Image

Tuesday 16 February 2016

Gmail Inbox အတွက် သိသင့်သမျှ အရာရာ

Gmail Inbox အတွက် သိသင့်သမျှ အရာရာ

Gmail ဟာ အမိုက်ဆုံး feature တွေနဲ့ ပေါင်းစပ်ဖွဲ့စည်း ထောက်ကူမှုတွေကို အများအပြား ထောက်ပံ့ပေးထားတာမို့ သုံးစွဲသူများ နှစ်ခြိုက်ကြသလို မသုံး ဖူးသူ တွေကလည်း ကြားဖူးနားဝ ရှိပြီးသား ဖြစ်မှာပါ။ ယနေ့ခေတ်မှာ နေ့စဉ် လုပ်ငန်းတွေ အတွက် အသုံးဝင်ဆုံး ဖြစ်နေမယ့် Gmail Inbox ထဲက လုပ်ဆောင် ချက်များကို အပြည့်အ၀ အသုံးချနိုင်ဖို့ နည်းလမ်းများ၊ သိသင့် သမျှ အကောင်းဆုံး ဖန်တီးနိုင်ခွင့်တွေကို တစ်ချက်ချင်း ရွေးချယ် ကောက် နှုတ် တင်ပြသွားမှာ ဖြစ်ပါတယ်။

Search box မှာရှာဖို့

Inbox ထဲက search box မှာ ကိုယ် သိချင်တာ တွေ့ချင်တာတွေ အားလုံး အလျှင်အမြန် ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ဒါက ကနဦး အလွယ်ကူဆုံး၊ အရိုး ရှင်းဆုံး search box ဖြစ်ပြီး နောက်ထပ် လက်တွေ့အသုံးဝင်မယ့် feature တွေကို ဆက်လက် ဖော်ပြပေးသွားပါမယ်။

အဆင်ပြေ အသုံးတည့် basic views

သက်တောင့်သက်သာ ရှိပြီး နွေးထွေးတဲ့ပုံစံနဲ့ basic view သုံးမျိုး offer လုပ်ပေးထားပါတယ်။ စက်သီးပုံစံ icon ကနေတဆင့် ရွေးချယ်နိုင်ပါတယ်။ ကိုယ့်အမြင်နဲ့ကိုယ် အသုံးပြုမယ့် device ကို ထောက်ရှုပြီး ကြိုက်ရာကို ရွေးချယ်နိုင်ပါတယ်။

ကြည့်ပျော်ရှုပျော် Themes

Gmail က မိမိတို့ရဲ့ desktop တွေကို တောက်ပစေမယ့် Theme တွေကို လည်း ပေးထားသေးတာမို့ ကြိုက်ရာ ရွေးချယ်နိုင်ပါတယ်။ ထုံးစံအတိုင်း စက်သီးပုံစံ cog icon ကနေတဆင့် ဖော်ပြထားတဲ့ပုံမှာ မြင်ရတဲ့အတိုင်း ရွေးချယ်နိုင်ပါတယ်။

Settings ထဲကို နှိုက်နှိုက်ချွတ်ချွတ်

Cog icon မှတဆင့် Settings > general တဆင့်ချင်းဝင်ပြီး Gmail အတွက် ဘာသာစကားအပြင် တခြား reply စနစ်တွေ ဖုန်း နံပါတ်တွေနဲ့ စာမျက်နှာ အရေအတွက်တွေကအစ settings ထဲမှာ အကုန်လုံးဝင် ရောက် ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

Conversation view ပြောင်းလဲပြင်ဆင်

General Settings ထဲက Conversation view setting မှာလည်း on လုပ် ထားဖို့ သတိပေးချင်ပါတယ်။ ဒါမှ စကား အပြန်အလှန် ပြောဆိုနိုင်မှာ ဖြစ်ပါ တယ်။

Gmail star များနဲ့ အတူ

General Settings ထဲမှာ Gmail stars တွေကို ၀င်ပြီး ရွေးချယ်လို့ ရပါ တယ်။ ပုံမှန်ဆို email တွေကို highlight လုပ်ဖို့ ကြယ်တစ်ခုသာ ရရှိမှာ ဖြစ်ပြီး ထပ်ပေါင်းချင်ရင်တော့ Not in Use ကနေ In Use ကို ပြောင်းထည့် ပေးရုံပါပဲ။

Highlight လုပ်နိုင်ဖို့

ကြယ်တွေကို activate လုပ်နိုင်ဖို့ save changes ကလစ် နှိပ်ဖို့လည်း မမေ့ သင့်ပါဘူး။ အီးမေးလ်ကို Highlight လုပ်ချင်တယ် ဆိုရင်တော့ ကြယ် နေရာ မှာ ကလစ် နှိပ်လိုက်ရုံပါပဲ။ Highlight ပြန်ဖျက်ချင်ရင်လည်း အဆိုပါ ကြယ် မှာ ကလစ် ထပ်နှိပ်လိုက်ရုံပါပဲ။

Signature box

Signature box ကနေ signature တစ်ခု ဖန်တီးနိုင်ဖို့ ပြုလုပ်ပေးမှာ ဖြစ်ပါ တယ်။ ကိုယ် မေးလ်ပို့လိုက်တိုင်းမှာ ကိုယ်လက်မှတ် ထိုးထားတဲ့ မက်စ်ဆေ့ တစ်ခု ပေးပို့တာဖြစ်ကြောင်း လူတွေကို သိစေနိုင်ဖို့အတွက် မေးလ်မှာ signature ပေါ်နေမှာ ဖြစ်ပါတယ်။

Label များ ဖန်တီးပြုလုပ်ခြင်း

Label တွေက Gmail ထဲမှာ အင်မတန် အရေးကြီးပါတယ်။ Settings ထဲမှာ သူတို့ အတွက် နေရာသီးသန့် ရှိပါတယ်။ Label အသစ်တွေ ဖန်တီးပြီး ကိုယ့် ရဲ့ email view ထဲက ဘယ်ဘက် panel မှာ ဘယ်တစ်ခု ပေါ်မယ် ဆိုတာတွေ ကို အဆိုပါ area မှာ ပုံပြထားတဲ့အတိုင်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Label အသစ်တစ်ခု လုပ်ချင်ရင်

Settings area ထဲက Creat new label ကို ကလစ်နှိပ်ပြီး label အသစ်တွေ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ Label အသစ်ရဲ့ နာမည်ရိုက်ထည့်ပြီး တည်ရှိပြီး သား မည်သည့် label ရဲ့ အောက်မှာ ထားမယ်ဆိုတာကို ရွေးချယ်ပေး ရမှာ ပါ။ ဥပမာဆိုရင် Photos of Barcelona ဆိုတာကို Photos label ရဲ့ အောက်မှာ ထားချင်မှာ သေချာပါတယ်။

Gmail Inbox အသုံးပြုခြင်း

Gmail Inbox ဆိုတာ ၀င်လာသမျှ မေးလ်တွေ အကုန်စုပုံ သိမ်းဆည်းရာ နေရာ တစ်ခု ဆိုတာထက် ပိုပါတယ်။ Category သတ်မှတ်ခွဲခြားပြီး သက် ဆိုင်ရာ အလိုက် အလိုလျောက် သပ်ရပ်စွာ စုဆောင်း ခွဲခြားပေး ထားနိုင် မှုဆိုတဲ့ စနစ်သစ်တွေနဲ့ Gmail လို့ ဆိုလည်း ရပါတယ် ကိုယ်ပြန်ခွဲခြမ်း နေစရာ မလိုတော့ဘူးပေါ့။

Tabs ကို activate ပြုလုပ်ခြင်း

Tabbed inbox က မိမိရဲ့ စနစ်ထဲမှာ မရှိသေးဘူး ဆိုရင်တော့ Cog icon ထဲကတဆင့် Configure Inbox ကို ရွေးရမှာ ဖြစ်ပါတယ်။ ထိုမှတဆင့် On လုပ်ပေးရမှာပါ။

Tabs များ ရွေးချယ်ခြင်း

Window အသစ်က inbox ထဲမှာ ဘယ် tab ကို မြင်စေဖို့ ဆိုပြီး customize လုပ်ခွင့်ပြုမှာဖြစ်ပါတယ်။ Social email နဲ့ Promotion email စသဖြင့် ခွဲ ခြားနိုင်စေဖို့ tabs တွေ ထပ်ပေါင်းထည့်နိုင်ပါတယ်။ ကိုယ် Activate လုပ် ချင်တဲ့ ဘေးမှာ tick လုပ်ပြီးရင် save နှိပ်ပါ။

Account to Account

Settings ထဲက Accounts မှတဆင့် ကိုယ့်ရဲ့ Gmail အကောင့်ကို အခြား အကောင့်တွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။

Filter များ ဖန်တီးခြင်း

Filter တွေက ၀င်လာတဲ့ မေးလ်တွေကို အမြန်ဆုံး အလိုလျောက် label ခွဲ ပေးနိုင်ပါတယ်။ အသစ် ဖန်တီးနိုင်ဖို့အတွက် ဆိုရင်တော့ Creat a New Filter ကို ကလစ်နှိပ်ပါ။

Filter တွေက ဘာလုပ်ပေးနိုင်လဲ

ကိုယ်ပြုလုပ်ထားတဲ့ စံနှုန်းကို ပြည့်မီဖို့အတွက် မေးလ်တွေကို Gmail က ဘာ လုပ်သင့်လဲဆိုတာ ဆုံးဖြတ်နိုင်ဖို့အတွက် Creat a New Filter ကို ကလစ် နှိပ်ပါ။ Inbox ကို ကျော်ပြီးတော့ Photos ပါတဲ့ Label ပါတဲ့ အီးမေးလ်တိုင်း ကို မှတ်ပြီး Spam ထဲကို မရောက်အောင် ပြုလုပ်နိုင်ပါတယ်။

Chit Chat

Gmail မှာ သပ်ရပ်တဲ့ text-based chat function ပါရှိပါတယ်။ Chat tab ကို ကလစ်နှိပ်ပြီး On off ရွေးချယ်ပြောင်းလဲနိုင်ပါတယ်။ Chat history ကို save လုပ်မလား မလုပ်ဘူးလား ဆိုတာကို ရွေးချယ်ဆုံးဖြတ်နိုင်ပါတယ်။

Label အရောင်များ

Label တစ်ခုစီရဲ့ ဘေးမှာ ကလစ်နှိပ်ပြီး option ခေါ်နိုင်ပါတယ်။ အဲ့ဒီ့မှာ label တွေကို အရောင် ထည့်နိုင်ပါတယ်။ နာမည်ပြောင်းလို့ရပါတယ်။ Sub-label တွေကို ဖယ်ရှားနိုင်ပါတယ်။ Label တွေ အများကြီး ရှိတယ်ဆိုရင် အရောင်နဲ့ခွဲတာ ပိုအဆင်ပြေပါတယ်။

-ကိုသန့်-

Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO