Image

Monday 29 February 2016

အိုင်ဖုန်းနှင့် သက်ဆိုင်သည့် အသုံးများသော ဝေါဟာရများ

အိုင်ဖုန်းနှင့် သက်ဆိုင်သည့် အသုံးများသော ဝေါဟာရများ

Activation

အိုင်ဖုန်းကို ၀ယ်ယူပြီးနောက် ကွန်ပျူတာနှင့် ချိတ်ဆက်ကာ Apple ၏ မီဒီယာဆော့ဝဲလ် တစ်ခု ဖြစ်သည့် iTunes နှင့် ဖွင့်ပြီး Activation လုပ်ပြီးမှသာလျှင် အိုင်ဖုန်းကို စတင် သုံးစွဲနိုင်သည်။
ယေဘုယျအားဖြင့် ထိုသို့ ပြုလုပ်နိုင်ရန် AT & T သို့ Apple နှင့် သဘောတူညီမှုရယူထားသည့် ဆက်သွယ်ရေးကုမ္ပဏီနှင့် ကန်ထရိုက်ရှိရန်လိုအပ်သည်။
ကန်ထရိုက်မရှိသူများ အနေဖြင့် အိုင်ဖုန်းကို အလိုလို activate လုပ်ပေးနိုင်သည့် ဆော့ဝဲလ်များ (ဥပမာ-ZiPhone, iPlus, iLiberty Plus) ဖြင့် ပြုလုပ်ရန်လိုသည်။

Unlock

အိုင်ဖုန်းကို သုံးစွဲရာတွင် AT & T သို့ Apple နှင့် သဘောတူညီမှုရယူထားသည့် ဆက်သွယ်ရေးကုမ္ပဏီမှ ထုတ်ပေးသည့် SIM ကတ်များဖြင့်သာ အသုံးပြုနိုင်ရန် အထူးစီမံပြုလုပ်ထားသည်။
ထိုသို့ ပြုလုပ်ထားခြင်းကို ကျော်ဖြတ်ပြီး မည်သည့် ဆက်သွယ်ရေးကုမ္ပဏီမှ ထုတ်ပေးသည့် SIM ကတ်ဖြင့် မဆို ဆက်သွယ်ပြောဆိုနိုင်အောင် ပြုလုပ်ခြင်းကို Unlock လုပ်ခြင်းဟု ခေါ်သည်။

Jailbreak

အိုင်ဖုန်းတစ်လုံးတွင် စ၀ယ်ကတည်းက built-in ထည့်ပေးထားသော Google Map, Stock, Weather, You Tube, iTunes အစရှိသည့် ဆော့ဝဲလ်များ ပါဝင်သော်လည်း အခြားသော 3rd party vendor များမှ ရေးသား ထားသည့် native application များကို (ယခု စာရေးနေစဉ် အချိန်အထိ)ထည့်သွင်းခွင့် မပေးထားပါ။
ထိုသို့ ထည့်သွင်းနိုင်အောင် ပြုလုပ်ခြင်းကို jailbreak လုပ်ခြင်းဟု ခေါ်သည်။

3rd Party iPhone application

Apple မဟုတ်သည့် အခြားသော ဆော့ဝဲလ်ကုမ္ပဏီများမှ ရေးသားသည့် ဆော့ဝဲလ်များ၊ ဂိမ်းများကို ခေါ်ဆိုခြင်းဖြစ်သည်။
ဥပမာ - Nitendo Emulator (အိုင်ဖုန်းကို Nitendo Game သဖွယ် ဖြစ်အောင် ပြောင်းလဲပေးနိုင်သည့် ဆော့ဝဲလ်)၊ Chess (သို့) Sudoku အစရှိသည့် ဂိမ်းများ

iPhone Web Application

Apple မဟုတ်သည့် အခြားသော ဆော့ဝဲလ်ကုမ္ပဏီများမှ ရေးသားသည့် အင်တာနက်နှင့်ချိတ်တ်ဆက် အသုံးပြုရသော ဆော့ဝဲလ်များ၊ ဂိမ်းများကို ခေါ်ဆိုခြင်းဖြစ်သည်။

Baseband

အိုင်ဖုန်းတစ်လုံးတွင် ပါဝင်သည့် စက်ပစ္စည်းများနှင့် အိုင်ဖုန်း အသုံးပြုသည့်စနစ်တို့ အပြန်အလှန် ဆက်သွယ်နိုင်အောင် ကူညီပေးသော ပရိုဂရမ်တစ်ခု ဖြစ်သည်။
အိုင်ဖုန်းမှတဆင့် အသံ (သို့) အချက်အလက်များကို ဖုန်းတာဝါများသို့ ဆက်သွယ်ရန်လိုအပ်သည့် အခါတိုင်း baseband က အထောက်အကူ ပေးသည်။
ထို့အပြင် လက်ရှိ အသုံးပြုနေသော Sim Card သည် အသုံးပြုနိုင်ခြင်းရှိမရှိ၊ ဖုန်းအချိတ်အဆက်မိ မမိ စသည်တို့ကို စစ်ဆေးပေးသည်။
အိုင်ဖုန်းကို unlock လုပ်ခြင်းသည် baseband ကို မည်သည့် ဖုန်းဆက်သွယ်ရေးကုမ္ပဏီမှ ထုတ်သည့် Sim Card နှင့် မဆို အသုံးပြုနိုင်စေရန် ပြင်ဆင်ပေးလိုက်ခြင်း ဖြစ်သည်။
နောက်ဆုံး ထုတ်ဝေထားသည့် baseband version သည် 04.04.05_G ဖြစ်ပြီး Firmware version 1.1.4 အတွက် ဖြစ်သည်။

Firmware

Firmware ဆိုသည်မှာ ကွန်ပျူတာရှိ Windows စနစ်နှင့် အလားသဏ္ဍာန်တူသည်။
ကွန်ပျူတာတွင် Windows XP သုံးနေရာမှ Windows Vista ထွက်လာသည့်အခါတွင် ပြောင်းလဲ အသုံးပြုနိုင်သကဲ့သို့ ပိုမို ကောင်းမွန်ပြည့်စုံသည့် Firmware အသစ်ထွက်ပါက iTunes မှ တဆင့် အဆင့်မြှင့်ခြင်း ပြုလုပ်နိုင်သည်။
ယခု လက်ရှိအသုံးပြုနေသည့် Firmware version မှာ 1.1.4 ဖြစ်သည်။
မကြာခင် Firmware 2.0 ထွက်လာတော့မည် ဟုလည်း သိရသည်။

Bootloader

အိုင်ဖုန်းတွင် bootloader နှစ်ခုပါဝင်သည်။
တစ်ခုမှာ Arm Core bootloader ဖြစ်ပြီး အိုင်ဖုန်း အသုံးပြုသည့် စနစ်နှင့် သက်ဆိုင်သည်။
နာက်တစ်ခုမှာ baseband bootloader (အထက်တွင် ဖော်ပြပြီး) ဖြစ်သည်။
အိုင်ဖုန်းကို ပိတ်ထားရာမှ စပြီး ဖွင့်လိုက်သည့် အခါတွင် အစီအစဉ်တကျနှင့် အသုံးပြုနိုင်စေရန် ၎င်းက ဆောင်ရွက်ပေးသည်။
လတ်တလော အသုံးပြုနေကြသည့် အိုင်ဖုန်းများသည် bootloader version 3.9 နှင့် 4.6 ကို အသုံးပြုထားသည်။
3.9 သည် စနစ်အဟောင်းဖြစ်ပြီး အထူးဆော့ဝဲလ်များမှ တဆင့် ထို bootloader version 3.9 ကို ကျော်ဖြတ်ကာ unlock လုပ်ခြင်း jailbreak လုပ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။
ထိုသို့ အထူးဆော့ဝဲလ်များမှ တဆင့် ထို bootloader ကို ကျော်ဖြတ်ခြင်း မပြုနိုင်စေရန် Apple ကုမ္ပဏီမှ အသစ်ထုတ်သော ဖုန်းများတွင် version 4.6 ကို ထပ်မံ ထည့်သွင်းခဲ့သည်။
သို့ရာတွင် အထူးဆော့ဝဲလ်များထပ်မံထွက်ရှိလာပြီး version 4.6 ကို ဖယ်ရှားပြီး version 3.9 fakeblank bootloader ဟု ခေါ်သည့် ပြင်ဆင်မွမ်းမံထားသည့် bootloader မှ တဆင့် unlock လုပ်ခြင်း jailbreak လုပ်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
သို့သော် ၎င်းကို ပြုလုပ်ရာတွင် မိမိ အသုံးပြုသည့် အထူးဆော့ဝဲလ်ကို လိုက်ပြီး အချို့ဆော့ဝဲလ်များမှာ လက်ရှိပါလာသည့် version 4.6 ကို လုံးဝ ဖျက်ပစ်ခြင်း၊ သို့မဟုတ် version 3.9 မှ တဆင့် version 4.6 သို့ ပြန်လည် ပြောင်းလဲမရခြင်းစသည့် ဘေးထွက်ဆိုးကျိုးများ ရှိသည့်အတွက် အသေအချာလေ့လာပြီးမှသာ Unlock လုပ်ခြင်း jailbreak လုပ်ခြင်းတို့ကို ပြုလုပ်သင့်သည်။version 4.6 ဖြင့် ထုတ်ဝေထားသော ဖုန်းကို version 4.6 သို့ ပြန်လည်ပြီး ပြောင်းမရခဲ့ပါက warranty မရတော့ပါ။
ထို့အပြင် firmware အသစ်ထွက်လျှင်လည်း အဆင့်ြှမှင့်ခြင်း လုပ်နိုင်တော့မည် မဟုတ်သည်ကို သတိပြုပါ။

installer.app

၎င်းသည် အိုင်ဖုန်းကို jailbreak လုပ်ပြီးနောက် ထည့်သွင်းရသည့် ပရိုဂရမ်တစ်ခုဖြစ်သည်။
အချို့ဆော့ဝဲလ်များက jailbreak လုပ်ရာတွင် installer.app ကို တပါတည်း ထည့်သွင်းနိုင်ရန် ရွေးချယ်ခွင့်ပေးထားတတ်သည်။
၎င်းသည် Wi-Fi မှတဆင့် အိုင်ဖုန်းထဲသို့ အခြားသော 3rd party application များကို ထည့်သွင်းခြင်း၊အဆင့်မြှင့်ခြင်း၊ ထုတ်ပယ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။

Recovery Mode

အိုင်ဖုန်းထဲတွင် ရှိသမျှကို ဖျက်ပစ်ကာ မူလ၀ယ်ယူစဉ်က အတိုင်း အခြေအနေသို့ ပြန်လည်ပြုလုပ်လိုပါက ၎င်းကို အသုံးပြုပြီး iTunes မှ တဆင့် Firmware ပြန်လည် ထည့်သွင်းခြင်းဖြင့် ပြုလုပ်နိုင်သည်။
Recovery Mode သို့ သွားရန် Sleep/Wake ခလုတ်နှင့် Home ခလုတ်တို့ကို အိုင်ဖုန်း ပြန်လည်စတင်သည် အထိ ဖိထားပါ။
ပန်းသီးလိုဂိုလေးကို တွေ့ပါက ဖိထားသော Sleep/Wake ခလုတ်ကို လွှတ်ပြီး Home ခလုတ်ကို iTunes လိုဂိုပေါ်လာသည် အထိ ဖိထားပါ။ ၎င်းနောက် iTunes ကို အသုံးပြုပြီး Frimware ကို ပြန်လည် ထည့်သွင်းနိုင်ပါသည်။

DFU (Device Firmware Update)Mode

အိုင်ဖုန်းထဲတွင် ရှိသမျှကို ဖျက်ပစ်ကာ မူလ၀ယ်ယူစဉ်က အတိုင်း အခြေအနေသို့ ပြန်လည်ပြုလုပ်ရာတွင် recovery mode ဖြင့် ပြန်လည်မပြုလုပ်နိုင်ခဲ့ပါက DFU mode ဖြင့် ပြုလုပ်နိုင်သည်။
DFU mode သို့ ရောက်ရှိသွားပါက restore မလုပ်မချင်း အိုင်ဖုန်း၏ အသုံးပြုသည့် စနစ် (Operating System) ကို ပြန်လည် တင်ပေးလိမ့်မည် မဟုတ်ပါ။
Sleep/Wake ခလုတ်နှင့် Home ခလုတ်တို့ကို ၁၀ စက္ကန့်မျှ ကြာသည်အထိ ဖိထားပါ။
ပန်းသီးလိုဂိုလေးကို မတွေ့ရမီ ဖိထားသော Sleep/Wake ခလုတ်ကို လွှတ်ပြီး Home ခလုတ်ကို iTunes မှ recovery mode ထဲသို့ ရောက်ပြီဟု မဖော်ပြသရွေ့ ဖိထားပါ။
DFU mode ထဲသို့ ရောက်ပြီဆိုလျှင် အိုင်ဖုန်း ဖန်သားပြင်တစ်ခုလုံးတွင် မည်သည့်အရာမျှ လာပြတော့မည် မဟုတ်ပါ။
ထိုသို့ DFU mode ထဲသို့ ၀င်ရန်မှာ အချိန်ကိုက် လုပ်နိုင်ရန် လိုအပ်ပါသည်။

Wi-Fi (Wireless Fidelity)

အိုင်ဖုန်းတွင် အင်တာနက်နှင့် ဆက်သွယ်ရန် အသုံးပြုရသည့် ကြိုးမဲ့ ကွန်ယက်ဆက်သွယ်ရေး စနစ်ဖြစ်သည်။
အိုင်ဖုန်း အသုံးပြုမည့် နေရာနှင့် အနီးအနားတွင် ကြိုးမဲ့ကွန်ယက်များရှိပါက အင်တာနက်ကို အိုင်ဖုန်းမှ တဆင့် အသုံးပြုနိုင်သည်။

Bluetooth

အိုင်ဖုန်းတွင် ပါဝင်သည့် အခြားသော bluetooth enabled ပစ္စည်းများနှင့် ချိတ်ဆက်အသုံးပြုနိုင်သည့် ဆက်သွယ်ရေးစနစ်တစ်ခု ဖြစ်သည်။ ဥပမာ - Bluetooth earpiece, Bluetooth headphone

Sync (acrnoym for synchronisation)

အိုင်ဖုန်းရှိ သီချင်းများ၊ ဗီဒီယိုများ၊ podcast များကို မိမိ ကွန်ပျူတာတွင် ထည့်သွင်းထားသော iTunes ဆော့ဝဲလ်မှ တဆင့် ထည့်သွင်းခြင်း ဖြစ်သည်။
အိုင်ဖုန်း အတွင်းသို့ အဆိုပါဖိုင် အသစ်များ ထည့်သွင်းလိုပါက မိမိကွန်ပျူတာရှိ iTunes တွင် ပထမဦးစွာ ထည့်သွင်းပြီးနောက် အိုင်ဖုန်းကို USB port မှတဆင့် ကွန်ပျူတာတွင် တပ်ဆင်ကာ sync လုပ်ခြင်းဖြင့် မိမိ ထည့်သွင်းလိုသော ဖိုင်များ အလိုလို ရောက်ရှိသွားမည်ဖြစ်သည်။
မလိုသည့် ဖိုင်များကို ပြန်လည် ထုတ်လိုပါကလည်း ကွန်ပျူတာရှိ iTunes တွင် ဖျက်ပစ်ကာ အိုင်ဖုန်းကို တပ်ဆင်ပြီး sync လုပ်ခြင်းဖြင့် မိမိ မလိုတော့သည့် ဖိုင်များကို ရှင်းလင်းပစ်နိုင်သည်။

BSD SubSystem

၎င်းသည် Unix-based အသုံးပြုသည့်စနစ်တစ်ခုဖြစ်သည်။
အိုင်ဖုန်း အသုံးပြုသူအချို့က ၎င်းကို Jailbreak လုပ်ပြီးနောက် အိုင်ဖုန်း အတွင်းသို့ ထည့်သွင်းလေ့ ရှိကြသည်။

PodCast

၎င်းသည် ရေဒီယိုအသံလွှင့်ချက်များ၊ တေးဂီတများ၊ သတင်းများ၊ သုံးသပ်ချက်များ၊ ဗဟုသုတဖြစ်ဖွယ်များ၊ ဘာသာရပ်ဆိုင်ရာများ၊ ဘာသာစကားသင်ခန်းစာများ အစရှိသည်တို့ကို မိမိနားထောင်လိုသည့် အခါတွင် နားထောင်နိုင်စေရန် ကွန်ပျူတာအတွင်းသို့ ဖြစ်စေ၊ iPod သို့ iPhone သို့ ဖြစ်စေ ထည့်သွင်း နိုင်စေရန် ပြုလုပ်ထားခြင်း ဖြစ်သည်။
Apple မှ ထုတ်ဝေသော iTunes ဆော့ဝဲလ်မှ တဆင့် PodCast ပေါင်းများစွာကို အခမဲ့ subscribe လုပ်နိုင်သည်။
ထိုသို့ ပြုလုပ်ခြင်းဖြင့် မိမိ subscribe လုပ်ထားသော PodCast များ အသစ်တင်လိုက်တိုင်း iTunes ထဲလို့ အလိုလို download လုပ်ပြီးသား ဖြစ်နေမည်။
ထို့နောက် မိမိ iPod သို့ iPhone ဖြင့် sync လုပ်ခြင်းဖြင့် မိမိ အားလပ်ချိန်တွင် PodCast များကို နားဆင်နိုင်သည်။

iPhone SDK (Software Development Kit)

၎င်းကို အိုင်ဖုန်းအတွက် Mac Platform မှတဆင့် ဆော့ဝဲလ်များ ရေးသားနိုင်စေရန် Apple ကုမ္ပဏီက မကြာမီကမှ ပရိုဂရမ်မာများအတွက် ထုတ်ဝေပေးလိုက်သည်။

Reference: Dictionary of iPhone Terminology

Credit: iOS Knowledge Bank.MM

ရွှင်လန်းချမ်းမြေ့ကြပါစေ...

Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO