Image

Wednesday 20 January 2016

ပုဇွန်အစိမ်းသုပ်

ပုဇွန်အစိမ်းသုပ်
×××××××××××

ပါဝင်ပစ္စည်းနှင့်ပြုလုပ်နည်း

ပုဇွန်အစိမ်း - ဆယ်ကောင်

ကြက်သွန်ဖြူ - လေးမြောင်း

ငရုပ်သီးစိမ်း - ငါးတောင့်

ယိုးဒယားငံပြာရည် - ၂ဇွန်း စားပွဲတင်ဇွန်း

သံပုရာရည် - ၂ဇွန်း

ဟင်းခပ်မှုန့် - တစ်ဇွန်း လ္ဘက်ဇွန်း

သကြား - တစ်ဇွန်း လ္ဘက်ဇွန်း

နံနံပင်အရိုး - တစ်ဇွန်း( နုတ်နုတ်စင်း)စားပွဲတင်ဇွန်း

နံနံပင် - အလှဆင်ရန်

(၁)လပ်ဆပ်သောပုဇွန်ဆယ်ကောင်ကိုအမြီးချန်ပြီးအခွံခွာပါ။ကျောခွဲပြီးပြန့်အောင်ဖြန့်ပြီးရေဆေးသန့်စင်ထားပါ။

(၂)ကြက်သွန်ဖြူ၃မြောင်းကိုနုတ်နုတ်စင်းပြီးတစ်မြောင်းကိုပါးပါးစိတ်ထားပါ။

(၃)ငရုပ်သီးစိမ်းနှင့်နံနံပင်အရိုးကိုနုတ်နုတ်စိတ်ထားပါ။

(၄)ပန်းကန်လုံးတခုတွင်ကြက်သွန်ဖြူ၊ငရုပ်သီး၊နံနံရိုးစင်းထားသည်တို့ကိုထည့်ပြီးငံပြာရည်၊သံပုရာရည်၊ဟင်းခတ်မှုန့်၊သကြားတို့ကိုထည့်၍မွေပေးပါ။

(၅)အရသာလိုအပ်ပါကဖြည့်စွက်ပါ။

(၆)ချဉ်ငံစပ်အရသာရပါကရေဆေးသန့်စင်ထားသောပုဇွန်ကိုဆော့ထဲတွင်ထည့်ပြီးမွေပေးပါ။

(၇)ပွဲပြင်မည့်ပန်းကန်တွင်ပုဇွန်များကိုဖြန့်၍စီထည့်ပြီးအပေါ်မှကျန်ဆော့များအားလုံးကိုဆမ်းပေးပါ။နံနံပင်ဖြင့်အလှဆင်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။

Credit: : :Sofia

Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO