Image

Friday 22 January 2016

Duck Stew

Duck Stew - ဘဲပေါင်း ပြု လုပ်နည်း

ပါဝင်ပစ္စည်းများ.
ဘဲတစ်ကောင် - ၁ ကီလို
ဂျင်း - လက်နှစ်ဆစ်ခန့်
ကြက်သွန်နီဥကြီး - ၁ လုံး
ကြက်သွန်ဖြူ - ၅ မွှာ
ကြက်သွန်မြိတ် - (အနည်းငယ်)
သစ်ဂျပိုးခေါက် - ၁ ခု
နာနတ်ပွင့် - ၂ ခု
ဆန်အရက် - ၂ ဇွန်း(စားပွဲတင်ဇွန်း)
ငံပြာရည် - ၂ ဇွန်း(စားပွဲတင်ဇွန်း)
ပဲငံပြာရည်အပျစ် - ၁ ဇွန်း (စားပွဲတင်ဇွန်း)
ခရုဆီ - ၁ ဇွန်း (စားပွဲတင်ဇွန်း)
သကြား - ၁ ဇွန်း (စားပွဲတင်ဇွန်း)
ဆီ - ၁ ဇွန်း (စားပွဲတင်ဇွန်း)
ရေ - ၇၅၀ မီလီလီတာ.. ....တို့ပဲဖြစ်ပါတယ်။

ပထမဆုံးဘဲတစ်ကောင်လုံး၏အတွင်းအပြင်ကိုဆားဖြင့်နာနာပွတ်ပြီးရေဖြင့်သန့်စင်အောင်ဆေးပါဘဲကိုအတုံးခပ်ကြီးကြီးခုတ်ပြီးဇကာထဲထည့်၍ရေစစ်ထားပါ  ။

ဒယ်အိုးထဲသို့ဆီစားပွဲတင်ဇွန်းတစ်ဇွန်းထည့်ပြီးပါဝင်ပစ္စည်းများဖြစ်ကြသည့်
(ဂျင်း+ကြက်သွန်နီ + ကြက်သွန်ဖြူ + ကြက်သွန်မြိတ် + သစ်ဂျပိုးခေါက် +နာနတ်ပွင့်)တို့ကိုအဆင်ပြေသလိုလှီးထည့်ပြီးအနံ့မွှေးလာအောင်ဆီသတ်ပေးပါဆီအနည်းငယ်မျှသာထည့်ရန်လိုပါသည်။

ဘဲသားမှအဆီများအလိုလိုထွက်လာပါလိမ့်မည်ထို့နောက်အသင့်ခုတ်ထားသည့်ဘဲသားများပါထည့်ပြီးရောမွှေပေးပါဘဲသားကိုဆီဖြင့်အနည်းငယ်လှိမ့်ပြီးအနံ့မွှေးလာပါကမီးပိတ်ချပြီး( PressureCooker)ပေါင်းအိုးထဲသို့လောင်းထည့်လိုက်ပါ။

ဇလုံတစ်လုံးထဲတွင်ရေ(၇၅၀)မီလီလီတာထည့်ပြီး...ပါဝင်ပစ္စည်းများဖြစ်ကြသည့်(ဆန်အရက်+ ငံပြာရည် + ပဲငံပြာရည်အပျစ် + ခရု+သကြား...)တို့ကို ပါဝင်အချိုးအစားအတိုင်းထည့်မွှေပြီးဘဲသားထည့်ထားသည့်ပေါင်းအိုးထဲသို့လောင်းထည့်၍ အဖုံးပိတ်ကာ ၄၅မိနစ်ကြာအောင်ပေါင်းပေးပါ( Pressure Cookerပေါင်းအိုးမရှိပါကထမင်းပေါင်းအိုးဖြင့်ပေါင်းပါ) ။

ဘဲသားများနူးအိလာပါကအရသာရှိစွာအသင့်စားသုံးနိုင်ပါသည်အနံ,အရသာဖြင့်ပြည့်ဝသော ဘဲပေါင်းနည်း(Duck Stew)ဖြစ်ပါသည်။

  


Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO