Image

Thursday 31 March 2016

ဗုဒ္ဓဘာသာဝင်တစ်ဦး၏နေ့စဉ်ပြုလုပ်ရမည့် ဘာသာရေးလုပ်ငန်းများ။

ဗုဒ္ဓဘာသာဝင်တစ်ဦး၏နေ့စဉ်ပြုလုပ်ရမည့် ဘာသာရေးလုပ်ငန်းများ။

ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာလျှင် အောက်ပါ ဘာသာရေး လုပ်ငန်းတာဝန်များကို ပညာဖြင့်ဦးစီးသော ယုံကြည်မှုဖြင့် နေ့စဉ် ပြုလုပ်ရမည်။ ထိုတာဝန်များမှာ-

(က) ဘုရားရှိခိုးခြင်း

ဘုရားရှိခိုးခြင်းဟူသည်မှာ ဘုရား တရား သံဃာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးများကို နှလုံးသွင်းရွတ်ဆို၍ ထိခြင်းငါးပါးဖြင့် ရိုသေစွာ ရှိခိုးခြင်းဖြစ်သည်။

(ခ ) မေတ္တာပို့ခြင်း

မေတ္တာပို့ခြင်း ဟူသည်မှာ အများသတ္တဝါတို့ကို ရည်စူး၍ ကြီးပွားချမ်းသာစေလိုသောစိတ်ကို ဖြစ်ပေါ်စေခြင်း ပို့လွှတ်ခြင်း ပွားများခြင်း တို့ဖြစ်သည်။

(ဂ) အမျှဝေခြင်း

အမျှဝေခြင်းဟူသည်မှာ မိမိပြုလုပ်ခဲ့သော ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ် တို့၏ အဖို့ဘာဂကို မိမိနှင့်အတူ အညီအမျှ ရနိုင်စေရန် သတ္တဝါ အပေါင်းတို့အား အမျှ အမျှ အမျှ ပေးဝေခြင်း ဖြစ်ပါသည်။

(ဃ) အလှူဒါနပြုလုပ်ခြင်း

အလှူဒါနပြလုပ်ခြင်းဟူသည်မှာ တစ်စုံတစ်ခုသော ဝတ္ထုပစ္စည်းတို့ကို ဘုရားအစရှိသော အလှူခံပုဂ္ဂိုလ်တို့အား စေတနာပြဋ္ဌာန်း၍ လှူဒါန်းပေးကမ်းမှုဖြစ်သည်။
ထို လှူဒါန်းပေးကမ်းမှုသည် မြတ်စွာဘုရားနှင် သံ့ဃာတော်တို့အား ဆွမ်းတော်ကပ်လှူခြင်း ရေချမ်းကပ်လှူခြင်း ပန်ူနံ့သာကပ်လှူခြင်း ဆီမီးကပ်လှူခြင်း ပိဏ္ဍပါတ် ဆွမ်းလောင်လှူခြင်း စသည်အားဖြင့် အလှူဒါန အမျိုးမျိုးရှိပါသည်။

(င) သာသနာတော် တည်တံ့ ပြန့်ပွားရေး ဆောင်ရွက်ခြင်း

သာသနာတော်တည်တံ့ပြန့်ပွားရေး ဆောက်ရွက်ခြင်းဟူသည်မှာ မိမိကိုယ်၌လည်းကောင်း သူတစ်ပါးသန္တာန်၌လည်းကောင်း မြတ်စွာဘုရား၏ အဆုံးအမတည်းဟူသော သာသနာတော်ကို တည်တံ့ပြန့်ပွားအောင် ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်သည်။
အဆုံးအမ ဟူသည်မှာ ဒုစရိုက်များ မဖြစ်ပွားအောင် ဆောင်ရွက်ခြင်းl သုစရိုက်များ တိုးပွားအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။ ထိုဆောင်ရွက်ခြင်းသည် ဘာသရေး အသင်းအဖွဲ့များ၌ ပါဝင်ဆောင်ရွက်ခြင်း ပရိယတ္တိ စာသင်သားများအား ထောက်ပံ့ခြင်း ပဋိပတ္တိကျင့်သုံးသူများအား ထောက်ပံ့ခြင်း ဗုဒ္ဓဘာသာစာပေပြန့်ပွားရေး အတွက်ဆောင်ရွက်ခြင်း ရပ်ရွာအတွင်း သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည်တို့ဖြစ်သည်။

(စ) လက္ခဏာရေးသုံးပါး ဆင်ခြင်ခြင်း

လက္ခဏာရေးသုံးပါး ဆင်ခြင်ခြင်း ဟူသည်မှာ ပုဂ္ဂိုလ်သတ္တဝါ အမြင်ကို ကျော်လွန်ပြီး ရုပ် lနာမ် အဖြစ် မြင်အောင် ရှုကာ ရုပ် lနာမ် တရား တို့၏ မမြဲဆင်းရဲ အတ္တမဟုတ်ဟု ရှုမြင်ခြင်းl သိခြင်းဖြစ်သည်။

ဤသည်တို့မှာ ဗုဒ္ဓဘာသာဝင် တစ်ဦး၏ နေ့စဉ် ဘာသာရေး လုပ်ငန်း တာဝန်များပင်ဖြစ်သည်။ နေ့စဉ်ပြုလုပ်ရာ၌ တစ်ကြိမ်မျှသာမဟုတ် စွမ်းအားရှိသလောက် အကြိမ်များစွာပြုလုပ်နိုင်လျှင် ပိုအကျိုးရှိနိုင်ပါသည်။

(ဗုဒ္ဓ၏ ဓမ္မအမွေများ တရားစာအုပ်မှကူးယူမျှဝေပါသည်)

Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO