Image

Thursday 21 January 2016

အာဖဂန်နစ္စတန်တွင် ဗုဒ္ဓသာသနာ ကွယ်ပျောက်သွားရခြင်း အကြောင်း

အစ္စလာမ်ဝါဒမထွန်းကားမီ အာဖဂန်နစ္စတန်တွင် အဓိကကိုယ်းကွယ်သော ဘာသာ မှာ ဗုဒ္ဓဘာသာဖြစ်သည်။ အာဖဂန် နိုင်ငံ ဟင် ဒုကတ် ရှ် တောင်တန်း၏
တောင်ဘက်အရပ်ဒေသများတွင် ဗုဒ္ဓဘာသာ သည် ထိုစဉ်ကများစွာ စည်ပင်ဝပြောခဲ့သည်။
ကမ္ဘာ့ပထမဆုံးသော ဗုဒ္ဓရုပ်ပွားတော်မြတ် ကို အာဖဂန်နစ္စတန်နိုင်ငံ ကဘူးခရိုင် ဂန်ဒါရာတွင် တည်ထားခဲ့ကြသည်။ ယခုအခါ ထိုဒေသကို ကန်ဒါဟာ ဟုခေါ်ကြသည်။
သမိုင်းဆိုင်ရာသက်သေအထောက်အထားများအရ အာဖဂန်နစ္စတန်တွင် အစ္စလာမ်ဝါဒ မထွန်းကားမီ (ခရာဇ်တော်မပေါ်မီ နှစ်ပေါင်း ၃၀၅ ခု) ကပင် ဗုဒ္ဓဘာသာ အခြေတည်ခဲ့ကြောင်း သုတေသီတို့ကသုံးသပ်ကြသည် ။
ထိုသို့စောစီးစွာ အခြေတည်ခဲ့သော ဗုဒ္စသာသနာမှာ အေဒီ (၇) ရာစုတွင် စတင်မှေးမှိန်လာခဲ့ပြီးအေဒီ (၁၁) ရာစုတွင် လုံးဝကွယ်ပျောက် ချုပ်ငြိမ်းသွားခဲ့လေသည် ။
ဤဒေသမှာ တရုတ်တို့၏ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ပိုးလမ်းမကြီးပေါ်တွင်ရှိ၍ လူသိများ ကျော်ကြားလှပါသည်။ ဂရေကိုဘက်တားရီးယန်း မင်းဆက်မှ ဘုရင်တစ်ပါးဖြစ်သော မိန္ဒာ ဘုရင်ကြီးလက်ထက်တွင် ထေရ၀ါဒ ဗုဒ္စဘာသာ သည် အာဖဂန်နစ္စတန်တွင် ထွန်းကားခဲ.ပါသည်။မကြာသေးမီ အချိန်ပိုင်းက ရှာဖွေတွေ့ရှိချက် များအရ အာဖဂန်နစ္စတန်နိုင်ငံ လော်ဂျာပြည်နယ်(ကာဘူးမြို့တောင်ဘက်) တွင် ဗုဒ္ဓ၏
ဓါတ်တော်မွေတော် (၄၂) ဆူကို တူးဖော်တွေ့ရှိခဲ့ပါသည်။
ဗုဒ္စ သာသနိက အဆောက်အအုံများကိုလည်း အာဖဂန်ရှေးဟောင်းဌာနက တစ်ခုပြီးတစ်ခု ရှာဖွေတွေ့ရှိခဲ့ပါသည် ။ လော်ဂျာည်ြနယ် ၌ ရှာဖွေတွေ့ရှိခဲ့သမျှ ပစ္စည်းများထဲတွင်
ရှေးဟောင်းစေတီတော် နှစ်ဆူ ၊ ဗုဒ္စ ရုပ်ပွားဆင်းတုတော်များ၊ နံရံ ပန်းချီများ၊ ရွှေဒင်္ဂါး ငွေဒင်္ဂါးများ ၊ ရှေးဟောင်း ပုတီးများပါဝင်ပါသည်။
ဘက်တားရီးယန်း စာပေပညာရှင်နှင့်စစ်သည်တော် ( မိလိန္ဒပဥှာ ကျမ်းအရ မိလိန္ဒမင်းကြီး) တစ်ဦးသည် အိန္ဒိယမှ ရောက်လာသော နာဂသေနဟု အမည်ရသောမထေရ် တစ်ပါးနှင့်တွေ့ပြီး ဗုဒ္စဘာသာဝင်အဖြစ်ကူးပြောင်းရောက် ရှိခဲ့ကြောင်းသိရပါသည်။



မြတ်ဗုဒ္စ၏ ပထမဆုံး ဥပသကာနှစ်ဦးဖြစ်သော တဖုဿဿ`ဟ ဘလ္လိက ကုန်သည်ညီနောင်နှစ်ဦးသည် သူတို့၏ ဇာတိမြို့ ဖြစ်သော ဘာသ်မြို့ တွင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကိုဆောက်လုပ်လှုဒါန်းခဲ့ရာ အာဖဂန်နစ္စတန်တွင်
ပထမဆုံး တည်ထားကိုးကွယ်သော ဗုဒ္စဘာသာ ဘုန်းတော်ကြီးကျောင်းဖြစ်လာပါသည်။
( ရွှေတိဂုံ စေတီတော်မြတ် ရာဇဝင်လာ နာမည်များနှင့် ဆင် တူနေသည်မှာ စဉ်းစားဖွယ်ရာ ပင်။ဘာသာပြန်သူ၏ စကားချပ်)
ဘာမီယန်တောင်တန်းသည်လိုဏ်ဂူများပေါများလှသောတောင်စဉ်တောင်တန်းကြီးတစ်ခုဖြစ်ပြီး၎င်းတောင်များအတွင်းရှိလိုဏ်ဂူများတွင်သီတင်းသုံးကြသော ဗုဒ္စဘာသာ ရဟန်းတော်များသည် ဗုဒ္စ၀င်နိပါတ်တော်များ ကိုကျောက်ဂူနံရံများတွင် နံရံပန်းချီများအဖြစ်ရေးချယ်ခဲ့ကြပါသည်။ဘာမီယန်တောင်ကြားဒေသရှိကျောက် ဂူနံရံများတွင်ထွင်းထုထားသောဗုဒ္ဓရုပ်ပွားတော်များကိုဘာမီယန်ဗုဒ္ဓရုပ်ပွားတော်များဟု ခေါ်ဝေါ်ကြပြီး သမိုင်းကြောင်းအရ တန်ဖိုးဖြတ်၍မရအောင် အလွန်ရှားပါးအဖိုးတန်လှပေသည်။
ထိုဗုဒ္ဓရုပ်ပွားတော်များထဲမှ ကြည်ညိုဖွယ်အကောင်းဆုံးနှင့်အရွယ်အစားအကြီးဆုံးမှာ
ဉာဏ်တော် ပေ (၄၂၀) ရှိသော ရပ်တော်မူ ကိုယ်တော်ကြီးဖြစ်သည်။
ထိုရုပ်ပွားတော်မြတ်ကြီးကို လွန်ခဲ့သော ၁၁ နှစ် (၂၀၀၁ - ခုနှစ်) က တာလီဘန်သူပုန်များက ဒိုင်းနမိုက်ဖြင့်ဖောက်ခွဲ ဖျက်ဆီးပစ်ခဲ့သည်။ မူဆလင်များသည် ရုပ်တုကိုးကွယ်မှုမပြုရဟု အယူရှိသောကြောင့်တာလီဘန်တို့သည်ဗုဒ္စရုပ်ပွားတော်မြတ်များတည်ရှိနေခြင်းကိုသည်း
မခံနိုင်ပဲ ဖြစ်ခဲ့ပုံရသည်။ ထိုလုပ်ရပ်ကိုတားဆီးရန် ထိုစဉ်က ဗုဒ္စရုပ်ပွားတော်မြတ်များတည်ရှိနေခြင်းကိုသည်းမခံနိုင်ပဲ ဖြစ်ခဲ့ပုံရသည်။ ထိုလုပ်ရပ်ကိုတားဆီးရန် ထိုစဉ်ကပါကစ္စတန်နိုင်ငံတွင်ရောက်ရှိနေသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန် က“ တာလီဘန်တို့သည် ကိုယ့်ကိုယ်ကိုသာမက အစ္စလမ်ဝါဒအတွက်ပါ အကျိုးမဲ့စေသော လုပ်ရပ်ကိုလုပ်ခဲ့လေပြီ “ ဟု ပြောကြားခဲ့ပါသည်။


ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး တားဆီးနေသည့်ကြားမှ ၂၀၀၁ ခုမတ်လ(၁၁)ရက်
တနင်္ဂနွေနေ့တွင်ရုပ်ပွားတော်ကြီး နှစ်ဆူကို နှစ်ရက်ဆက်၍ ရှေ့ဆင့် နောက်ဆင့် ဒိုင်းနမိုက်ဖြင်.ဖြိုခွဲဖျက်ဆီးခဲ့သည်။
ထိုကိစ္စနှင့်ပတ်သက်၍ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဂျပန် တို့မှ ကိုယ်စားလှယ်အဖွဲ့များလွှတ်ကာ ထိုသို့မလုပ်ဖို့စေ့စပ်ဆွေးနွေးခဲ့သော်လည်းမအောင်မြင်ခဲ့ပေ။ ဒါတွေဟာ အစ္စလာမ်တရားတော်နဲ.မညီလို့ဖယ်ရှားရတာပါဟု တာလီဘန်တို့က အကြောင်းပြခဲ့သည်။
UN အတွင်းရေးမှုး ကိုဖီအာနန်ကမူ “အစ္စလာမ်နာမည်ကိုခုတုန်းလုပ်ပြီး ဘယ်သူ့ကိုမှ အကျိုးမရှိ ပျက်စီးစေမဲ့အလုပ်ကို သူတို့လုပ်နေကြတယ်။ ဒီလုပ်ရပ်ကို ကမ္ဘာပေါ်မှာဘယ်သူကမှ ထောက်ခံမှာ မဟုတ်ဘူးဆိုတာ ကျုပ်ပြောရဲတယ်ဟု ပြောခဲ့သည်။
အဖိုးအနဂ္ဂထိုက်တန်သော ကမ္ဘာ့အမွေအနှစ်များ အာဖဂန် သမိုင်းတွင် ပြန် အဖတ်ဆယ်၍မရအောင်ပျောက်ဆုံးသွားရခြင်းအတွက် နောင်အခါတွင်သူတို့နှမျောကောင်းနှမျော တမ်းတနေပါလိမ့်မည်။ကမ္ဘာဗုဒ္စဘာသာနိုင်ငံများသည် ကုလသမဂ္ဂ၊ ယူနက်စကို တိုနှင့်ပူးပေါင်း၍ထိုစဉ်ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါမူထိုအဖြစ်ဆိုးမှရှောင်လွဲကောင်းရှောင်လွဲနိုင်ပါလိမ့်မည်။ တာလီဘန်တို့သည် အဖျက်စွမ်းအားကြီးမားသောအမြှောက်လက်နက်ကြီး များကိုသုံး၍ ၂၀၀၁ခုမတ်လတွင်ဗုဒ္စရုပ်ပွားတော်များကိုဖျက်ဆီးခဲ့ပါသည်။ ထိုဖျက်ဆီးခံရသော ဘာမီးယန်းဗုဒ္ဓရုပ်ပွားတော်နှင့်တစ်ပုံစံထဲတူသော (ဉာဏ်တော်ပို၍မြင့်သော) ပုံစံတူ သြကာန ရုပ်ပွားတော်မြတ်ကြီးကို သီရိလင်္ကာတွင် တည်ထားကိုးကွယ်ခဲ့ကြပါသည် ။
ရှေးအခါကလည်းအာဖဂန်နစ္စတန်တွင်မတူညီသောဘာသာများရှိခဲ့ကြ၊ကိုယ်းကွယ်ခဲ့ကြဖူးပါသည်။ သို့သော် ဘာသာတစ်ခုကအခြားဘာသာများကိုလေးစားခဲ့ကြသည်။
ဘော်လ်ကာဒေသသည် ဇောရိုးဝါဒ Zoroaster ( အီရန်နိုင်ငံတွင်စတင်ခဲ့သော ဘုရားသခင် ဘက်တော်သားများသည် မိစ္ဆာဝါဒီများကို အဆက်မပြတ် တိုက်ခိုက်သုတ်သင်ရေးဝါဒ) ၏ မူလဘူတစတင်မွေးဖွားရာနေရာဖြစ်နေသည်။နောင်သောအခါဤ၀ါဒမှာ အီရန်သို့ရောက်ရှိပျံ့ပွားသွားပြီး မကောင်းသူပါယ်ကောင်းသူကယ်ဝါဒ Zoroastrianism. ဟု ထင်ရှားခဲ့သည်။ ဂရေ့(စ်)ကို ဘက်ထရီယန် လက်ထက်တွင် ဗုဒ္စဘာသာ နှင့်ဇောရိုးဝါဒ မှာ ငြိမ်းချမ်းစွာ အတူတကွ တူရှိခဲ့ကြသည်။
တမန်တော်မိုဟာမက်ကွယ်လွန်ပြီးနှစ်၃၀ ကြာသောအခါ(အေဒီ ၆၀၀)က
အာရပ်မူဆလင်များသည် ပါရှားကိုအောင်နိုင်ပြီး နောက်ဘက်တားရီးယားဒေသ ကိုဆက်လက်တိုက်ခိုက်ပြီး ဗုဒ္စဘာသာထွန်းကားရာ ဘော်လ်ကာဒေသ(Balka) သို့ပါ ရောက်ရှိလာခဲ့သည်။ ၎င်းတိုအုပ်စိုးပြီးနောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်များကို လူခွန်စတင်ကောက်ခံခဲ့သည်။ဘုရားကျောင်းကန်စေတီပုထိုးများသို့သွားရောက်ဖူးမျှော်ပူဇော်ကန်တော့သူများကိုလည်းဘုရားဖူးခွန်များကောက်ခံခဲ့သည်။
ကာဘူးရှိဘုန်းကြီးကျောင်းများကို ၀င်ရောက်လုယက်ဖျက်ဆီးကြပြီး ဗုဒ္စရုပ်ပွားတော်များကို အောင်ပွဲအထိမ်းအမှတ်အဖြစ် ယူငင်သိမ်းပိုက်ကြသည်။ နာကျည်းဖွယ်အနိုင်ကျင့်.ခံရမှု့သည် ဤမှာပင် စသည်။ ကာဘူးတွင် ဗုဒ္စဘာသာသည် တဖြည်းဖြည်းအားနည်းလာပြီး နောက်ဆုံးတွင်အာဖဂန်နစ္စတန်မှ လုံးဝ ပျောက်ကွယ်သွားရတော့သည်။အေဒီ(၇)ရာစုတွင်အာဖဂန်သို့မူဆလင်များစတင်ရောက်ရှိလာပြီး (၁၀) ရာစုသို့ရောက်သောအခါ တစ်နိုင်ငံလုံးနီးပါး အစ္စလမ်ဘာသာ သို့ရောက်ရှိခဲ့သည်။ ၁၁ ရာစု တွင်ကား ဗုဒ္ဓဘာသာသည် အာဖဂန်နစ္စတန်မှ လုံးဝ ချုပ်ငြိမ်းထွက်ခွာခဲ့ရသည်။မှတ်ချက်/ မြန်မာနိုင်ငံ ပုဂံသို့ဗုဒ္စဘာသာရောက်လာချိန်မှာ အာဖဂန်တွင် ဗုဒ္ဓဘာသာ ချုပ်ငြိမ်းချိန်ဖြစ်နေပေသည် ။ (စကားချပ်)



အာရပ် တို့အာဖဂန်ကို တိုက်ခိုက်သိမ်းပိုက်ပြီး အစ္စလာမ်ဝါဒကို သယ်ဆောင်လာဖို့ စစ်ရေးဖြင်.ကျူးကျော်ဝင်ရောက်လာသောအခါ အာ ဖဂန်ဒေသခံတောင်ပေါ်သားတို့သည် ၎င်းတို့၏ ပိုင်နက်နယ်မြေကို လက်နက်စွဲကိုင်ကာ ခုခံကာကွယ်ခဲ့ကြပေသည်။
ထိုအချိန်က အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာ၊ ဟန္ဒူဘာသာ၊ ဇောရိုးဝါဒ၊ ဂျူးဘာသာ များကို မိမိ ယုံကြည်ရာကိုးကွယ်ခဲ့ကြ ပေသည်။ အာရပ်များသည် ဒေသခံများကို အစ္စလာမ်ကိုယ်းကွယ်သူများဖြစ်စေရန်အတင်းအကြပ်ဘာသာပြောင်းစေရန် ကြံဆောင်မှု မှာ ကနဦးတွင် အာဖဂန်တောင်ပေါ်သားများ၏ အဆက်မပြတ်အပြင်းအထန် ခုခံ တော်လှန်မှုကြောင့်မအောင်မြင်ခဲ့ပေ။
အေဒီ(၈၇၀)တွင်မူယနေ့ခေတ်အာဖဂန်နစ္စတန်ဟုခေါ်တွင်နေသော နေရာ တော်တော်များများကို ရာကွတ် ဘင်လာသီ ဆာဖာ ဆိုသူက တိုက်ခိုက်အောင်မြင်ခဲ့ပြီး အစ္စလမ်ဝါဒ ကို စစ်ရေးဖြင်.တိုးချဲ.နိုင်ခဲ့သည်။အတင်းအကျပ်ဘာသာပြောင်းခံရသူများသည်အခွင့်သာသည်နှင့်
သူပုန်ထကြပြီး သူတို့၏ မူလ ဘာသာ ကို ပြန်လည်ဆည်းကပ်ကြသည် လည်းရှိခဲ့သည်။
အေဒီ (၈) ရာစုနှင့်(၉) ရာစုကြားကာလများတွင် ယနေ့ခေတ် အာဖဂန်နစ္စတန်၊ ပါကစ္စတန် နှင့် အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသများမှဒေသခံများမှာ ဆွန်နီ အစ္စလာမ် ဘာသာသို့ သွတ်သွင်းခြင်းခံကြရသည်။ အေဒီ (၉၉၈ နှင့် ၁၀၃၀) ကြားတွင်အုပ်ချုပ်ခဲ့သော တူရကီမင်းဆက်စူလတန်မိုဟာမက်သည်အိန္ဒိယနိုင်ငံကို(၁၇) ကြိမ်ခန့်ဝင်ရောက်
တိုက်ခိုက်ခဲ့ပြီးအိန္ဒိယ နှင့်အာဖဂန်နစ္စတန်တွင် လူအစုလိုက်အပြုံလိုက် အစ္စလမ်ဘာသာသို့
အတင်းအဓမ္မပြောင်းလဲဝင်ရောက်စေခဲ့သည်။ တောင်ကုန်းတောင်တန်းများပေါ်တွင်နေထိုင်ကြသော ဒေသခံ အာဖဂန်များကတော့အစ္စလမ်ဘာသာသို့မ၀င်ပဲ နေခဲ့ကြသည်။
ထိုဒေသတွင်တော့အုပ်ချုပ်သူ ပြည်နယ် ဘုရင်ခံများသည် ဂျာလာလာဘတ် အနီးရွာများတွင် ဟိန္ဒို ၊ မူဆလင် ၊ အာဖဂန် မိန်းမများစွာ ကို ယူကာ အစ္စလာမ်ဘာသာ တိုးတက်အောင်လုပ်ခဲ.ကြသည် ဟု အေဒီ (၉၈၂) တွင် ရေးသားသော ဟူဒတ်အယ်အလမ်(Hudud-al-Alam ) ဆိုသော စာအုပ်တွင် ဖော်ပြခဲ့သည်။ လုပ်သက် ၃၄ နှစ်ရှိပြီဖြစ်သော အာဖဂန်ပြတိုက်မှုး ဖြစ်သူ အိုမာခန် မက်ဆိုဒီ က အာဖဂန်၏ ခေတ်အဆက်ဆက်မှအလွန်လက် ရာမြောက်သော ဗုဒ္စရုပ်တုများကို သူတို. လျှို့ဝှက်စုဆောင်းနိုင်ခဲ့သောကြောင့်အလွန်ဂုဏ်ယူကြောင်း။ သူတို့သည် ဗုဒ္ဓရုပ်ပွားတော်
အဆူ (၃၀၀) ခန့်ကို ပြတိုက်အနီးမြေအောက်ခန်းထဲတွင် လျှို့ဝှက်သိမ်းဆည်းထားပြီး
ပြတိုက်ဝန်ထမ်းများကကာကွယ်စောင့်ရှောက်ထားကြောင်း ပြောကြားခဲ့သည်။
ဘာမီယန် ဗုဒ္စရုပ်ပွားတော်ကြီးဖျက်ဆီးခံရမှုကို သူတို့အလွန်စိတ်မကောင်းဖြစ်မိကြောင်း၊ အဘယ်ကြောင့်ဆိုသော်ဤရုပ်ပွားတော်ကြီးမှာအာဖဂန်နစ္စတန်၏သမိုင်းကြောင်းဖြစ်နေသောကြောင့်ဖြစ်သည် ဟုလည်းပြောကြားခဲ့ပါသည်။


ဂန်ဒါရာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို စတင် မတည်ထားခင်ကအထိ ဗုဒ္စ ဘာသာ ပေါ်ထွန်းစ ကာလများတွင် မည်သူမျှ ဗုဒ္ဓ ကို ရုပ်ထု၊ ရုပ်ပွားလုပ်၍ မကိုးကွယ်ခဲ့ကြပါ။ ကနဦးတွင် လူ့ပုံသဏ္ဍန်ကို ရှောင်ရှားပြီး အခြား သင်္ကေတများကိုသုံး၍ ကိုးကွယ်ပူဇော်ခဲ့ကြသည်။ လူတို့သည် ရှေးဦးစွာ ဗုဒ္ဓဘုရားရှင်၏ ခြေတော်ရာ (စက်တော်ရာ) ကို ပုံတူပြု၍ ကိုးကွယ်ခဲ့ကြသည်။
ခြေတော်ရာပုံထဲတွင် မဟာယာနဗုဒ္ဓဘာသာမှ အန္တရာယ်ကင်း အင်းကွက်များနှင့်ဆင် တူသော အင်းများကို ကို ထည့်သွင်းရေးဆွဲခဲ့ကြသည်။
ဗုဒ္စရုပ်ပွားတော်များ၏ ခြေတော်ရာတွင်သင်္ကေတများထည့်သွင်းရေးဆွဲကြသည်မှန်သော်လည်း အာဖဂန်နစ္စတန်မှ ဗုဒ္စရုပ်ပွားတော်များ၏ ခြေတော်ရာ သင်္ကေတများကိုကား ယခုထက်ထိ သုတေသီတို. အဓိပါယ်မဖော်နိုင်သေးပါဟု ခြေတော်ရာသမိုင်းကို ၂၅ နှစ်ကြာသုတေသနလုပ်ခဲ့သည့် ဒေါက်တာဝဲဓမ္မဆေလာကပြောပါသည်။ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးရေးခဲ့သော ဂေါသ ကျမ်း၌ လည်း ဗုဒ္ဓဘုရားရှင်သည် သူ၏ လက်ဝဲဘက်ခြေတော်ရာကို သမ္မန်နိုလာ(သီရိလကာင်္) အရပ် တွင်ချတော်မူပြီး၊ လက်ယာဘက်ခြေတော်ရာကို ယိုနာကာပူရ် (ဆော်ဒီအာရေဗျ ) နိုင်ငံ မက္ကာမာ
(မက္ကာ) တွင်ချတော်မူသည်ဟုအထူးအလေးထားဖော်ပြထားပါသည်။
ဤအချက်သည် မူဆလင်တို့ကကဘာ ဟုခေါ် သော မက္ကာရှိခြေရာတစ်ခုကိုရည်ညွှန်းပုံ ရသည်။ မူဆလင်၊ခရာဇ်ယာန်နှင့်ဂျူးဘာသာဝင်တို့ကအလေးအမြတ်ထားကြသော အဘရာဟမ် ဆိုသည့်ပုဂ္ဂိုလ်သည် ကျောက်နံရံပေါ်၌သူ၏ခြေရာကို တစ်ချိန်က ချထားခဲ့သည်ဆို၏၊ထိုခြေရာမချခင်ကပင်မူလခြေရာတစ်ခုသည်ရှိနှင့်နေပြီးဖြစ်ရာ အေဘရာဟမ်သည်ထိုမူလခြေရာကိုအာဒမ်၏ခြေရာဟုယူဆခဲ့ပြီး ကျောက်တုံးတစ်ခုနှင့်ဖုံးအုပ်ထားခဲ့ပြီး ခြေရာအမည်ကို ကဘာ ဟုအမည်ပေးခဲ့သည်ဟုဆို၏။
ကာလကြာသောအခါ ထိုနေရာကို အကြိမ်ကြိမ် ပြုပြင်မွမ်းမံပြင်င်ဆမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုနေရာကိုမြင့်မြတ်သောနေရာအဖြစ်သတ်မှတ်ပြီး မူဆလင်များသာ ၀တ်ပြုပူဇော်ရန်ဝင်ခွင့်ပြုသည်။ ဗုဒ္ဓဘာသာဝင်များကတော့ ထိုနေရာသို့ မြတ်စွာဘုရားခြေတော်ရာ ဖူးမျှော် ရန်ဘယ်တုန်းကမှ မသွားခဲ့ကြပါ။သို့သော် ရာစုနှစ်ပေါင်းများစွာ ကြာလွန်သည်အထိ ဂေါသကျမ်းမှာ အသုံး ပြုကိုးကားနေကြရဆဲဖြစ်သည်။ ဤဒဏ္ဍာရီဆန်လှသော ကျမ်းစာပါအကြောင်းများကိုတော့ မည်သူကမှားသည် မှန်သည် မဆန်းစစ်နိုင်ခဲ့ပါ။ သင်္ဂါယနာတင်ရာတွင် ထည့်သွင်းမဖော်ပြခဲ့သော်လည်း မဟာဝံသ ကျမ်းများအလိုအရ ဗုဒ္ဓဘုရားသခင်သည် သီရိလင်္ကာ (သီဟိုကျွန်း) သို့သုံးကြိမ်ခန့် ကြွရောက်ခဲ့သည်ဟုမှတ်တမ်း တင်ထားပါသည်။



ဤကိစ္စသည် အသေးစိတ်ဆက်လက် လေ့လာသုတေသနပြုသင့်သော ကွင်းဆက်တစ်ခုဖြစ်ပါသည်။ အာဖဂန်နစ္စတန်ကဲ့သို့ပင် ဗုဒ္ဓ သာသနာ စည်ပင် ထွန်းကားပြီးမှ ကွယ်ပျောက်သွားသော အခြားနေရာတစ်ခုမှာအိန္ဒယနိုင် ငံတောင်ပိုင်းဖြစ်ပါသည်။ ပါရဂူဘွဲ့အတွက်ကျမ်းပြုရန်ကွင်းဆင်းလေ့လာခဲ့သော
ဒေါက်တာ ဟီကိုဆာကီ ၏ အဆိုအရ အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် မဟာယာနနှင့်ထေရ၀ါဒရဟန်းတော်များသီတင်းသုံးခဲ့သည့်ဘုန်းတော်ကြီးကျောင်းပေါင်းများစွာကို တွေ့ခဲ့ရသည်ဟုပြောပါသည်။ ယခုအခါ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာတို့မှာ အိန္ဒိယမှာရော၊ သီရိလင်္ကာ မှာပါ ရောထွေးနေပေသည်။ဟိန္ဒူဘုရားကျောင်းတိုင်းတွင် ဗုဒ္စ ရုပ်ပွားတော်တွေ့ရမည်ဖြစ်ပြီး၊ ဗုဒ္ဓဘာသာ ဘုရားပုထိုးများမှာလည်းဟိန္ဒူ နတ်ရုပ်များ ရှိလေသည်။
ဗုဒ္စဘာသာ ကိုရန်သူသဖွယ် တိုက်ခိုက်နှင်ထုတ်ခဲ့သော အာဖဂန်နစ္စတန်နှင့်ယှဉ်၍ သုံးသပ်ကြည့်စေလိုပါသည်။ ဗုဒ္စဘာသာ သာသနာပြု မင်းကြီး ဖြစ်သော သီရိဓမ္မာသောကမင်းကြီး ၏ စကားကို ယူ၍သုံးရလျှင် “ အကြင်သူသည် မိမိကိုးကွယ်ရာဘာသာကိုသာချီးမြှင့်မြှောက်စားလျက် အခြားဘာသာများကို ကဲ့ရဲ့မရှုတ်ချထိုက်၊ အခြားဘာသာအယူဝါဒများကိုလည်း သူတို့ကိုယ်းကွယ် ယုံကြည်မှုနှင့်အညီ လေးစား အသိအမှတ်ပြုရမည်။ ဤသို့ပြုခြင်းဖြင့်ဘာသာအယူဝါဒများ အပြန်အလှန်ကူးလူးဆက်ဆံနိုင်ရမည်။ မိမိအယူဝါဒနှင့်မတူသူများကို ပြစ်တင်ရှုတ်ချခြင်း
မလုပ်ရ။ မိမိဘာသာ အယူဝါဒကိုသာချီးမြှောက်လျက် အခြားတစ်ပါးသော ဘာသာအယူဝါဒ ကို ပိတ်ပင် နှိပ်စက်ခြင်းကား အကျိုးမရှိယုံမျှမက ကိုယ့် အယူဝါဒကိုပင် နိမ့်ကျပျက်ဆီးစေ၍ရှောင်ကြဉ်ရ ပေမည်။

အာရီယံ မောင်
ပြန်လည်မျဝေသည်
Siurce: Wikipedia, Buddha Image in Afghanistan


Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO