Image

Wednesday 20 January 2016

သင်မသိသေးတဲ့ Mark Zuckerberg ရဲ့အကြောင်း

ဘုရားမဲ့ဝါဒီ သမားတယောက်ဖြစ်ပြီး သတ်သတ်လွတ်စားတဲ့
facebook founder Mark Zuckerberg

၁။ Mark Zuckerberg ရဲ့ full name ဟာ Mark Elliot Zuckerberg ဖြစ်ပြီး
May 14, 1984 ခုနှစ်မှာ White Plains, New York မှာမွေးဖွားပါတယ်။ ဘူလဂေးရီးယား သွေးတ၀က်ပါပြီး ပညာတတ်မိသားစုကနေ ဆင်းသက်လာပါတယ်။

၂။ Zuckerberg ရဲ့ အဖေဟာ သွားဆရာဝန်ဖြစ်ပြီး အမေကတော့ စိတ်ရောဂါ အထူးကူဆရာဝန်ဖြစ်ပါတယ်။ တဦးတည်းသော သားယောက်ျားလေးဖြစ်ပြီး အစ်မ ၃ ယောက်လည်းရှိပါတယ်။

၃။ Zuckerberg ဟာ အိမ်တွင်း မိသားစု အသုံးပြုဖို့အတွက် Zucknet လို့ခေါ်တဲ့ messaging system ကို ဖန်တီး ခဲ့ပါသေးတယ်။ အဲ့တာကိုအသုံးပြုပြီး သူ့အဖေဟာ အိမ်အတွင်းမှာ ရှိတဲ့လူတွေကို instant message ပို့လို့ရခဲ့ပါတယ်။ Zucknet ဟာ AOL messaging service ရဲ့ early version လို့လည်းပြောကြပါတယ်။

၎။ high school ကျောင်းသားဘ၀ မှာကတည်းက AOL နဲ့ Microsoft ကနေပြီး သူဖန်တီးခဲ့တဲ့ music program တခုကို သဘောကျပြီး သူတို့ဆီမှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမယ့် ငြင်းပယ်ခဲ့ပါတယ်။

၅။ Harvard ကျောင်သားဘ၀မှာကတည်းက French, Hebrew, Latin, and ancient Greek ဘာသာစကားများကို ရေးနိုင်ဖတ်နိုင်ပါတယ်။

၆။ ၂၀၀၄ ခုနှစ် ဖေဖေါ်ဝါရီ ၄ ရက်မှာ Harvard တက္ကသိုလ် ကျောင်းသူ ကျောင်းသား များအတွက်ရည်ရွယ်ပြီး facebook.com ကို စတင်တည်ထောင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်ရောက်မှ လူတိုင်းအတွက် ဖွင့်ပေးခဲ့တာပါ။

၇။ တည်ထောင်သူတွေ စုစုပေါင်း ၄ ယောက်ရှိပြီး Eduardo Saverin, Dustin Moskovitz, and Chris Hughes ဆိုတဲ့ အတန်းဖော်သူငယ်ချင်းများ ဖြစ်ပါတယ်။ Saverin facebook.com စတည်ထောင် ဖို့အတွက် ဒေါ်လာ ၁၀၀၀ အရင်ဆုံး offer လုပ်သူလည်းဖြစ်ပါတယ်။ Saverin ကတော့ ဘရာဇီး လူချမ်းသာ မိသားစုကလာတာဖြစ်ပြီး လောလောဆယ် စင်္ကာပူ မှာနေပါတယ်။

၈။ Zuckerberg ဟာ ၂၀၀၈ ခုနှစ်မှာ ကမ္ဘာ့ အသက်အငယ်ဆုံး ဘီလျံနာဖြစ်ခဲ့ပါတယ်။

၉။ Zuckerberg မှာ ကိုယ်ပိုင် TV မရှိပါဘူး။ world cup ဘောပွဲတွေကြည့်ဖို့ ဘယ် website က stream ရလဲ လိုက်မေးနေလို့ပါ။ သူတင်မဟုတ်ပါဘူး ကိုယ်ပိုင် TV မရှိတဲ့ celebrity တွေထဲမှာ Madonna နဲ့ Angelina Jolie တို့လည်း ပါပါတယ်။ မယုံချင်စရာ။ ပုံပြင်လို့မှတ်။

၁၀။ Zuckerberg ပထမဆုံး စီးခဲ့တဲ့ကာက Subaru Forester SUV ဖြစ်ပြီး လက်ရှိစီိးနေတဲ့ကားက black Acura TSX ဖြစ်ပါတယ်။ ဘာလို့ ဒီကားကို စီးလဲ့ဆိုတော့ သက်သောင့်သက်သာရှိတယ် safe ဖြစ်တယ် ကြွားကြွားဝါ၀ါကြီးလည်း မဟုတ်လို့လို့ ပြောပါတယ်။

၁၁။ Zuckerberg ဟာ red-green color blind ဖြစ်ပြီး အကောင်းဆုံး အပြတ်သားဆုံးမြင်ရတဲ့ color ဟာ အပြာရောင်ဖြစ်ပါတယ်။ ဒါကြောင့် facebook.com ဟာလည်း အပြာရောင်ဖြစ်နေတာပါ။

၁၂။ Zuckerberg ဟာ ထာဝရဘုရား မရှိဘူး ဆိုတဲ့ဝါဒီ (ဘုရားမဲ့ဝါဒီ) သမားတယောက်ဖြစ်ပါတယ်။

၁၃။ Zuckerberg ဟာ ၂၀၁၁ ခုနှစ်က စပြီး သက်သက်လွတ် စတင်စားတာပါ။ တိရစ္ဆာန် ၁ ကောင်ကို သူကိုယ်တိုင် သတ်ဖြစ်ဖြစ်ရင်တော့ အသားစားပါမယ်တဲ့။

၁၄။ Zuckerberg ဟာ own program trick လေးတွေလည်း လုပ်တတ်သူ တယောက်ပါ။ comment box မှာ @ symbol [4:0] ကို ရိုက်ပြီး enter ခေါက်လိုက်ရင် သူ့အမည်ပေါ်လာပါတယ်။ တကယ်ရိုက်မယ်ဆိုရင် symbol ကို ဖြုတ်ပြီး @ သင်္ကေတ နဲ့ [4:0] ကို တွဲ ရိုက်ပေးပါ။ ဆက်ရိုက်ပါ။ မယုံရင် စမ်းကြည့်။ (စမ်းပြီးပြီ ပေါ်တယ်)

၁၅။ Zuckerberg ဟာ facebook user တွေ သူ့ကို block လို့မရအောင် လုပ်ထားပါသေးတယ်။ မယုံရင် ဒီကိုသွားပြီး စမ်းကြည့်ပါ။ http://www.facebook.com/zuck
ကျုပ်တော့ မစမ်းရသေး။

၁၆။ Zuckerberg ဟာ facebook.com ရဲ့ အစောပိုင်း ကာလတွေမှာ သူ့ရဲ့ name card ကို I am CEO, Bitch လို့ ခပ်နောက်နောက် ရေးခဲ့သူတယောက်ပါ။

၁၇။ Zuckerberg ဟာ ၂၀၀၃ ခုနှစ်မှာ တရုတ် ဗီယက်နမ် ဒုက္ခသည်(refugees) တယောက်ရဲ့ သမီး Priscilla Chan ကို စတင် Date ခဲ့ပါတယ်။

၁၈။ Priscilla Chan ဟာ facebook ရဲ့ အစောဆုံး join တဲ့ သူတွေထဲက တယောက်ဖြစ်ပါတယ်။ သူမ join တဲ့ date က တည်ထောင် ပြီးနောက်တရက် ဖေဖေါ်ဝါရီ ၅ ရက် ၂၀၀၄ ဖြစ်ပါတယ်။ ပြီးတော့ သူမဟာ University of California, San Francisco ရဲ့ ဆေးကျောင်းသူလေး တယောက်ဖြစ်ပါတယ်။

၁၉။ Zuckerberg နဲ့ သူ့ချစ်သူ (ခုအိမ်ထောင်ဖက်)စတွေ့တဲ့အနေအထားက Zuckerberg ကြီးမှုးတဲ့ ပါတီပွဲမှာ ရေချိုးခန်း အိမ်သာ အသုံးပြုဖို့ စောင့်နေကြရင်း တွေ့ကြတယ်လို့ ဆိုပါတယ်။

၂၀။ Zuckerberg ဟာ ၂၀၁၀ ခုနှစ်မှာ သူချစ်သူကို သူငှါးနေတဲ့ Palo Alto အိမ်မှာ ခေါ်ပြီး living together စနေကြပါသတဲ့။

၂၁။ Zuckerberg ဟာ သူတို့ မင်္ဂလာလက်စွပ်ကို သူကိုယ်တိုင် ဒီဇိုင်းဖော်ခဲ့တာပါ။ အဲ့ဒီအချိန်မှာ ၁၉ ဘီလီယံလောက် ချမ်းသာနေပေမယ့်လည်း လက်စွပ်တန်ဖိုးက ဒေါ်လာ ၂၅၀၀၀ ပဲကျသင့်ပါသတဲ့။

၂၂။ May 19, 2012 မှာ လပ်ထပ်ခဲ့ကြပြီး လက်ထပ်ပွဲကို သူတို့နေတဲ့ အိမ်ရဲ့ backyard မှာကျင်းပခဲ့ပြီး အကျွေးအမွေးအဖြစ် ဆူရှိနဲ့ Mexican food တွေကျွေးခဲ့ပါတယ်။အလွန်ဆုံးကုန်လှ တယောက် အတွက် US $ 7.50 ပဲတဲ့။ စင်္ကာပူမှာ ဆောင်ကြတာ ဒေါ်လာ ၈၀ နဲ့ ၁၀၀ ကြားကုန်ကြတယ်။ လူ ၁၀၀ ပဲ ဖိတ်ကြားခဲ့တယ်။

၂၃။ Zuckerberg ရဲ့ ကြိုက်မိတဲ့ musician တွေထဲမှာ Daft Punk and Lady Gaga တို့လည်း ပါဝင်ပါတယ်။

၂၄။ Zuckerberg ဟာ Gray color T-shirt ကို အမြဲဝတ်တတ်ပါတယ်။ သူ့မှာ အလုပ်များလွန်းတော့ T-shirt ၀တ်ခြင်းက အချိန်ကုန် သက်သာလို့လို့ ဆိုပါတယ်။

၂၅။ Zuckerberg မှာ ဟန်ဂေရီယန် sheepdog ခွေး တကောင်ရှိပြီး facebook fan 1.5 millions ရှိတယ်။

၂၆။ 2011 July မှာ google founder larry page ကိုကျော်လွန်ပြီး google plus မှာ follower တွေအများဆုံးရတဲ့သူတယောက်လဲ ဖြစ်ခဲ့ပါတယ်။

၂၇။ ပြိုင်ဘက် social networking site တခုဖြစ်တဲ့ Twitter မှာ @finkd ဆိုတဲ့ account ဖြင့် follower 150,000 ရှိနေပေမယ့်လည်း ၃ နှစ်ခွဲအတွင်း message ၁၉ ခုပဲရေးခဲ့သူပါ။

Credit : :Internet news

Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO