Image

Tuesday 2 February 2016

လေဟုန်စီး၍ ပျံနိုင်သောငါး

ပင်လယ်သမုဒ္ဒရာများတွင်ကျက်စားလေ့ရှိသောထူးဆန်းသောငါးတစ်မျိုးမှာငါးတစ်မျိုးမှာငါးပျံဟုခေါ်ကကြသော Flying Fish ငါးမျိုးများဖြစ်ကြပါသည်။ထိုငါးပျံငါးမျိုးများသည် အမည်နှင့်လိုက်ဖတ်စွာပင် ကိုယ်ထည်ပေါ်၌ ငှက်ကဲ့သို့အတောင်ပံများပါပါသည်ထိုငါးပျံငါးများသည်Exocoetidaeငါးမျိုးရင်းတွင်ပါဝင်ပါသည်။

ငါးပျံ ၏ ရင်ဆူးတောင်သည် အလွန်ကြီး၍ အမြီးဘက် ဆူးတောင်၏ အောက်ခွမှာ ရှည်နေပါသည်။ငါးပျံများသည် ပျံလိုပါက အမြီးဆူးတောင်ဖြင့်ရေကိုပြင်းထန်စွာရိုက်ခတ်၍အပေါ်သို့ခုန်တတ်ပြီးလျှင်ရင်ဆူးတောင်များကိုငှက်တောင်ပံကဲ့သို့ဖြန့်ကားပြီးလေဟုန်စီးကာအဝေးသို့ပျံသန်းကြခြင်းဖြစ်ပါသည်။


ငါးမန်းလင်းပိုင်နှင့်အခြားအန္တရာယ်တစ်စုံတရာကျရောက်ပါကထိုနည်းနှင့်ပျံသန်းလွတ်မြောက်တတ်ပါသည်။ငါးပျံငါးမျိုးပေါင်း များစွာရှိပြီး အဝေးဆုံး၂၀၀မီတာနှင့်အထက်အထိလေဟုန်စီးပျံသန်းနိုင်ကြောင်းမှတ်တမ်းတင်ထားကြပါသည်သူတို့၏အတောင်ပံဟာကြီးမားပြီးလေ၏ဦးတည်ရာကိုတွက်ချက်တတ်တဲ့အတွက် လေပေါ်မှာ ကြာမြင့်စွာ လေဟုန်စီးနိုင်ကြခြင်းဖြစ်ပါသည်။

ငါးပျံငါးမျိုးများ၏သဘာဝကပေးထားသောစွမ်းအင်ကြောင့်ရေထဲနှင့်လေပေါ်တွင်လျှင်မြန်စွာပျံသန်းကူးခတ်နိုင်ကြပြီးတစ်နာရီလျှင်၄၃မိုင်နှုန်းအထိရှိပါသည်ငါးပျံငါးမျိုးပေါင်း၅၀ခန့်ရှိပြီးနွေးသောပင်လယ်များတွင်နေထိုင်တတ်ကြပါသည်အစုအဖွဲ့နှင့်နေထိုင်တတ်ကြပါသည်ပင်လယ်ပြင်တွင်သာအများဆုံးတွေ့ရတတ်ပေမယ့် ရေချိုငါးပျံငါးမျိုးများလည်းရှိကြပါသည်။

အာဖရိကတိုက် မှ ပင်တိုဒန်ခေါ် ရေချိုငါးပျံမျိုးသည် တောင်အမေရိကမြစ်များရှိဂက်စတရိုပီလီးကပ် ခေါ်ငါးပျံမျိုးလောက်မပျံနိုင်ပါ။ထိုငါးပျံ၏ ၀မ်းပိုက်သည်သဘောင်္ဝမ်းကဲ့သို့သဏ္ဍာန်တူပြီး ပျံလိုသောအခါ ရင်ဆူးတောင်များဖြင့်ရေကိုရိုက်ခတ်ကာ အပေါ်သို့တတ်ပါသည်။


ကာလီဖိုးနီးယားပြည်တောင်ပိုင်း၌တွေ့ရသောငါးပျံတစ်မျိုးသည်၁၈လက်မခန့်ပင်ရှည်၍ကြီးသောရင်ဆူးတောင် ၀မ်းဆူးတောင်များဖြင့် ပို၍ ဝေးလံစွာပျံသန်းနိုင်ကြောင်း တွေ့ရပါသည်။ကမ္ဘာ့နေရာဒေသ တော်တော်များများတွင်တွေ့ရတတ်ပြီး အာရှတွင်လည်းများစွာတွေ့ရတတ်ပါသည်။ ဂျပန်၊တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နန်တို့တွင်လည်းတွေ့ရှိရပါသည်။ ဂျပန်နိုင်ငံတွင် ဆူရှီလုပ်ပြီးစားသုံးကြသလို အခြားအာရှနိုင်ငံတော်တော်များများမှာလည်း ဖမ်းယူစားသုံးတတ်ကြပါသည်။

မြန်မာနိုင်ငံတွင်လည်း မြိတ်၊ ထားဝယ်ဒေသများတွင် ငါးပျံငါးမျိုးများရှိကြောင်းသိရပါသည်။လွန်ခဲ့သော နှစ်သန်းပေါင်း ၂၄၀ ခန့်က ငါးပျံတစ်ကောင်၏ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ရုပ်ကြွင်းကို တရုတ်နိုင်ငံရှိ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များကရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းတစ်ခု ဖတ်ရဖူးပါသည်။




Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO