Image

Friday 22 January 2016

ကမ္ဘာ့ ဈေးအကြီးဆုံး ဆိုင်ကယ် ၁၀ စင်း


ကျွန်တော်တို့ယောက်ျားတွေဟာ ဆိုင်ကယ်တွေကို ခရေဇီ ဖြစ်တတ်ကြပါတယ်။ ကမ္ဘာ့အကောင်းဆုံး ဇိမ်ခံပစ္စည်း ကုမ္ပဏီတွေက ဆိုင်ကယ်တွေ ထုတ်ခဲ့ဖူးပါတယ်။ အဲဒိဆိုင်ကယ်တွေကိုသာ စီးနင်းရရင် အဲဒါတွေကို သင့်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ လူတွေ မှတ်မိကြမှာပါ။ ဒီဆိုင်ကယ်တွေဟာ သူတို့ရဲ့ ဒီဇိုင်း၊ အမြန်နှုန်းနဲ့ တည်ဆောက်ပုံအတွက် ဈေးကြီးကြပါတယ်။ အဖိုးထိုက်တန်တဲ့ ပုံစံပေါက်စေဖို့နဲ့ မောင်းတဲ့သူ စိတ်တိုင်းကျစေဖို့ လုံးဝ အလန်းပုံစံထုတ်ထားကြတာပါ။ သာမန်လူတွေအတွက် မဟုတ်တဲ့ဒီဆိုင်ကယ်တွေကို မီလျံနာ ဘီလျံနာတွေပဲ ဝယ်ယူစီးနင်းနိုင်ကြတာပါ။ ကမ္ဘာ့ဈေးအကြီးဆုံး ဆိုင်ကယ် ၁၀ မျိုးကတော့


၁. $ 1 million Harley Davidson ( $ 1 million )

သင်က ဘီလျံနာတစ်ယောက်ဖြစ်ပြီး ဆိုင်ကယ်စီးတာက သင့်ဝါသနာဆိုရင်တော့ ဒီဆိုင်ကယ်က သင့်အတွက်ပါပဲ။ Jack Armstrong ကိုယ်တိုင် ဒီ ဈေးအကြီးဆုံး Harley ဆိုင်ကယ်ကို ဒီဇိုင်းထုတ်ခဲ့တာပါ။ ဆလင်ဒါခြောက်လုံး အင်ဂျင်က အရမ်းမြန်တဲ့ မြန်နှုန်းကို ပေးစွမ်းမှာ ဖြစ်ပြီး ဒီဇိုင်းကလဲ အရမ်းလန်းကာ သူများနဲ့မတူ တစ်မူထူးခြားတဲ့ ဘော်ဒီအရောင်လဲ ရှိပါတယ်။သင် ဒါကြီးကို စီးသွားရင်တော့ လမ်းတစ်လျှောက်က လူတွေအားလုံး သင့်ကို စွဲနေအောင် မှတ်မိနေကြမှာပါ။


၂. Ultra Rare Porcupine ( $ 750,000 )

နာမည်နဲ့ လိုက်အောင် ရှားလို့ အရမ်းဈေးမြောက်နေရတာပါ။ ဒီဆိုင်ကယ်ကို ဒုတိယ ကမ္ဘာစစ်မှာ ထုတ်လုပ်ခဲ့တာပါ။ အစကတော့ National Motorcycle Museum မှာ ပြထားပေမယ့် ခုတော့ ပြတိုက်က ချရောင်းနေပါပြီ။ ပိုက်ဆံအများကြီးရှိတဲ့ သမိုင်းကြောင်းလေ့လာသူတွေအတွက် အဆင်ပြေဆုံးပါပဲ။


၃. Gold Plated Custom Chopper ( $ 500,000 )

ဒီဆိုင်ကယ်ဟာ လှလွန်းလို့ လမ်းပေါ်ထုတ်စီးချင်မှာတောင် မဟုတ်ပါဘူး။ သတ္ထုကိုယ်ထည် တစ်ခုလုံးကို ရွှေရည်စိမ်ပြီး ထုတ်ထားတာပါ။ ဒီဆိုင်ကယ်က အကြမ်းမောင်းဖို့ထက် အိမ်မှာ ရှိုးပြထားဖို့ကို ဦးစားပေးထားတာပါ။


၎. The Legendary British classic Black ( $ 400,000 )

ဒီဆိုင်ကယ်က ကမ္ဘာပေါ်မှာ အတူမရှိတဲ့ တစ်စင်းထဲသော ရှေးဟောင်းဆိုင်ကယ်ပါ။ ဆလင်ဒါ ၂ လုံးတပ်ထားပြီး ၂၅၀ cc စွမ်းအားကို ထုတ်ပေးပါတယ်။ UK ထုတ် ဆိုင်ကယ်တစ်စင်းဖြစ်ပြီး အမြန်ဆုံး မဟုတ်ပေမယ့် လမ်းပေါ်မှာ လူတိုင်း လှည့်ငေးကြည့်ရလောက်အောင်တော့ စွမ်းဆောင်နိုင်ပါတယ်။



၅. Eccose FE Ti XX ( $ 300,000 )

ဒီဆိုင်ကယ်ရဲ့ အလှကတော့ သင်ပေးရတာ တန်စေမှာပါ။ သူ့ရဲ့ အလူမီနီယမ် အင်ဂျင်က မြင်းကောင်ရေ ၂၂၅ ကောင်အား ထုတ်ပေးပါတယ်။ Eccose အင်ဂျင်တွေက Ti Series တွေမှာ ရှယ် မွမ်းမံထားပါတယ်။ ဒီဆိုင်ကယ်ဟာ အမြန်ဆုံးတွေထဲက တစ်ခုဖြစ်ပြီး တစ်နာရီ မိုင် ၂၅၀နှုန်းထိ ရောက်နိုင်ပါတယ်။


၆. Hub less Harley Davidson ( $ 155,000 )

ဒီဆိုင်ကယ်ကတော့ ပုံမှန် Harley ပုံစံကို အခြေခံပြီး Howard murderer က ဒီဇိုင်းထပ်တင်ခဲ့တာပါ။ ဒီ ဆိုင်ကယ်အရဲ့ ရုပ်ထွက်က တခြား ဘယ်ဟာနဲ့မှ မတူပါဘူး။ Harley Davidson ဆိုင်ကယ်တွေကတော့ သူတို့ရုပ်ထွက်အတွက် ကျော်ကြားမြဲပါ။



၇. Hildebrand Wolfmüller ( $ 150,000 )

ကမ္ဘာ့ပထမဆုံး စီးပွားဖြစ် ထုတ်လုပ်ခဲ့တဲ့ ဆိုင်ကယ်ပါ။ ခုလောလောဆယ်တော့ ပုဂ္ဂလိကပိုင် ဖြစ်နေပါသေးတယ်။ ဒီဆိုင်ကယ်ဟာ အရမ်းရှားပါးပြီး two cylinder four stroke အင်ဂျင် တပ်ဆင်ထားပါတယ်။



၈. Harley Davidson Rocker ( $ 130,000 )

နာမည်ကြီး ဂျာမန် ကုမ္ပဏီ House of Thunder ကို မှီငြမ်းပြုထားတာပါ။ ဆိုင်ကယ်ရဲ့ တစ်စိတ်တစ်ပိုင်းစီဟာ အိပ်မက်ဆန်နေပါတယ်။ အရှေ့အနောက် ဘီးတွေကို ၃၇ ဒီဂရီ စောင်းထားတဲ့ဒီဇိုင်းဟာ အရမ်းလန်းနေပါတယ်။ ရုပ်ထွက်ကတော့ သင် ပါးစပ် ဟသွားမှာပါ။


၉. Coventry Eagle ( $ 120,000 )

Royal Eagle Co ကထုတ်တဲ့ ရှေးကျတဲ့ဆိုင်ကယ် တစ်မျိုးပါ။ နှစ်တစ်ရာပြည့်ဖို့ နည်းနည်းပဲ လိုပေမယ့် လမ်းပေါ်မှာတော့ အရှိန်အဝါ ရှိနေဆဲပါ။ ဂန္တဝင်ကျတဲ့ဆိုင်ကယ် စီးချင်သူတွေနဲ့ ရှေးဟောင်းပစ္စည်းကြိုက်သူတွေအတွက် အထူးသင့်လျော်ပါတယ်။


၁၀. Neiman Marcus Limited Edition Fighter ( $ 110,000 )

Confederate Motor Company က ဒီဆိုင်ကယ်ကို ဒီဇိုင်းထုတ်ထားတာပါ။ ဆိုင်ကယ်ကို အများထဲက ကွဲထွက်နေတဲ့ ပုံစံ ပေါက်စေဖို့ စတီးကို သုံးထားပါတယ်။ ရုပ်ထွက်လှပြီး လမ်းပေါ်မှာလဲ စိတ်လှုပ်ရှားမှု ပေးစွမ်းနိုင်လို့ အသည်းငယ်သူတွေအတွက် မဟုတ်ပါဘူး။

Credit: :အင်တာနက်သတင်းများ


Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO