Image

Friday 22 January 2016

သမုဒယကျောင်း

"သမုဒယကျောင်း "

အတူဆုံ၊
တစ်အူတုံ တစ်ကယ်မဆင်းကြပေမယ့်၊
သူငယ်ချင်းဘဝနဲ့၊
ငယ်စာရင်းက … အတန်းဖေါ်။
ပြန်မလွမ်းပြီလား၊
ကျောင်းခန်းမှာ စာအတူသင်၊
ကျောင်းပြင်မှာ စာအတူကျက်၊
ရည်ရွယ်ချက်တွေ အစပျိုးရင်း၊
“ဘဝပျိုးခင်း” ဆိုတဲ့ သည်ကျောင်းတော်။
သည်ကျောင်းမှာ ဘဝကိုစ၊
သည်ကျောင်းမှာ ဘဝကို ထုဆစ်၊
နုမျစ်သူတွေပုံလောင်း၊
လောကရဲ့ကောင်းကျိုး
“အကောင်း” … “အဆိုး” … “ဓမ္မ” .. “အဓမ္မ” .. ဝေခွဲ၊
အနေရဲစို့ … မှန်းရည်မျှော်၊
တစ်လမ်းစီနော် …
(ကြီးတော့) … တို့တတွေကွဲ။
ဆရာ၊ ဆရာမတွေနဲ့၊
တခါကတပည့်တွေ ကံမကုန်လို့၊
ပြန်အဆုံ ပျော်စရာကြီးပေပဲ၊
တပည့်တွေလဲ (လည်း) ဆံပင်ဖြူ၊
အသွင်မတူ ဇရာဖက်၊
အသက်တွေ အရွယ်ရပေမယ့်၊
ငယ်ဘဝ စာသင်ခန်းကို၊
ဘာမြင်မြင် အကုန်လွမ်းတာပဲ၊
ခုံတန်းမှာ ငယ်အရိပ်တွေက၊
ငယ်စိတ်ဝင် အမှတ်တရတွေနဲ့၊
ဖြတ်မရအောင် … အခုဘဝ .. အနုသယ … ဝဲမှာ၊
(သူငယ်ချင်းရယ် …) သမုဒယနဲ့စွဲ။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO