Image

Friday, 22 January 2016

သိထားရမည့် ဗဟုသုတများ

သိထားရမည့် ဗဟုသုတများ

(၁) ခေါင်းကိုက်နေပါသလား၊ သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး နဖူး တလျှောက် ပွတ်တိုက်ပေးပါ။ တဆစ်ဆစ် ကိုက်နေတာတွေသက်သာသွားပါလိမ့်မယ်

(၂) ခြင်ကိုက်လို့ယားနေပါလား၊ဆပ်ပြာနဲ့ အနည်းငယ် ပွတ်ပေးခြင်းဖြင့် ခဏတဖြုတ်သက်သာပါတယ်။။

(၃) သကြားအညိုတွေခဲနေပါက ပန်းသီးတစိပ်လောက်ထည့်လိုက်ပါ ချက်ချင်းအရည်ပျော်သွားပါလိမ့်မယ်။

(၄) တလတခါရာသီလာချိန်မှာ ကိုက်ခဲနာကျင်တတ်သူ အစ်မနဲ့ ညီမလေးတွေအတွက်ပါ၊ဒိန်ချဉ်ဘူးလေးပဲဖြစ်ဖြစ်၊ ရိုးရိုးဒိန်ချဉ်ကို သကြားလေးနဲ့ဖြစ်ဖြစ် ဖျော်သောက်ပါ။ ကိုက်ခဲတဲ့ နာကျင်မှုဝေဒနာတွေ သက်သာစေပါတယ်။

(၅) ပြောင်းဖူး ပြုတ်တဲ့အခါ ဆားလေးနည်းနည်းထည့်ပြီး ပြုတ်ကြည့်ပါ။ ပြောင်းဖူး ရဲ့ သဘာဝအချိုဓါတ်တွေ ထွက်လာစေပါတယ်။

(၆) ပုရွက်ဆိပ်ကလေးတွေ အိမ်မှာတန်းစီနေပါသလား၊ မြေဖြူ ခဲလေးနဲ့သာတားလိုက်ပါ။

(၇) ထမင်းအိုး ဟင်းအိုးတွေ တူးပီး ဂျိုးတွေ ကပ်နေပါက ပန်သီးနွာထားတဲ့ အခွံတွေထည့်ပြုတ်လိုက်ပါ။

(၈) ကြေးအိုး ကြေးဇွန်တွေ ပြောင်လက်စေချင်ရင် မန်ကျီးရွက်(မန်ကျီးအနှစ်ရည်)နဲ့တိုက်လိုက်ပါ။

(၉) မီးဖိုချောင်သုံးစတီးအိုးခွက်များကို သံလွင်ဆီ (Olive Oil / Baby Oil )သုတ်ပေးချင်းဖြင့် အရောင်တက်ပြီး အပြင်၊အစွန်းအထင်းတွေကိုပါ ဖုံးလွှမ်းပေးနိုင်ပါတယ်။

(၁၀) ရုံပတီသီးကြော်စားလို့ ချွှဲပစ်ပစ်ဖြစ်နေတာမကြိုက်ပါက ဟင်းအိုးချတဲ့အချိန်မှာ သံပုရာသီး တစိပ်ထည်လိုက်ပါ လုံးဝမချွှဲတော့ပါဖူး။

(၁၁) ကြက်သွန်နီနွာလို့ မျက်ရည်မကျချင်ရင် လှီးမယ့်ဓါးကို ဆားအနည်ငယ်သုတ်ပီး လှီးပါ။

(၁၂) အခန်းလုံတွေမှာ ဟင်းချက်ပီး ဟင်းနံ့တွေစွဲနေပါက ဖယောင်းတိုင် တတိုင်ထွန်းလိုက်ပါ အနံ့တွေပျောက်သွားပါလိမ့်မယ်။

(၁၃) ထမင်းစားချိန် ထမင်းစာပွဲမှာ ယင်ကောင်တွေလာနေပါက ဖယောင်းတိုင် တတိုင်ထွန်းလိုက်ပါ။

(၁၄) ရေချိုးခန်းထဲ မှိုတက်ခြင်း၊ ဂျေးတက်ခြင်းတွေကို ကာကွယ်ချင်ရင် baby oil သုတ်ထားလိုက်ပါ
အရောင်လွှင်ပြယ်တာကိုကာကွယ်တဲ့ အပြင် ၊မှိုတက်မဖြစ်တော့ပါဖူး။

(၁၅) သတင်းစာကို ရေ နဲ့ ရှာလကာရည် ဆွတ်ပြီး မှန်ကိုတိုက်လိုက်ပါ တခဏအတွင်း ကြည်ကြည်လင်လင်လေးဖြစ်လာပါလိမ့်။

(၁၆) ရေမှာပါတဲ့ ထုံးဓါတ်ကြောင့် အဖြူလေးတွေကို ရှာလကာရည် ကိုအသုံးပြုပြီး ဘေစင်ကိုစင်ကြယ်အောင် တိုက်ချွတ်နိုင်ပါတယ်။

(၁၇) ရေနွေးပူလေးထဲ ဇွန်းနှစ်ပီးမှ ပျားရည်ကို ခတ်ပါက ပျားရည်များ ဇွန်းမှာ ကပ်မနေဖူး။ အားလုံလဲ မှတ်ထားလို့ပျော်ရွင်ကြပါစေ။

(၁၈)ဥကပေါက်တဲ့ တိရိစ္ဆာန်တွေမှာ ချက်မရှိပါဘူး...

(၁၉) လူတစ်ယောက်သေဆုံးတဲ့အခါမှာ ပထမဆုံးပျောက်ဆုံးသွားတဲ့အာရုံက အမြင်အာရုံဖြစ်ပြီး... နောက်ဆုံးပျောက်ဆုံးသွားတာကတော့  အကြားအာရုံဖြစ်ပါတယ်...

(၂၀)လက်ရှိ ဖေ့စ်ဘွတ်အသုံးပြုနေသူအရေအတွက်ဟာ ၁၈၀၄ ခုနှစ်တုန်းက ကမ္ဘာ့လူဦးရေထက် ပိုများပါတယ်...

(၂၁) အရက်ဟာ အမျိုးသားတွေရဲ့ လိင်ဟော်မုန်းတွေကိုလျှော့ကျစေပေမဲ့ အမျိုးသမီးတွေကိုတော့ တိုးမြှင့်စေပါတယ်...

(၂၂)ငှက်ပျောသီးစားထားတဲ့လူတွေကို ခြင်ပိုကိုက်ပါတယ်...

(၂၃)shopping mall တွေရောက်တဲ့အခါ ချောမွေ့မာကျောတဲ့ မျက်နှာပြင်မှာ သူတို့ဖနှောင့်ကျသံ တဒေါက်ဒေါက်ကို ပြန်ကြားရတဲ့ အမျိုးသမီးတွေဟာ ဈေးပိုဝယ်ဖြစ်ကြပါတယ်..

(၂၄) ရင်သားကင်ဆာရောဂါဆိုတာနဲ့ လူတွေက အမျိုးသမီးတွေကိုပဲ ပြေးမြင်တတ်ကြပါတယ်... တကယ်တော့ အဲ့ဒီရောဂါဟာ အမျိုးသားတွေမှာလည်း ဖြစ်တတ်ပါတယ်...

(၂၅)ဂီတသံဟာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုဝေဒနာနှစ်မျိုးလုံးကို သက်သာစေပါတယ်...

(၂၆) လူတစ်ယောက်ဟာ ချစ်သူရည်းစားရပြီဆိုတာနဲ့ ပျမ်းမျှအားဖြင့် သူငယ်ချင်းမိတ်ဆွေ နှစ်ယောက်လောက်ကို ဆုံးရှုံးကြရပါတယ်...

(၂၇) ပျားရည်ထုတ်နိုင်တဲ့ ပျားကောင်တွေဟာ အနံ့ခံခွေးတွေလိုပဲ ဗုံးနဲ့ မူးယစ်ဆေးဝါးတွေကို အနံ့ခံနိုင်အောင်
လေ့ကျင့်ပေးလို့ရပါတယ်...

(၂၈) ကမ္ဘာပေါ်မှာရှိတဲ့ တိရိစ္ဆာန်တွေအားလုံးအနက်မှာ သားပိုက်ကောင်တွေကသာ လေမလည်တာပါ...

(၂၉) ဆေးလိပ်မီးညှိရာမှာသုံးတဲ့ မီးခြစ်မျိုးတွေကို မီးခြစ်ဘူးနဲ့ မီးခြစ်ဆံကိုသုံးတဲ့ မီးခြစ်မျိုးတွေထက် အရင်စောပြီး တီထင်ခဲ့ကြပါတယ်...

(၃၀) လီယိုနာဒိုဒါဗင်ချီဟာ သူ့ရဲ့ အထင်ရှားဆုံးပန်းချီကားဖြစ်တဲ့ မိုနာလီဇာပန်းချီကားမှာ လက်မှတ်ရေးထိုးခြင်း ဒါမှမဟုတ် ရက်စွဲတပ်ခြင်းကို လုံးဝမပြုလုပ်ခဲ့ပါဘူး...

(၃၁) မြေငလျင်လှုပ်နေတဲ့အချိန်မှာ ပိုးဖလံတွေဟာ မပျံသန်းနိုင်ပါဘူး....

(၃၂) တောင်ဝင်ရိုးစွန်က ရေခဲမြစ်တွေထဲက သုံးရာခိုင်နှုန်းနီးပါးဟာ ပင်းဂွင်းငှက်တွေရဲ့ ဆီးတွေဖြစ်ပါတယ်...

(၃၃) ရေမြှုပ်ကျောက် (pumice) ဟာ ရေမှာပေါ်နိုင်တဲ့ တစ်မျိုးတည်းသော ကျောက်ဖြစ်ပါတယ်...

(၃၄)ကုလားအုတ်နို့ဟာ အချဉ်ပေါက်ခြင်း ပျက်ခြင်းမရှိပါဘူး...

(၃၅) သင့်ခြေဖဝါးဟာ သင့်လက်ဖျံနဲ့ အလျားတူပါလိမ့်မယ်... သင့်လက်မ ဟာလည်းသင့်နှာခေါင်းနဲ့ အရှည်တူပါလိမ့်မယ်... သင့်နှုတ်ခမ်းရဲ့အလျားက လက်ညှိုးအရှည်နဲ့ တူနေပါလိမ့်မယ်...

(၃၆)အမျိုးသားတွေရဲ့ ရွပ္အက်ႌၾကယ္သီးဟာ ညာဘက္မွာရွိၿပီး အမ်ိဳးသမီးရွပ္အက်ႌၾကယ္သီးကေတာ့ ဘယ်ဘက်မှာတပ်ထားကြပါတယ်...

(၃၇) အီဂျစ်နိုင်ငံ ဂီဇာမြို့မှာရှိတဲ့ မဟာပိရမစ်ကြီး (Great Pyramid) ဟာ အပူချိန် ၆၈ ဒီဂရီဖာရင်ဟိုက်မှာ ပုံသေထိန်းထားနိုင်ပါတယ်...

(၃၈) အုန်းသီးနုနုထဲမှာရှိတဲ့ အုန်းရည်ကို သွေးရည်ကြည်အဖြစ် အစားထိုးအသုံးပြုနိုင်ပါတယ်...

(၃၉) ဂါလီဗာရဲ့ ခရီးစဉ်များ စာအုပ်ကိုရေးသားခဲ့သူ Jonathan Swift ဟာ မားစ်ဂြိလ်ရဲ့ ဂြိုလ်ရံလနှစ်စင်းဖြစ်တဲ့ Phobos နဲ့ Deimos တို့ရဲ့ အရွယ်အစားအတိအကျနဲ့ သူတို့ရဲ့ လှည့်ပတ်နေတဲ့နှုန်းကို ရှင်းလင်းဖော်ပြခဲ့ပါတယ်... သူရေးသားခဲ့တဲ့ကာလဟာ အဲ့ဒီလတွေကိုရှာဖွေတွေ့ရှိခဲ့တဲ့ အချိန်ထက် နှစ်ပေါင်း ၁၀၀ လောက်စောတဲ့ အချိန်ကဖြစ်ပါတယ်...။

Credit - original writer

Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO