Image
Showing posts with label POEM. Show all posts
Showing posts with label POEM. Show all posts

Sunday, 24 April 2016

ဘယ်သူ့ကြောင့်လည်း

ဘယ်သူ့ကြောင့်လည်း

အစားမတော်တစ်လုပ်
အသွားမတော်တစ်လှမ်း
သူတို့ဘဝဇာတ်သိမ်းခန်း
သူများနိင်ငံနေတရားမဝင်
အများအမြင်နေပေမဲ့ အသိတရား
ခေါင်းပါး အချိန်ကိုမနှမျော
သောက်နေရယင်ကျေနပ်
ပေးတာယူကျွေးတာစား
အနေမတတ်အထိုင်မတတ်
အမျိုးဂုဏ်သားရည်ချိုးနှမ်
ဟိုတစ်စုသည်တစ်စု
အဖေါ်ြုပု ဘီယာကို
ရေလိုသဘောထား
သောက်နေတာများ
သံယောဇဉ်တွေမေ့
ကိုယ့်ရပ်ကိုယ့်မြေမဟုတ်တဲ့ဒေသ
ခြေချတာတောင်
အပျော်အပါးကိုအလေးထား
အန္တရယ်ကိုမသိအတိအကျက
စိတ်ကိုဖြေဖျောက် အရက်သောက်
သောကကိုဖျောက်
အဆင်ပြေသည်
မပြေသည် သူရာနဲ့ညှိမည်
သူတိုတွေအပြောက
မသောက်မစား လူ့ငနွား
သောက်သောက်စားစား လူ့မင့်သား
ထားပါလေ
ကဲ့ခုတော့
သူတို့ဘဝလေးတွေ
သူရာနဲ့စ
သူရာနဲ့ဆုံးခုတော့ဘဝတုန်းပြီလေ
သောက်သောက်စားစား
အမူ့များ
ကဲခုကြည့်လေ
လူ့မင်းသားတွေ
အမူ့အခင်းနဲ့ညားနေပြီ
အာ့တာတွေက
ဘယ်သူ့ကြောင့်လည်း
ဆရာမင်းကျော် ရဲ့
အဖြူကိုဘယ်သူအနက်
ဆိုးတာလည်းလို့ ....

မင်းနိုင် ခေတ္တရာ

Share:

Friday, 15 April 2016

မျော်လင့်ခြင်း

ကိုယ်ကအချစ်ခံရမယ်ထင်ခဲ့ပေမယ့်
ကိုယ်ကချည်းချစ်ရတဲ့အခါ
ကိုယ့်အဖြစ်ကို ပြုံးမိတယ်...

ကိုယ့်ကိုဂရုစိုက်စေချင်ပေမယ့်
တခါတလေကိုယ်ကချည်း
ဂရုစိုက်ရတဲ့အခါ
ကိုယ့်အဖြစ်ကိုကြေကွဲမိတယ်...

ကိုယ့်ကိုသတိရစေချင်ပေမယ့်
ကိုယ်ကချည်း သတိရနေတဲ့အခါ
ကိုယ့်အဖြစ်ကိုနာကျင်မိတယ်...

တကယ်တော့
တချို့တွေဟာ ကိုယ်ကပေးမလိုလိုနဲ့
ကိုယ့်ဆီကပြန်ယူသွားတတ်ကြတာ
ပိုများပါတယ်...


Share:

Monday, 15 February 2016

အန်တီလေးများ … သို့

အန်တီလေးများ … သို့

ဆက်ပဲ ကူးရတော့ မလို
ကမ်းပဲ ပြန်လှည့်ရတော့ မလို
တွေဝေနေရင်တော့ ရေနစ်တော့မယ့်အဖြစ်

သင်တန်း ကလပ်စ်ကလည်း မတက်ချင်
ဒေးကလပ် မသွားသင့်တော့သလို
ကျိုက်ကလပ်ဘုရားလည်း မသွားချင်သေးဘူး

ဝတ္တု တစ်အုပ်ဆို …
နိဒါန်းလည်းမက နိဂုံးလည်းမကျ
ကျော်ဖတ်လို့လည်းမရတဲ့ စာမျက်နှာတွေ

၁၆ . ၁၈ လို တခစ်ခစ်လည်း မရယ်ရဲ
၃၀ + လို ခပ်မာမာလည်း မနေရဲ
ဒေါက်လည်း မစီးသင့်
စလစ်ပါလည်း မစီးချင်
စကတ်လည်း မဝတ်သင့်
ပါတိတ်အရောင်တုံးလည်း မဝတ်ချင်တဲ့အရွယ်

တကယ့်ကို ဇကောဇက
အစိမ်းလား ဆိုတော့လည်း မဟုတ်သေး
အမှည့်လား ဆိုတော့လည်း မဟုတ်ပြန်ဘူး

၁၀၀ ပဲ ပေးစီးရ မလို
၂၀၀ ပဲ ပေးစီးရ မလို
တစ်ကယ့်ကို ဇကောဇက ခရီး . . .

အရှင်ဆန္ဒာဓိက စာအုပ်လည်း ဖတ်သင့်
ဂျူး စာအုပ်လည်း ဖတ်ချင် …
အာနာပါနကို ရှု့ချင်သလို
ကိုကို / မောင်မောင် လို့လည်း ချွဲချင်သေးတယ့် အချိန်

ကံကြမ္မာက မောင်မောင်အေးကြီး လေသံနဲ့
ဒီနေရာမှာ ရပ်ရင်
ဆရာဝန် ရမယ်
အင်ဂျင်နီယာ ရမယ်
ကဗျာဆရာ ရမယ် နဲ့ လာလာညှိတယ် . . .

မစီးဖူး ဆိုရင်တော့
တစ်သက်တာ လုံး
လမ်းလျှောက် ရတော့မှာ ကျိန်းသေတယ် …

နောက် Bus နည်းနည်းတော့ လာနိုင်ပါသေးတယ်
ဒီ Bus နဲ့ လိုက်သွားလည်း ဖြစ်တယ်
( အဲကွန်းပါ / မပါတော့ ကံတရားပဲ )

*124# ဆိုပြီး လက်ကျန်သက်တမ်းကို ပြန်ကြည့်ရင်း
ကောင်လေး ချောချောလေး တစ်ယောက်လောက်
အချိန်ရှိတုန်း ဒေါင်းလော့ ဆွဲထားသင့်တယ့် အရွယ် . . .

Credit - ကိုလင်း


Share:

Sunday, 31 January 2016

ဆုတောင်း

             ဆုတောင်း

ငါသည် အရှိန်အဝါကိုမမက် အလိမ္မာကို
နှစ်သက်သူ ဖြစ်ရပါလို၏ ။

ငါသည် အကြွားအဝါကိုမမက် တရားရှာခြင်းကို
နှစ်သက်သူဖြစ်ရပါလို၏ ။

ငါသည် အချစ်တဏှာကိုမမက် မေတ္တာအစစ်ကိုသာ
နှစ်သက်ရပါလို၏ ။

ငါသည် လောကဓံကို မကြောက် သဘောမမှန်မှာကိုသာ
ကြောက်ရပါလို၏ ။

ငါသည် သူတစ်ပါးအားမနှိပ်စက်
ငါ့အားနှိပ်စက်လာသူများအားလည်း သည်းခံနိုင်သူ
ဖြစ်ရပါလို၏ ။

ငါသည် အပေါင်းအသင်းမများမှာ မကြောက်
အပေါင်းအသင်းမှားမှာကိုသာ ကြောက်ရပါလို၏ ။

ငါပြု,စု ထား ကုသိုလ်အားကြောင့် အများဝေနေ ချမ်းသာစေ
ငါ့ပိုင်ဆိုင်ထား ငါ့စွမ်းအားဖြင့် အများအကျိုးဆောင်နိုင်စေ..
ငါ့အားထုတ်ထားပုညအားကြောင့်
ငါအား သံသရာလွတ်မြောက်စေ....

Share:

Friday, 22 January 2016

နှမလက်လျှော့ နေလေတော့

“နှမလက်လျှော့ နေလေတော့” (အင်းဝ စာဆိုတော်- ရှင်မဟာရဌသာရ)

ရှင်မဟာရဌသာရကို မြန်မာနှစ် (၈၃၀) ပြည့်နှစ် (ခရစ်နှစ် ၁၄၆၈) တွင် အင်းဝမြို့၌မွေးဖွားခဲ့သည်။ ငယ်အမည်မှာ မောင်မောက်ဖြစ်သည်။ မင်းဆွေမင်းမျိုးဖြစ်၍ နန်းတွင်းတွင် ကြီးပြင်းခဲ့သည်။ ၀ရစက္ကပါလမထေရ်နှင့် သီဟိုဠ်ရောက် ဆရာတော်ကြီးတို့ထံတွင် နက္ခတ်၊ ဗေဒင်၊ ဆန်း၊အလင်္ကာ၊ ပျို့ကဗျာ နှင့် ပါဠိသက္ကတ စသည်တို့ကိုသင်အံလေ့လာခဲ့သည်။ ၁၂ နှစ်သားအရွယ်ကပင် ကဗျာရေးဖွဲ့ခဲ့သည်။ ဘူရိဒတ်လင်္ကာကို ၁၆ နှစ်သားကရေးဖွဲ့ခဲ့သည်။ ရှင်မဟာရဌသာရသည် အင်းဝခေတ် ပျို့ကဗျာလောကကို ဦးဆောင်ပျိုးထောင်ခဲ့သူတစ်ဦးဖြစ်သည်။ ဘူရိဒတ်ဇတ်ပေါင်းပျို့၊ ကိုးခန်ပျို့၊ ဂမ္ဘီသရပျို့၊ သံဝရပျို့ စသည် တို့သည် ရှင်မဟာရဌသာရ၏ လက်ရာများဖြစ်သည်။ တံတားဦးတည်မော်ကွန်း ၊ပုံတောင်နိုင်မော်ကွန်း၊ ရွှေစက်တော်သွားတော်လားနှင့် ဆုံးမ စာများ၊ ရတုများကိုလည်းရေးဖွဲ့ခဲ့သည်။ နောက်ဆုံးရေးခဲ့သောပျို့မှာ သံဝရပျို့ဖြစ်သည်။ မြန်မာနှစ် ၈၉၂ ခန့်(ခရစ်နှစ် ၁၅၃၀ ခန့်) သက်တော် ( ၆၂ ) နှစ်တွင် ပျံလွန်တော်မူသည်။
ရှင်မဟာရဌသာရသည် ကိုရင်ဘ၀မှာပင် ရည်းစားရှိပြီး ပညာပြည့်စုံသောအခါတစ်အိုးတစ်အိမ် ထူထောင်ရန် ရည်ရွယ်ထားခဲ့သည်။ ရှင်မဟာရဌသာရ၏ ဆရာက လောကီတွင်နေထိုင်ခြင်းထက် လောကုတ္တရာတွင်နေထိုင်ခြင်းက ပို၍ကောင်းကြောင်းကို ဆုံးမသွန်သင်ခဲ့သည်။ ရှင်မဟာရဌသာရသည် စာတော်သူတစ်ဦးလည်းဖြစ်သည်။ လောကုတ္တရာတွင်နေထိုင်ပါက ပို၍အကျိုးရှိပြီး၊ သာသနာတော်အကျိုး သယ်ပိုးရာတွင်လည်း ပိုကောင်းမည် ဖြစ်ကြောင်းကို အကျိုးအကြောင်းပြပြီး ဆုံးမခဲ့သည်။ ထိုအခါရှင်မဟာရဌသာရသည် ဆရာဆုံးမစကားကိုနားထောင်ကာ၊ သာသနာ့အကျိုးသယ် ပိုးပြီး ရဟန်းအဖြစ်နှင့်ပင် နေထိုင်တော့မည်ဖြစ်ကြောင်း၊ မိမိကိုမမျှော်လင့်တော့ဘဲ လက်လျှော့ လိုက်ရန်ချစ်သူအား အောက်ပါ “နှမလက်လျှော့နေလေတော့” ပျို့ကိုရေးသားလိုက်ပါတော့သည်။

    (  နှမလက်လျှော့ နေလေတော့ )(ပျို့ )

၁။ ပုရေနိသင်၊ ဆက်တိုင်းကြင်၍၊ အိမ်ရှင်အစစ်၊ ငယ်ကျွမ်းချစ်နှင့်၊ ထပ်ရစ်လက်သင်၊  ထုံးစတွင်၌၊ သွေးငင်ကြမ္မာ၊ ၀ါသနာကြောင့်၊ ဆရာမိဘ၊ ကွပ်ဆုံးမလည်း၊ ချစ်စထုံးနှောင်၊ ပျော်ရအောင်ဟု၊ သန်းခေါင်မဟူ၊ အတူယှဉ်တွဲ၊ သန်လွှဲမခန့်၊ ကိုယ်သက်စွန့်၍၊ဝေးဓွန့်ခရီး၊ ချုံကြီးတောစုံ၊ ၀ါးရုံဝါးထွေး၊ သစ်ကျားဘေးကို၊ မတွေးဆံဖျား၊ မလေး စားတည့်၊ တရားသံဝေ၊ အောက်မေ့ချေသော်၊ ကြေးငွေဂဟေ၊  မစပ်လေသို့၊ စာပေတတ်ပွန်၊ သီလက္ခန်နှင့်၊ ကျမ်ဂန်သိမြောက်၊ ပဉ္စင်းရောက်က၊ ထပ်လောက်ကျင့်ဖွယ်၊အဘယ်ကြိုးစားရှာ လေတော့မည်။

၂။ လူ့မြေထိတွင်၊ ဘက်မမြင်သား၊ သန့်စင်ငယ်က၊ လက်တော်လှနှင့်၊ ချိန်းချစေ့ရေး၊မှာစာခွေကို၊ စသေလိပ်ပြီး၊ ခင်းနှီးကွက်ကျယ်၊ ပြောင်မျိုးခြယ်၍၊ ဆင်စွယ်ဝန်းယှက်၊မွေးမက်ရက်သည်၊ အသက်တို့က၊ဆက်လှာရလည်း၊ မူလသိက္ခာ၊ ဆုံးမစာနှင့်၊ ငါးဖြာဝိနည်း၊ စောင့်စည်း ပညတ်၊   အပ်တိတသွား၊ ဆံတဖျားမျှ၊ မမှားအာရုံ၊ ကာမဘုံကို၊မမြုံရချေ၊ သေငယ်သေစွ၊ ကမ္ပလွေရင်ပိုက်၊ တကိုက်လည်းကျွတ်၊ စာလက်လွတ်၍၊ ဖြစ်တတ်ဘိသည်၊ သင်္သာရှည်ခဲ့၊ ဖန်လည်ရဟတ်၊ တပတ်ပတ်လျှင်၊ အနတ္တဒုက္ခ၊ အနိစ္စလည်း၊ နှလုံးပူစွ၊ ပေးလှူ စွန့်ကြ၊ သည်ဘ၀တွင်၊ နှမလက်လျှော့၊  နေလေတော့ဟု၊ချစ်ပေါ့မကြုံ၊ ညှိုးငယ်ပုံစွ၊ ရှက်ဟုံကြေးကြုပ်၊ ချမင်းတုပ်သို့၊ စိတ်ချုပ်မဖွင့်၊ ပျံလွင်မေတ္တာ၊ ကရုဏာနှင့်၊ တဏှာလောဘ၊ ဒေါသမြှေးထူ၊ရမ္မက်မြူကို၊ ဘယ်သူနှိုးရှာလေ တော့မည်။

၃။ ဆုဝေဘိချင်၊ ငယ်ကျွမ်းဝင်နှင့်၊ သို့ပင်တာရှည်၊ ပျော်ရမည်ဟု၊ ညောင်စည်သများ၊မြို့ရှေ့ပါးဝယ်၊ ထင်ရှားကျော်ဟိုး၊ ရုက္ခစိုး၌၊ ပုဆိုးကြာညွန့်၊ ပိတ်လျှပ်တွန့်ကို၊ ဖြန့်၍တံ့ ငယ်မည်မြွက်ဟ၊ နှုတ်သံမြနှင့်၊ ခက်မတစ်ထောင်၊ ပညောင်စောင့်တတ်၊ ရှင်နတ်မြတ်ကို၊ တိုင်မှတ်သက်သေ၊ ပြုမိပေရှင့်၊ မကွေသစ္စာ၊ ၀ါသနာကြောင့်၊ ရုပ်ဝါပျိုရွယ်၊သနးဖွယ်ဘိ၊ရှေးနှယ်ကြိုးကုပ်၊ ချမင်းတုပ်နှင့်၊ ခွက်မြှပ်ခါညီ၊ နာရီမောင်းချ၊ ဒေသနမိတ်၊ သက်ကြီးဆိတ်လည်း၊ မမှိတ်မျက်တောင်၊ သည်းခေါင်ဆူလည်၊ ရှိလိမ့်မည်ဟု၊ လွမ်းသည်ထပ်ဆင့်၊ဖူးချိန်သင့်ကို၊ မျှော်လင့်ခိုးရှာ လေတော့သည်။

(အင်းဝ စာဆိုတော်- ရှင်မဟာရဌသာရ)

Share:

အသုံးဝင်လျက် တန်ဖိုးမဲ့

အသုံးဝင်လျက် တန်ဖိုးမဲ့

မျက်ကန်းတစ်ယောက်အတွက်
မှန်တစ်ချပ်ဟာ အလကားပဲ....။

စိတ်ဓာတ်ယုတ်ညံ့သူအတွက်
ပညာတတ်ခြင်းဟာ အလကားပဲ....။

တွန့်တိုတတ်သူ အတွက်
ကြွယ်ဝခြင်းဟာ အလကားပဲ....။

အရည်အချင်း မရှိသူအတွက်
အရေးပါမှုဟာ အလကားပဲ....။

ကြိုးစားအားထုတ်မှု မရှိသူအတွက်
ကံတရားရဲ့ဖေးမမှုဟာ အလကားပဲ....။

ရိုးသားမှုမရှိသူအတွက်
လောကသစ္စာတရားဟာ အလကားပဲ....။

သင်ခန်းစာမယူတတ်သူအတွက်
ဘဝအတွေ့အကြုံတွေဟာ အလကားပဲ....။

အတ္တကြီးသူအတွက်
ကိုယ်ချင်းစာတရားဆိုတာ အလကားပဲ....။

စာနာစိတ်မရှိသူအတွက်
မေတ္တာတရားဟာ အလကားပဲ....။

မခံစားတတ်သူအတွက်
အနုပညာဟာ အလကားပဲ....။

ဆင်ခြင်နိုင်စွမ်းမရှိသူအတွက်
အတွေးအခေါ်တွေဟာ အလကားပဲ....။

သဒ္ဓါတရား မရှိသူအတွက်
ကုသိုလ်ဆိုတာ အလကားပဲ....။

ကုသိုလ်မရှိသူအတွက်
အသက်ရှင်ရခြင်းဟာ အလကားပဲ....။

Share:

သမုဒယကျောင်း

"သမုဒယကျောင်း "

အတူဆုံ၊
တစ်အူတုံ တစ်ကယ်မဆင်းကြပေမယ့်၊
သူငယ်ချင်းဘဝနဲ့၊
ငယ်စာရင်းက … အတန်းဖေါ်။
ပြန်မလွမ်းပြီလား၊
ကျောင်းခန်းမှာ စာအတူသင်၊
ကျောင်းပြင်မှာ စာအတူကျက်၊
ရည်ရွယ်ချက်တွေ အစပျိုးရင်း၊
“ဘဝပျိုးခင်း” ဆိုတဲ့ သည်ကျောင်းတော်။
သည်ကျောင်းမှာ ဘဝကိုစ၊
သည်ကျောင်းမှာ ဘဝကို ထုဆစ်၊
နုမျစ်သူတွေပုံလောင်း၊
လောကရဲ့ကောင်းကျိုး
“အကောင်း” … “အဆိုး” … “ဓမ္မ” .. “အဓမ္မ” .. ဝေခွဲ၊
အနေရဲစို့ … မှန်းရည်မျှော်၊
တစ်လမ်းစီနော် …
(ကြီးတော့) … တို့တတွေကွဲ။
ဆရာ၊ ဆရာမတွေနဲ့၊
တခါကတပည့်တွေ ကံမကုန်လို့၊
ပြန်အဆုံ ပျော်စရာကြီးပေပဲ၊
တပည့်တွေလဲ (လည်း) ဆံပင်ဖြူ၊
အသွင်မတူ ဇရာဖက်၊
အသက်တွေ အရွယ်ရပေမယ့်၊
ငယ်ဘဝ စာသင်ခန်းကို၊
ဘာမြင်မြင် အကုန်လွမ်းတာပဲ၊
ခုံတန်းမှာ ငယ်အရိပ်တွေက၊
ငယ်စိတ်ဝင် အမှတ်တရတွေနဲ့၊
ဖြတ်မရအောင် … အခုဘဝ .. အနုသယ … ဝဲမှာ၊
(သူငယ်ချင်းရယ် …) သမုဒယနဲ့စွဲ။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

Share:

Thursday, 21 January 2016

သံသရာခရီးသည်

သံသရာခရီးသည်

ငါ့ရဲ့ခရီးလမ်းက
ဘယ်ထိရှည်လဲ ငါမသိချင်ဘူး ......
ငါ့ရဲ့ အချိန်တွေ
ဘယ်လောက်ကျန်သေးလဲ ငါမသိချင်ဘူး ......
ငါ့ မျှော်လင့်ချက်တွေ
ဘယ်နေ့ပြည့်မလဲ ငါ မတွေးချင်ဘူး ......
ငါ့သောကတွေ
ဘယ်ချိန်ကင်းဝေးမလဲ ငါ မစဉ်းစားချင်ဘူး ......

ငါ လျှောက်နေတဲ့လမ်းမှာ
ငါ သွားနေတဲ့ခရီးမှာ
ငါ့ပန်းတိုင်မရောက်သေးသမျှ
တွေ့သမျှ လူ ကူညီ
သူတို့လိုတာပေး
သူတို့အတွက် ရေတစ်စက်အဖြစ်
ငါရပ်တည်အုံးမှာပါ။

ငါ့လိုဒဏ်ရာတွေနဲ့ ...
ငါ့လို အနာတွေနဲ့ ..
ငါ့လို မျက်ရည်တွေနဲ့ ....
ငါ့လို လမ်းပျောက်မသွားအောင် ....
ငါ့လို စိတ်ဓာတ်မပြိုလဲအောင် ...
သွန်သင်ပေးအုံးမှာပါ။

အလဲလဲ အကွဲကွဲနဲ့
ငတ်တလှည့် ပြတ်တလှည့်
ငါသွားနေတဲ့ အချိန်မှာ
ကူညီမယ့်လူ ဖေးမမယ့်လူ
တစ်ယောက်မှ မရှိခဲ့ပေမယ့်
ငါ့ဆီလာရင်တော့
အကောင်းဆုံးလက်ဆောင်တွေ
ငါ ပြန်ပေးမှာပါ။

ဒီဘ၀ ဒီမျှ နဲ့
ရှိသမျှ ၀ဋ်ကြွေးတွေ
ကျေ ပါစေတော့လို့
ငါ ပြု သမျှ ကုသိုလ်တိုင်းမှာ ဆုတောင်း
မွိန္ပ် ပ်  တောင် မမြင်ရသေးတဲ့
ပန်းတိုင်ဆီကို တရွေ့ရွေ့လှမ်းနေတဲ့ငါ

ငါဟာ ..
ခဏအလည်လာတဲ့ သံသရာခရီးသည်ပါ.....။

Share:

Wednesday, 20 January 2016

ပါရမီဖြည့်ဖက်

ပါရမီဖြည့်ဖက်.....

အချစ်ဆုံးရေ ....
ဒီရက်ပိုင်း ချစ်တယ်ဆိုတဲ့စကားတွေ...
မင်းကြားရနည်းချင်နည်းလိမ့်မယ်...
မင်းအတွက် အချစ်ကဗျာတွေ....
မြင်ရကျဲချင်ကျဲလိမ့်မယ်....
တို့တွေ အချစ်အကြောင်း....
ခဏလောက် မေ့ထားရအောင်နော်....
တို့နှစ်ယောက် သုံးတာဖြုန်းတာလေးတွေလျှော့....
ဒုက္ခရောက်နေသူတွေ ပိုလှူလိုက်ကြရအောင်…..
အဝတ်အစားတွေ ဝယ်တာလေးတွေလျှော့....
အဝတ်မရှိသူတွေအတွက် ဝယ်ပေးကြရအောင်....
စားတာသောက်တာလေးတွေလျှော့....
မစားနိုင်မသောက်နိုင်တဲ့သူတွေကို....
ပိုလှူကြရအောင်....
အပိုဝင်ငွေလေးတွေစု....
လစဉ် သူတို့အတွက် ဒါနပြုရအောင်....
ကိုယ့်ကိုတကယ်ချစ်ရင်.....
မင်းလည်းလှူ....
ကိုယ်လည်းလှူ.....
သဒ္ဒါကြည်ဖြူ.....ဒါနတူလို့....
သံသရာမှာ....
အလှူဒါယိကာ အလှူဒါယိကာမ....
အတူဖြစ်လိုက်ကြစို့လားကွယ် ။

(ကျောင်းသူကျောင်းသားတွေဆို မုန့်ဖိုးစုလှူ
အလုပ်လုပ်သူတွေဆို သုံးတာဖြုန်းတာလေးတွေလျှော့လှူ
ချစ်တဲ့သူတွေလည်းတိုက်တွန်း
အတူလှူကြပါစို့ ………….။)

Credit to -သက်ဆိုင်သူ

Share:
Image
Image
Image
HlAiNg MyO Design by HLAiNg MyO