Image

Saturday 2 April 2016

ဝန်ထုပ်ထက်ပိုလေးသောဝန်ပို

ဝန်ဆိုသည်မှာထမ်းသင့်သောဝန်ထုပ်ကို ထမ်း
ရမည်သာဖြစ်သည်။ “၀န်”အကြောင်းပြောလျှင်
တာဝန်သည်လည်း ထမ်းဆောင်ရမည့် ၀န်ထဲတွင်
အပါအ၀င်တစ်ခုဖြစ်သည်။ သို့သော်လည်း ထမ်း
ရွက်ရမည့် ၀န်ထက်၊ ပိုလာသောဝန်ကြတော့ ပို
လေးသည်ဟု ထင်တတ်ကြသည်။ တစ်နည်းအား
ဖြင့် ၀န်ပိုဟုလည်း ခေါ်ကြသည်။ ဒါကိုဘောဂဗေ
ဒသဘောတရားအရတော့ “Excess Burden ”ဟု
ခေါ်ဆိုကြသည်။ အခွန်ဆောင်သည့်နေရာတွင် ထို
အကြောင်းကို စဉ်းစားရာတွင် ဘောဂဗေဒပညာ
ရှင်များက “Deadweight Loss”ဟုလည်း ခေါ်ကြ
သည်။ များသောအားဖြင့် ဈေးကွက်စီးပွားရေးတွင်
ဈေးကွက်အင်အားစုများကသာ အားမျှချေကို ပြဋ္ဌာန်း
ကြပါသည်။ သို့သော်လည်း အားမျှချေထက် သ
ဘောကို မျက်ကွယ်ပြုပြီးဖြစ်လာသောအခါတွင်
ရောင်းလိုအားဘက်မှဖြစ်စေ၊၀ယ်လိုအားဘက်မှ ဖြစ်
စေ၊ နစ်နာမှုတစ်စုံတစ်ရာရှိလာနိုင်ပါသည်။ ထို့
ထက်ပိုမိုစဉ်းစားလာလျှင်၊ ရောင်းလိုအားဘက်ရော၊
ဝယ်လိုအားဘက်ရော၊ နှစ်ဖက်စလုံး နစ်နာသွားမှု
လည်း ဖြစ်လာပါသည်။ ယင်းသည် တိုက်ရိုက်ခွန်
(direct taxation) နှင့် တိုက်ရိုက်မဆိုင်သော်လည်း
သွယ်ဝိုက်ခွန်သဘောနှင့်တော့ ဆက်နွယ်မှုရှိမည်
ဖြစ်ပါသည်။ သီအိုရီအရတော့ တိုက်ရိုက်ခွန် (Income tax သို့မဟုတ် ၀င်ငွေခွန်)နှင့် သွယ်ဝိုက်ခွန်
(indirect tax or expenditure tax)များဟုလည်း ခေါ်ကြပါသည်။အချို့ကလည်း ထပ်ဆင့်တိုးတန်ဖိုးခွန် (VAT:Value Added Tax)ခေါ်သည့် အ
သုံးစရိတ်ခွန်အမျိုးအစား)တို့ကို သီးခြားစီ ဥပမာ
ပေးပြီး လေ့လာကြသော်လည်း လက်တွေ့အခြေ
အနေတွင် ကွာဟမှုရှိနိုင်ပါသည်။ ဥပမာအစိုးရအ
နေဖြင့် အခွန်ကောက်သည်ဆိုပါစို့၊ အစိုးရ၏
အခွန်ကောက်ယူမှုသည်များသောအားဖြင့် ရောင်းချ
ထုတ်လုပ်သူထံတွင် အခွန်ကောက်ယူလေ့ရှိပါသည်။
ထိုသို့သောအခွန်မျိုးကို သွယ်ဝိုက်ခွန် (Indirect tax) များဟုလည်း ခေါ်ကြပါသည်။ အချို့ကလည်း
ထပ်ဆင့်တိုးတန်ဖိုးခွန် (VAT:Value Added Tax)
စသည်တို့ ကောက်ယူသောအခါတွင် အခွန်သည်
ရောင်းသူထံတွင် ကောက်ယူခြင်းဖြစ်သော်လည်း
ထိုအခွန်ကို အသုံးစရိတ်အခွန်အဖြစ် စားသုံးသူထံ
တွင် လွှဲချနိုင်သည်။ တစ်နည်းအားဖြင့် အခွန်၏
ဝန်ထုပ်ကို သုံးစွဲသူအပေါ်လွှဲချနိုင်ပါသည်။ ထိုအ
ခွန်ဝန်ထုပ်သည် ထုတ်လုပ်ရောင်းချသူကဖြစ်စေ၊
စားသုံးသူကဖြစ်စေ၊ ထုတ်လုပ်ရောင်းချသူနှင့် စား
သုံးသူတို့ တစ်စုံတစ်ရာအချိုးအစားအရဖြစ်စေ၊ ကျ
ခံသည်လည်း ဖြစ်နိုင်ပါသည်။ဒါကလည်း ကုန်စည်
၏ ၀ယ်လိုအားအလျော့အတင်းပေါ်တွင်လည်း မူ
တည်နေပြန်ပါသည်။
အားမျှချေထက် ပိုပေးလိုက်ရသောအပိုင်းများ
ကို ၀န်ပိုဟု သတ်မှတ်ကြခြင်းဖြစ်သည်။ များသော
အားဖြင့် အခွန်စနစ်ကောင်းစွာ ဖွံ့ဖြိုးတိုးတက်မှု
မရှိသောနိုင်ငံများတွင် ထိုသို့သောအခွန်ဆောင်ရ
မှုမျိုးကို ၀န်ပို Excess Burden ဟု သတ်မှတ်ခံစား
ကြသည်။ အခွန်ပေးဆောင်လိုက်သည် ဆောင်ရ
သူအတွက်လည်း အကျိုးမရှိ၊ တိုင်းပြည်အတွက်
လည်း အကျိုးမရှိ၊ လူတစ်စုအတွက်သာ အကျိုးရှိ
သွားသောအခြေအနေမျိုးကို Excess Burden ခေါ်
ဝန်ပိုအဖြစ် ခံစားရတတ်ပါသည်။ ထိုသို့သောအ
ခြေအနေမျိုးတွင် အခွန်ကောက်ယူမည်ဆိုပါက ထို
အခွန်သည် စားသုံးသူသာ ပိုခံစားရမည်ဖြစ်ပါသည်။
နောက်တစ်ဖန် Deadweight loss အတွက်
စဉ်းစားပုံစဉ်းစားနည်းလည်း ရှိပါသည်။ ဥပမာအား
ဖြင့် Brand အရ နာမည်ကြီးနေသော Starbucks
တို့၊ Costa ကော်ဖီတို့ရှိသည်။ သူတို့သည် Brand
အရ ကော်ဖီဈေးကွက်တွင် လက်ဝါးကြီးအုပ်ထား
နိုင်သောအခြေအနေရှိသည်။ ထို့ကြောင့် ဈေးနှုန်း
ကို ရှိသင့်သောအားမျှချေ အနေအထားထက်၊
အားမျှချေအထက်အနေအထားတွင် ကော်ဖီဈေး
နှုန်းကို သတ်မှတ်ထားကြသည်။ အရသာချင်း သိပ်
မတိမ်းမယိမ်းတူလျှင် လူတွေသည် အခြားသော
ကော်ဖီဆိုင်များတွင် သွားသောက်ကြမည်သာဖြစ်
သည်။ ဒါမှမဟုတ် ထို Branded Coffee များသည်
ဈေးကြီးသော်လည်း သောက်ချင်လိုသူများအနေ
ဖြင့်ကော်ဖီခွက်အရေအတွက် လျှော့ဝယ်သောက်
ကြဖြစ်သည်။ သိပ်ကြိုက်သည့်တိုင် ဈေးကြီးသော
ကြောင့် ခွက်အရေအတွက် နည်းသွားမည်ဖြစ်သည်။
မြန်မာပြည်လို ဈေးကွက်မျိုးတွင်တော့ Brand
အပြင်၊ လွတ်လပ်မှုအရ ယှဉ်ပြိုင်ခွင့်ကို ပေးမထား
သောကြောင့် စားသုံးသူများအနေဖြင့် ဈေးကြီးကို
သာပေးဝယ်ရသည့် အနေအထားဖြစ်သည်။ ဥပမာ
အားဖြင့် ဓာတ်ဆီ၊ ဒီဇယ်ဆီဈေးကွက်၊ ဆက်သွယ်
ရေးတယ်လီဖုန်းဈေးကွက်များတွင် လေ့လာနိုင်သည်။
မြန်မာပြည်အတွက် deadweight loss အတွက်
တွက်ရန်ခက်နေမည်ဖြစ်သည်။ ထိုသို့သော အခြေ
အနေမျိုးတွင် စားသုံးသူများအနေဖြင့် ရွေးချယ်ရန်
အခွင့်အလမ်းမရှိသောကြောင့် ထိုလုပ်ငန်းကြီးများ
အနေဖြင့် ထူးခြားသောအမြတ်များကို ပိုင်ဆိုင်နိုင်
မည်ဖြစ်သော်လည်း၊ စားသုံးသူများအနေဖြင့် ရွေး
ချယ်ရန် အခွင့်အလမ်းမရှိသောကြောင့်ပင်လျှင်
Deadweight loss အပြည့်ခံရဖွယ်ရှိသည်။ အခြား
နိုင်ငံတွေမှာတော့ Starbucks မှမဟုတ်၊ Costa မှ
မဟုတ်၊ အခြားသော ကော်ဖီဆိုင်လေးများ ဖွင့်ထား
သောကြောင့် Deadweight Loss အတွက်တော့
အသက်ရှူချောင်ဖွယ်ရာရှိသည်။ မြန်မာပြည်အတွက်
တော့ လူတစ်စုကိုသာ လုပ်ကိုင်ခွင့်ပေးထားသော
လုပ်ငန်းများကြောင့် စားသုံးသူများအတွက် Deadweight Loss
သည် အပြည့်အ၀ခံရစရာရှိပါသည်။
ထို့ကြောင့် Excess Burden ဆိုသည်မှာ စီး
ပွားရေးပေါ်လစီများသည် လူတစ်စုအတွက် ရေး
ဆွဲထားသောအခြေအနေများရှိနေသောအခါတွင်
အခွန်အကောက်ကိုလည်း စားသုံးမှုအပေါ်တွင် အ
လေးထားကောက်ယူလိုက်မည်ဆိုပါက စားသုံးသူ
များသာ နစ်နာသည်ထက်၊ နစ်နာသွားသော အ
ခြေအနေမျိုးကို ခေါ်ဆိုပါသည်။ အစိုးရလည်း
အခွန်ကောက်ယူ၊ တစ်ဖက်တွင်လည်း လုပ်ငန်းများ
၏ လုပ်ကိုင်ခွင့်ကိုလည်း လူတစ်စုလက်ထဲ (အခေါ်
အဝေါ်အားဖြင့် ခရိုနီလောက်သာစဉ်းစားသော
အစိုးရ)လောက်သာ ပေးချင်သောအစိုးရ၊ ပြည်သူ
လူထုအပေါ် မစဉ်းစားသောအစိုးရဟာမျိုးနှင့်တွေ့
လျှင် Deadweight loss သည် စားသုံးသူများသာ
ရာနှုန်းပြည့်ခံရဖွယ်ရှိပါသည်။

ဒေါက်တာမောင်မောင်စိုး(ဘောဂဗေဒ)

Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO