Image

Thursday 7 April 2016

Harley-Davidson

Harley-Davidson

အမေရိကန် လူမျိုးတွေရဲ့ အသည်းနှလုံး လို့ တင်စားလေ့ရှိတဲ့ မော်တော်ဆိုင်ကယ် အမျိုးအစား အဖြစ်လူသိများပါတယ်။
အဓိက HD မှာ sub-brand အနေနဲ့ ၉ မျိုးရှိပါတယ်။
1. HARLEY-DAVIDSON STREET
2. SPORTSTER
3. DYNA
4. SOFTAIL
5. V-ROD
6. TOURING
7. S SERIES
8. CVO
9. TRIKE ဆိုပြီးတော့ပါ။
HARLEY-DAVIDSON STREET မှာ နှစ်မျိုး ထုတ်ပါတယ်။
HARLEY-DAVIDSON STREET 500 နဲ့ HARLEY-DAVIDSON STREET 750 ဆိုပြီးတော့ပါ။ရိုးရိုးရှင်းရှင်း အပေါ့စား ဒီဇိုင်းနဲ့ စွမ်းဆောင်ရည် အလယ်လတ်တန်းစား ဆိုင်ကယ် အမျိုးအစားတွေ ဖြစ်ပါတယ်။
SPORTSTER မှာတော့ အခွဲ ၆ မျိုး ထိ ထုတ်ပါတယ်။ SuperLow, Iron 883, 1200Custom, Seventy-Two , Forty-Eight , SuperLow 1200T ဆိုပြီးတော့ ဖြစ်ပါတယ်။ ပါဝါ ပိုမိုမြင့်မား ပြီး Classis style နဲ့ သာ ထွက်လာလေ့ ရှိတဲ့ အမျိုး အစားတွေပါ။
DYNA မှာတော့ မျိုးခွဲ ၅ မျိုး ခွဲခြားထုတ်ပါတယ်။ Street Bob , Low Rider , Fat Bob , Wide Glide , Switchback ဆိုပြီးတော့ ထုတ်ပါတယ်။ DYNA တွေမှာတော့ TwinCam engine , Raw custom style နဲ့ လက်ကိုင် ellipse လိုခပ်ကွေးကွေးလေးတွေပါပဲ။
SOFTAIL မှာတော့ ၆ မျိုး ခွဲထုတ်ပါတယ်။ Softail Slim, Fat Boy , Fat Boy Lo , Heritage Softail Classic, Softail Deluxe , Breakout ဆိုပြီးတော့ပါ။ Softail ကတော့ Dyna ကို နောက်ပိုင်းနဲ့ ဆီတိုင်ကီ ပြောင်းပေးလိုက်တာပါပဲ။
V-ROD မှာတော့ V-Rod Muscle နဲ့ Night Rod Special ဆိုပြီး နှစ်မျိုးအဓိက ထုတ်ပါတယ်။သူကတော့ Sleek Street style နဲ့ ထွက်ပါတယ်။
TOURING မှာတော့ Road King, Street Glide , Road Glide, Street Glide Special , Road Glide Special , Electra Glide Ultra Classic , Low , Road Glide Ultra , Ultra Limited , Ultra Limited Low ဆိုပြီးတော့ အမျိုးကွဲ ၁၀ မျိုး ထုတ်ပါတယ်။ Touring မှာ Custom made အတွက် သီးသန့် ဒီဇိုင်း ထုတ်ပေးတာမျိုးလည်း ရှိပါတယ်။ Touring မှာ သိသာတာကတော့ ရှေ့လေခွင်း ဒီဇိုင်ဟာ speed များများနဲ့ သွားဖို့ သင့်တော်သလို, ဒိုင်ခွက်တွေ ထည့်ဖို့ နေရာ တော်တော်လေးယူထားလေ့ရှိပါတယ်။
S-SERIES မှာတော့ အမျိုးကွဲ ၃ မျိုး သာရှိပါတယ်။ Low Rider S , Softail Slim S, Fat Boy S ဆိုပြီးတော့ပါ။ အဓိက ဒီ S model တွေဟာ ဒီဇိုင်း တူပြီး အသုံးပြုထား တဲ့ Exhaust, Handle , Brake , Engine စတာတွေ ကို အဆင့်မြင့်ထားတာမျိုးပါ။
CVO ကတော့ ကားအရွယ်အစားလောက် ရှိတဲ့ ဆိုင်ကယ်ကြီးတွေပါ။ အဓိက TOURING model တွေ ကို base ယူထားလေ့ရှိပါတယ်။ CVO Pro Street Breakout , CVO Street Glide , CVO Limited , CVO Road Glide Ultra ဆိုပြီးတော့ ၄ မျိုး ရနိုင်ပါတယ်။ CVO ကတော့ စီးနင်းသူ ၂ ယောက် သက်တောင့်သက်သာ ရှိစေမယ့် အပြင်၊ ပစ္စည်းထည့်စရာ locker တွေ အများကြီးပါလာလေ့ရှိပါတယ်။
TRIKE မှာတော့ Freewheeler နဲ့ Tri Glide Ultra ဆိုပြီး ဘီး ၃ ဘီး အမျိုးအစား ၂ မျိုးသာ ရှိပါတယ်။
အခြားသော Police series, Fire/Rescue series နဲ့ Special edition တွေလည်း ရှိပါသေးတယ်။
အမျိုးအစား အားလုံး ထဲမှာ ဈေးအပေါဆုံး ကတော့ Street model နဲ့ Sportster မော်ဒယ်တွေဟာ Brand new ကို ဒေါ်လာ ၁၀၀၀၀ အောက်သာ ကျသင့်ပါလိမ့်မယ်။ ဈေးအကြီးဆုံး ကတော့ CVO မော်ဒယ်တွေ ပါပဲ။ ဒေါ်လာ ၂၅၀၀၀ ကနေ ၄၀၀၀၀ လောက်ထိ ရှိပါတယ်။

လေ့လာမိသလောက် တင်ပြခြင်းဖြစ်ပါတယ်။
ဝေယံ



Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO