Image

Thursday 21 January 2016

SmartPhone ကို သင့် အတွက် အထောက်အကူ ဖြစ်အောင် ဘယ်လို အသုံးပြု မလဲ။

SmartPhone  ကို သင့် အတွက် အထောက်အကူ ဖြစ်အောင် ဘယ်လို အသုံးပြု မလဲw

Mobile သည် ကျွန်တော်တို့အတွက်  အဓိက အချက် ၅ ချက်မှ ပါဝင်နေပါသည်။ Mobile ပစ္စည်း ဟု ပြောလိုက်ပါက ကျွန်တော်တို့ အားလုံးနှင့် အကျွမ်းတဝင် ဖြစ်နေသည့် " Smart Phones " ကိုသာ မြင်မိကြပါသည်။ ဘာကြောင့်လည်း ဆိုတော့ " Smart Phones " မှာ ကျွန်တော် တို့၏ နေထိုင်မှု စရိုက် နှင့် ဖျော်ဖြေမှု ပေးနိုင်သည့် အတွက်ကြောင့်ဖြစ်ပါသည်။ ကျွန်တော်တို့ လိုအပ်သည့် အချက်အလက်များ နှင့် သတင်းများ ကို လည်း အမြန်ဆုံး ရှာဖွေနိုင်ကြပါသည်။

ဒီအကြောင်းအရာတွေကြောင့် လူအများစုသည် စီးပွားရေးလုပ်ငန်းလုပ်ရန် Smart Phone များကို ရွေးချယ်ခဲ့ ပြီး Customer များနှင့် ဆက်သွယ်ရန် အဓိက လုပ်ဆောင်ကြပါသည်။ ဒါမှ မဟုတ် ကုန်ပစ္စည်းများကို ဓာတ်ပုံရိုက်ပြီး website၊ Facebook ၊ Instagram တို့တွင်ပြန်ပြီး Upload တင်ရန်လည်း အသုံးပြုလေ့ရှိပါသည်။

၅ လက်မ လောက်သာ ရှိသော ပစ္စည်းသည် ကျွန်တော် တို့၏ ကိုယ်ရေးကိုယ်တာ အသုံးပြုသည့် အထောက်အကူ ပစ္စည်းဖြစ်လာမည်ဟု ကျွန်တော် တို့ မထင်ခဲ့မိပါ။ ကျွန်တော်တို့ အတွက် မည်ကဲ့သို့ အထောက်အကူပြုသည် ကို ReadyPlanet မှ ရှင်းပြပေးပါမည်။

၁.  စီးပွားရေးလုပ်ငန်း အထောက်အကူရနိုင်

ရုံးတွင်း အစည်းအဝေး ပြုလုပ်နိုင်ရန် အရည်အသွေးကောင်းမွန်ပြီး အသုံးပြုသူ လူများသည့် Application များဖြစ်သော Skype or Google Talk တို့ကို သင့် Smart Phone တွင် Download ရယူလိုက်ပါ။ သင့် အနေဖြင့် ကမ္ဘာပေါ်ရှိ လူများနှင့် ကုန်ကျစရိတ် အများကြီးမကုန်ပဲ  အပြန်အလှန်ဆွေးနွေးနိုင်ပါသည်။

၂. အချက်အလက်များ သိမ်းဆည်းနိုင်

Google Drive ကို download ပြုလုပ်ပြီး သင့်၏ စာရွက်စာတမ်းများ နှင့် အချက်အလက်များကို သိမ်းဆည်းနိုင်ပါသည်။ လိုအပ်သည့် အရာအားလုံးကို  Smart Phone တစ်ခု ဖြင့် လုပ်ဆောင် နိုင်ပါသည်။ သင့်အနေဖြင့် မည်သည့်နေရာ မှ မဆို သင့် အချက်များသိမ်းထားသည့် File ကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ နောက်ပြီး သင့်အနေဖြင့် လုပ်ဖော်ကိုင်ဖက်များ ထံသို့လည်း အချက်အလက်များ Share လုပ်နိုင်ပြီး သင်နှင့် အတူတူပြန်ပြီး အချက်အလက်ကို ပြင်ဆင် နိုင်ပါသည်။

၃. အချိန်ဇယား ရေးဆွဲရာတွင် အကူအညီရနိုင်

သင့်အနေဖြင့် တစ်နေ့တာ အချိန်အတွင်း များစွာသော တွေ့ဆုံမှု များကို ချိန်းဆိုထားမိမှာပါ။ တစ်ခါတစ်လေ အချို့ အရေးကြီးသည့် ချိန်းဆိုမှုကို မေ့လျော့သွားနိုင်ပါသည်။ အဆိုပါမေ့လျော့မှုသည် သင့် စီးပွားရေး လုပ်ငန်းကို ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် သင့် smart phone တွင် google Calendar ဆိုသည့် Application ကို Download ရယူလိုက်ပါ။ ထို application သည် သင့် ၏ တစ်နေ့တာ အတွင်း ရှိသည့် တွေ့ဆုံမှု များကို အသိပေးနိုင်ပါသည်။ ထို့အပြင် ကျောင်းသား ကျောင်းသူများ အတွက် လည်း အရေးပါသည့် Application တစ်ခု ဖြစ်ပါသည်။

၎. သင်၏ အမျိုးမျိုးသော ကိစ္စများ အတွက် အမြန်ဆုံး မှတ်သားပေးနိုင်

သင် ကားမောင်းနေရင်း ( သို့မဟုတ် ) ခြံနောက်တွင် ထိုင်နေရင်းဖြင့် သင့် အစည်းအဝေးအတွက် ခေါင်းစဉ် ( သို့မဟုတ် ) အကြံဥာဏ်ကို စဉ်းစားမိချိန်တွင် သင့်မှာ မှတ်သားစရာ စာအုပ် မပါ ၊ ကွန်ပျူတာ ဖွင့်ရန်လိုအပ်သည့် အခါ Smart phone မှ Google Keep ဆိုသည့် Application က သင့်ကို အထောက်အကူ ဖြစ်စေမှာပါ။ အဆို ပါ  Google Keep သည်  Google မှာ ထုတ်လုပ်သည့်အတွက် ကျန်သည့် Application များဖြစ်သည့် Google Calendar, Google Drive များဖြင့်လည်း ချိတ်ဆက် အသုံးပြုနိုင်ပါသည်။

အဆိုပါ Application များဖြင့် အကျွမ်းတဝင် ဖြစ်ပြီဆိုပါက Smart Phone သည် သင်၏ ကိုယ်ရေးကိုယ်တာ အထောက်အကူ ပစ္စည်း ဖြစ်လာပါမည်။ ထို့အပြင် သင်၏ ပိုက်ဆံ ၊ အချိန် ၊ အလုပ် တို့ကို သက်သာစေနိုင်ပါသည်။

Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO