Image

Tuesday 2 February 2016

ဖုန်းကို စွဲလန်းလွန်းနေတဲ့ nomophobia ရောဂါ

ဖုန်းကို စွဲလန်းလွန်းနေတဲ့ nomophobia ရောဂါ

သင်ဟာ သင့်ဖုန်းကို စွဲလန်းလွန်းနေတဲ့ nomophobia ရောဂါ ခံစားနေရသလားဆိုတာ……
သင်ဟာ သင့်ဖုန်းနဲ့ အတူမရှိတဲ့အချိန် ဂဏာမငြိမ်ဖြစ်နေတတ်သလား။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင်ဖြစ်ပြီး စိတ်အလိုမကျတာတွေ ဖြစ်နေပြီလား။ ခုခေတ်မှာ လူတွေဟာ နည်းပညာတွေနဲ့ ပိုမိုထိတွေ့ ဆက်ဆံနေရပြီမို့ ရောဂါတစ်မျိုးလို့ နာမည်တပ်ရအောင်ကို ဖုန်းကိုစွဲလန်းလွန်းတဲ့ ရောဂါတစ်မျိုး ရှိလာခဲ့ပါပြီ၊ ဒါကို လေ့လာတွေ့ရှိချက်တွေ၊ စစ်တမ်းကောက်ချက်တွေအရ နှစ်စဉ်နှစ်တိုင်းလည်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်၊ ခုဖော်ပြပေးမှာကတော့ သင်ဟာ သင့်ဖုန်းကို လိုအပ်တာထက်ပို စွဲလန်းတမ်းတမိနေသလား။ ဖုန်းကို စွဲလန်းတဲ့ nomophobia စိတ်ရောဂါများရနေသလားဆိုတဲ့ အချက်ကို ဖော်ထုတ်ပေးမယ့် အချက်ကလေးတွေပါ၊

၁။ သင်ဟာ သင့်စမတ်ဖုန်းကနေ ဘာသတင်းအချက်အလက်မှ အသစ်မကြားမသိရဘူးဆိုရင် နေရတာ တစ်ခုခုလိုနေသလို အဆင်မပြေဘူး။

၂။ သင်သိချင်တဲ့ အကြောင်းအရာမျိုး။ သတင်းအချက်အလက် ဘာတစ်ခုမှ မရှိဘူးဆိုရင် အလိုလိုနေရင်း ဒေါသဖြစ်လာတယ်။

၃။ သင်ဟာ ရာသီဥတုကြောင့်။ အင်တာနက်လိုင်းကြောင့် ဘာသတင်းမှ မသိရဘူးဆိုရင် နေမထိ ထိုင်မသာဖြစ်ပြီ။

၎။ သင်ဟာ ဖုန်းဓာတ်ခဲ့ကုန်မှာကို ကမ္ဘာပျက်မှာထက်ကို ပိုကြောက်နေတယ်။

၅။ သင်ဟာ ဖုန်းဘေလ်ကုန်တော့မှာကိုလည်း အရမ်းစိုးရိမ်တတ်တယ်။

၆။ သင်ဟာ သင့်ဖုန်းက အင်တာနက်လိုင်းပျောက်သွားတာနဲ့ ဒေါသတွေ ပေါက်ကွဲတော့တာပဲ။

၇။ သင်ဟာ ဖုန်းကို ခဏဘေးနားချလိုက်ပြီး ၅မိနစ်တောင် မကြာဘူး၊ ချက်ချင်းပြန်ကောက်ကိုင်ပြီး အင်တာနက်သုံးပြန်တယ်။

၈။ သင်ဟာ သင်သုံးနေကျ facebook၊ instagram ၊ Viber စတာတွေ မသုံးရရင် ဘေးနားမှာရှိတဲ့သူကို အပြစ်မရှိ မပြစ်ရှာတော့တာပဲ။

၉။ သင့်ဆီကို ဘာဖုန်းမှ အ၀င်လက်ခံရတာမျိုး မရှိဘူး။ ဘယ်သူကမှ မတ်ဆေ့ခ်ျမပို့ကြဘူး ဆိုရင် သင်ရူးမလို ဖြစ်နေရော။

၁၀။ သင်ဟာ အွန်လိုင်းတစ်ရက် မ၀င်လိုက်ရရင် လူဖြစ်ရှုံးသလို။ အသစ်အသစ်တွေ ငါဘာမှမသိလိုက်ရတော့ဘူးဆိုပြီး အသေအလဲ ခံစားနေရတယ်။

၁၁။ သင်ဟာ ညဘက်တွေ မအိပ်ခင် အင်တာနက်လေး သုံးကိုသုံးရမှ။ မနက်နိုးနိုးချင်းလည်း အင်တာနက်လေး ကောက်သုံးလိုက်ရမှ နေသာထိုင်သာရှိတယ်။

၁၂။ သင်ဟာ ဖုန်းမရှိတဲ့အခါ ဘာမှမလုပ်တတ် မကိုင်တတ်နဲ့ အူကြောင်ကြောင်ကြီး ဖြစ်နေရော။

ကဲအထက်ပါ အချက်တွေနဲ့ လေး။ ငါးချက်လောက် တိုက်ဆိုက်နေပြီဆိုရင်တော့ သင်ဟာ သင့်ဖုန်းကို အလွန်အမင်းစွဲလန်းတဲ့သူ ဖြစ်ပြီး၊ အင်တာနက်ကို လိုတာထက် ပိုသုံးတဲ့သူ၊ အပြင်လှုပ်ရှားမှုကို အဲ့ဒီလောက် မခုန်မင်တော့တဲ့သူ ဖြစ်လို့ ဒီအစွဲအလန်းကြီးကို လျော့ချပြီး သင့်အတွက် အကျိုးရှိမယ့် အရာတွေအတွက် ပိုအချိန်ပေးကြည့်လိုက်ပါသင့်အတွက်အကောင်းဆုံးဖြစ်လာပါလိမ့်မည်။

Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO