USB ရဲ့အမြန်နှုန်း
PC ကနေ USB ဒါမှမဟုတ် USB ကနေ PC ကို data တွေ ကူးပြောင်းတဲ့ အမြန်နှုန်းဟာ အဓိက အချက် ၃ ချက်ပေါ်မှာ မူတည်နေပါတယ်... အဲ့ဒါတွေကတော့...
(၁) ကူးပြောင်းတဲ့ file အမျိုးအစား Music၊ video နဲ့ office file တွေဟာ application file တွေနဲ့ နှိုင်းယှဉ်ရင် သိသိသာ သာမြန်နေပါလိမ့်မယ်... ဒါကိုတော့ သင်သိပြီးသားဖြစ်မှာပါ....
(၂) သင့် drive ရဲ့ သက်တမ်း ဒီအချက်ကတော့ ဘယ်ကိရိယာမှာမဆိုတူတူပါပဲ... USB drive အ ဟောင်းတွေဟာ အချက်အလက်ကူးပြောင်းမှုနှုန်းမှာ သိသိသာသာနှေးကွေးနေပါလိမ့်မယ်....
(၃) USB ရဲ့ port version
အခုခေတ် USB drive အများစုကတော့ USB 2.0 device တွေဖြစ်ပါတယ်... အခုနောက်ပိုင်း USB 3.0 တွေတောင် အသုံးများလာကြပါပြီ... အရင်ကသုံးခဲ့တဲ့ က USB 1.1 port ထဲကို ထည့်ပြီး အချက်အလက်ကူးပြောင်းကြည့်မယ်ဆိုရင် ကူးပြောင်းတဲ့နှုန်း တော်တော်ကျ ဆင်းသွား မှာဖြစ်ပါ တယ်....
ဟုတ်ပါပြီ... အပေါ်က အချက် ၃ ချက်ကိုတော့ ကျွန်တော်တို့ ထိန်းချုပ်လို့မရပါဘူး... ဒါပေမဲ့ သင့် USB drive ရဲ့ အကောင်းဆုံး အချက်အလက်ကူးပြောင်းမှုနှုန်းကိုရရှိစေဖို့ ရိုးရှင်းတဲ့ နည်းလမ်း ၃ ရပ်ကို ဆွေးနွေးပေးပါ့မယ်...
ပထမအချက်ကတော့ NTFS file system ကိုသာ အမြဲတမ်းရွေးချယ်ဖို့ဖြစ်ပါတယ်.....
အကယ်လို့ သင့် USB drive ကို NTFS mode မှာမထားဘူးဆိုရင် 4 GB နဲ့ အထက်ဖြစ်တဲ့ file size ကြီးကြီးတွေကို ကူးပြောင်းနိုင်မှာမဟုတ်ပါဘူး... ဒါကြောင့် သင့် USB drive ကို right click ထောက် format လုပ်ပြီး file system အောက်မှာ NTFS ကို ရွေးချယ်ဖို့လိုပါမယ်... quick format ကို uncheck လုပ်လိုက်ရင် ပိုကောင်းပါတယ်... ပြီးရင် format ချလိုက်ရုံပါပဲ...
နောက်တစ်ချက်ကတော့ Disk Errors တွေကို စစ်ဆေးဖို့ပါ.... သင့် USB drive ကို right click ထောက်ပြီး Properties ထဲကိုဝင်လိုက်ပါ... ပြီးရင် Tools ဆိုတဲ့ tab ကို click လိုက်ရင် အပေါ်ဆုံးမှာ Error checking ကို တွေ့ပါလိမ့်မယ်... အဲ့ဒီအောက်က check now ဆိုတာကို နှိပ်လိုက်ပါ... သင့် drive ရဲ့ အရွယ်အစားပေါ်မူတည်ပြီး error တွေကို fix လုပ်ဖို့ scan လုပ်တဲ့အချိန်တော့ အနည်းနဲ့ အ များဆိုသလိုကြာပါလိမ့်မယ်...
နောက်ဆုံးအချက်ကတော့ Device Policy ကို ပြောင်းပေးတာပါပဲ.... သင့် drive ရဲ့ properties ထဲမှာပဲ Hardware ဆိုတဲ့ tab ကို click လုပ်ပါ... ပေါ်လာတဲ့အထဲက သင့် USB device ကို ရွေးပြီး အောက်က properties ကို click ပါ... နောက်ထပ် window တစ်ခုပေါ်လာမှာဖြစ်ပြီး အဲ့ဒီမှာ Policies အောက်က Better performance ကို check လုပ်ပြီး OK ကို နှိပ်ပါ...
သတိပြုရမှာက device policy ကို ပြောင်းပြီး better performance မှာထားပြီးရင် သင့် drive ကို ဖြုတ်တဲ့အခါ task bar က safety remove hardware ကနေပဲ အမြဲတမ်း eject လုပ်ရမှာဖြစ်ပါ တယ်... နောက်တစ်ချက်က အသုံးမပြုတဲ့အချိန်မှာ သင့် drive ကို USB port ကနေ ဖြုတ်ထားဖို့ လည်း အကြံပြုထားပါတယ်....
ဒီရိုးရှင်းတဲ့ လုပ်ဆောင်ချက်လေးတွေလုပ်ပြီးရင်တော့ သင့် USB ရဲ့ အချက်အလက်လွှဲပြောင်း မှုနှုန်းဟာ အရင်ကထက် မြန်ဆန်နေတာကို သတိပြုမိပါလိမ့်မယ်....။
Ref: Computer & Mobile (٠ Hacking Tips & Trick ٠)
0 comments:
Post a Comment