Image

Wednesday 16 March 2016

လူကိုဒုက္ခပေးနိုင်သော ပန်းပွင့် ( ၆ )မျိုး

အချို့သောပန်းတွေဟာ စားမိ၊ နမ်းမိတာနဲ့ လူကို ဒုက္ခဖြစ်စေတဲ့ အဆိပ်အတောက်တွေ ပါပါတယ်။ ဒီတော့
အဲ့ဒိလို အန္တာရယ်မတွေ့ရအောင် အန္တရာယ်ရှိတဲ့ ပန်းပွင့် (6)မျိုးကို ဖော်ပြလိုက်ပေးလိုက်ပါတယ်။




ဘိန်းဆိုလိုက်တာနဲ့ လူတွေ ပြေးမြင်လိုက်မှာက ဟီရိုးအင်းလို့ခေါ်တဲ့ ဘိန်းဖြူပေါ့။ ဟုတ်ပါတယ်။ ဘိန်းဟာ
လူ့လောကမှာတော့ အဆိပ်အတောက်တွေအများကြီးနဲ့ ဒုက္ခပေးပါတယ်။ ဆေးပညာနယ်ပယ်မှာ သီးသန့်
သုံးရင် လူတွေ အကျိုးများရာ များကြောင်းပါဘဲ။ ဒါပေမယ့် … ဒါကို တစ်လွဲအသုံးချပြီး ဖြန့်ဖြူရောင်းချသူ
တွေ၊ သုံးစွဲသူတွေ ကမ္ဘာ့အနှံ့အပြားမှာ ရှိပါတယ်။


ကုံကုမံပန်းထဲမှာ ဆောင်းရာသီမှာပေါက်တဲ့ ပန်းက ပိုပြီး အဆိပ်အတောက်ပြင်းပါတယ်။ ပန်းပွင့်ဟာ
အပြာနုရောင်လေးနဲ့မို့ သိပ်လှတယ်ထင်ရပေမယ့် စားမိရင် ချက်ချင်း သေစေနိုင်တဲ့ colchicines ဆိုတဲ့
အဆိပ်ပါရှိပါတယ်။ အဲဒီပန်းကို စားမိရင် နှလုံးရပ်ပြီး ချက်ချင်း သေစေနိုင်ပါတယ်။


အညာဒေသနဲ့ မြေလတ်ပိုင်းမှာ အတွေ့ရများလေ့ရှိတဲ့ နွယ်သာကီပန်း/ဖယောင်းပန်း/ခေါင်းရမ်းပန်းမှာ
လူကို သေစေနိုင်တဲ့ ဓာတ်ပေါင်းတွေ အများကြီး ပါဝင်ပါတယ်။ အထူးသဖြင့် ပင်စည်က ထွက်တဲ့အစေးနဲ့
ရိုးတံတွေမှာ ဒီ ဓာတ်တွေ ပိုပြီး ပါပါတယ်။ စားမိပါက လူကို နှလုံးသွေးရပ်ကာ သေစေနိုင်ပါတယ်။


အဆိပ်ပြင်း ပန်းမျိုးဖြစ်တဲ့ တိဝုတ်ပန်းဟာ အပွင့်ပြာပြာလေးနဲ့မို့ ချစ်စဖွယ်လေးဖြစ်ပါတယ်။ မျိုးစိတ်ပေါင်း
250 ရှိတယ်လို့ ဆိုပါတယ်။ အဲဒီပန်းမှာ ပါဝင်တဲ့ ပြင်းထန်လှတဲ့ အဆိပ်ဟာ လူကို ချက်ချင်းသေစေနိုင်ပါ
တယ်။ တောင်တန်းထူထပ်တဲ့ ဒေသတွေမှာ အတွေ့ရများပြီး ဒေသအရ အခေါ်အဝေါ်ကွဲလွဲမှုတွေ ရှိနိုင်ပါ
တယ်။


အဆိပ်ပြင်း ပန်းမျိုးဖြစ်တဲ့ တိဝုတ်ပန်းဟာ အပွင့်ပြာပြာလေးနဲ့မို့ ချစ်စဖွယ်လေးဖြစ်ပါတယ်။ မျိုးစိတ်ပေါင်း
250 ရှိတယ်လို့ ဆိုပါတယ်။ အဲဒီပန်းမှာ ပါဝင်တဲ့ ပြင်းထန်လှတဲ့ အဆိပ်ဟာ လူကို ချက်ချင်းသေစေနိုင်ပါ
တယ်။ တောင်တန်းထူထပ်တဲ့ ဒေသတွေမှာ အတွေ့ရများပြီး ဒေသအရ အခေါ်အဝေါ်ကွဲလွဲမှုတွေ ရှိနိုင်ပါ
တယ်။


ဒီပန်းကိုတော့ ဒေသအခေါ်အဝေါ်ရ နတ်သမီးနားတောင်း/ခေါင်းလောင်းပန်းလို့ ခေါ်ကြပါတယ်။ အပွင့်
ပုံစံက ဟွန်းတစ်ခုကဲ့သို့ အနေအထား ဖြစ်ပြီး အရွက်လည်း စိမ်းမြကာ ဖားပါတယ်။ တစ်ချို့ဒေသတွေ
မှာတော့ အဖြူရောင်အပွင့်အောက်ခံကို အပြာရောင်ခပ်သန်းသန်း ပါတတ်ပါတယ်။ အဆိပ်အတောက်
ပြင်းထန်တဲ့ ပန်းဖြစ်ပြီး အတိတ်မေ့နိုင်တဲ့အထိ ဦးနှောက်ရဲ့လှုပ်ရှားမှုကို ရပ်တန့်စေပါတယ်။ အဆိပ်ပြင်း
မပြင်းမှာလည်း ရာသီဥတုနဲ့ ပေါက်ရောက်ရာ ဒေသတွေပေါ်လည်း မူတည်ပါတယ်။

Myanmar Online Media



Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO