Image

Wednesday 2 March 2016

ကင်ချီထမင်းကြော်

ကင်ချီထမင်းကြော်

တခါတလေ ဟင်းတွေ မချက်ချင်တဲ့အခါ ဒီကင်ချီထမင်းကြော်လေးကို ကြော်စားကြည့်ပါ။
ဝက်သားအစား ကြက်သားနှင့်လည်း ကြော်လို့ ရပါတယ်။

ချဉ်ငံစပ်အရသာလေးနှင့်ဆိုတော့ သူငယ်ချင်းတွေ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်

Ingredients:

ထမင်းကြမ်း ၂ယောက်စာ
ဝက်သား ၅ကျပ်သား (သို့ ) ၁၀ကျပ်သား
ကင်ချီ ၅ကျပ်သား
ငရုတ်နှစ် ထမင်းစားဇွန်း ၁ဇွန်း
ကြက်သွန်နီအကြီး ၁လုံး
ကြက်သွန်ဖြူ ၄မွှာ
ကြက်ဥ ၄လုံး
နှမ်းဆီ ဇွန်းသေး ၁ဇွန်း
ငရုတ်ကောင်းမှုန့် အနည်းငယ်
ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၂ဇွန်း
ဆား အနည်းငယ်
ကြက်သွန်မိတ် ၂ပင်
နံနံပင် အနည်းငယ်
နှမ်းလှော် အနည်းငယ်

Preparation Method:

(၁) ထမင်းကို ချေပြီး ဆီ၊ ဆား၊ ပဲငံပြာရည်အကြည်တို့ နှင့် ဖွဖွလေးနယ်ပါ။ ၀က်သားကို ရေဆေးပြီး ပါးပါးလှီးပါ။ ဆား၊ ပဲငံပြာရည်အကြည်တို့နှင့် ရောနယ်ပါ။

(၂) ကြက်သွန်နီကို လေးစိတ် စိပ်ပြီး အဖတ်ခွာပါ။ ကြက်သွန်ဖြူကို နုပ်နုပ်စင်းပါ။ ဒယ်အိုးထဲ ဆီထည့်ပြီး ဆီဆူလာလျှင် ကြက်သွန်ဖြူကို ဆီသတ်ပါ။ အနံ့ မွှေးလာလျှင် ၀က်သားကို ထည့်ပါ။

(၃) ၀က်သားကျက်လျှင် ကြက်သွန်နီကို ထည့်မွှေပါ။ အစာပလာတွေကို ဒယ်အိုးတခြမ်းကပ်ပြီး ကြက်ဥကို အလယ်မှာ ခေါက်ပြီး ထည့်မွှေပါ။ ကြက်ဥ ကျက်လျှင် အစာပလာတွေနဲ့ သမအောင် ရောမွှေပါ။

(၄) ခရုဆီနဲ့ ဆား အနည်းငယ်ထည့်ပြီး ရောမွှေပါ။ ထမင်းကို ထည့်ပြီး နှံ့ အောင်မွှေပါ။ ကင်ချီနှင့် ငရုတ်နှစ်ထည့်ပြီး အားလုံး သမအောင် ကြော်ပါ။ အရသာ စိတ်ကြိုက်ပြင်ပြီး ပန်းကန်ထဲ ခပ်ထည့်ပါ။ ကြက်သွန်မိတ်နှင့် နှမ်းလှော် အနည်းငယ် ဖြူးပါ။

(၅) ကြက်ဥကို အကာကျက်ကြော်ပြီး ထမင်းကြော်ပေါ်တင်ပြီး အလှဆင်လိုက်လျှင် ရပါပြီ။

Credit  :   :KaeKae's FoodPalace

Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO