယူမည့် iPhone မှ imei နံပါတ်လိုအပ်ပါတယ် imei နံပါတ်ကို Dialer မှာ *#06# ကိုနှိပ်ပြီးကြည့်ပါ (သို့) Setting > General > About > imei ကိုကြည့်ပါ (imei နံပါတ် 15လုံးရှိပါသည်) ရရှိလာတဲ့ imei နံပါတ် 15လုံးကို   ☆☆ဒီနေရာမှာ☆☆  ရိုက်ထည့်ပါ။


4 - မိမိဝယ်ယူမယ့် iPhone ဟာ Official Unlocked (Sim Unlocked) (or) Sim Lockedလားသိဖို့လိုအပ်ပါတယ်
မိမိဝယ်ယူမယ့် iPhone က Sim locked ဟုတ်မဟုတ်" imei နဲ့ "  ☆☆ ဒီနေရာမှာ ☆☆ ဝင်ရောက်စစ်ဆေးနိုင်ပါတယ်။
Official Unlocked ဆိုရင်တော့ မည်သည့်နိုင်ငံက Simcard မဆိုအသုံးပြုနိုင်ပါတယ်
Sim locked ဆိုရင်တော့ အဲ့ဒီ iPhone ဝယ်ယူခဲ့တဲ့ နိုင်ငံက Simcard ဖြင့်သာအသုံးပြုနိုင်မှာပါ (Sim Locked ဖုန်းအလုံးတိုင်းမဟုတ်ပဲ တစ်ချို့Sim Lockedဖုန်းများကိုလည်း Gevey Sim လေးကြားခံထည့်ပြီးအခြားနိုင်ငံမှSimcard များအသုံးပြုနိုင်အောင်ပြုလုပ်နိုင်ပါတယ် (သို့) Online မှ Carrier ကိုလျော်ကြေးငွေပေးသွင်းပြီး Official Unlocked ဖြစ်သွားအောင်ပြုလုပ်နိုင်ပါတယ်) / ပုံ(၄)က-ခ မှာကြည့်ပါ

Credit to
Ko Sithu Aung


Share:
Image
Image
Image
HlAiNg MyO Design by HLAiNg MyO