Image

Friday 22 January 2016

ကထိန်ပွဲတော်အကြောင်း သိကောင်းစရာများ

ကထိန်ပွဲတော်အကြောင်း သိကောင်းစရာများ

The tradition of Kathina celebration
(အင်္ဂလိပ် - မြန်မာ နှစ်ဘာသာဖြင့် ဝေငှလိုက်ပါသည်)

Holding the Katina celebration is to mark the end of the three-month Vassa Vasa Period; a rainy retreat when monks are allowed to be invited to stay in a temple. To send off the monks, gifts of robes and the eight requisites are presented to the monks. This presentation of gifts can be made at any time within a month from full moon of October (Thadinkyut) to full moon of November (Tazaungmon).

ကထိန်သင်္ကန်းကပ် ပွဲတော်ယဉ်ကျေးမှုကို ကျင်းပရခြင်းသည် ရဟန်းတော်များ ၀ါတွင်းသုံးလ ကျောင်းတော်အတွင်း သီးတင်းသုံးမှု ပြီးမြောက်သည့် အထိမ်းအမှတ် အနေအားဖြင့် ကျင်းပကြခြင်းဖြစ်ပါတယ်၊ ၀ါဆိုဝါကပ်ခြင်း ပြီးဆုံးသည့် အနေအားဖြင့် ကထိန်သင်္ကန်းနှင့် (၈)ပါးသော ပရိက္ခရာများကို ထိုဝါဆိုဝါကပ်ပြီးသော ရဟန်းတော်များအား ကပ်လှူကြခြင်းဖြစ်ပါတယ်၊ ဒီကထိန်သင်္ကန်းကပ်ပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်း ကျင်းပခွင့် လှူဒါန်းခွင့်ရှိပါတယ်။

In a temple only one Kathina celebration can be held and the Kathina robes can be made by individuals or a group of individuals, once a year, in this month. This makes it a rare opportunity to do so. Also, one characteristic of offering Kathina robe is that it is an offer made to the Sangha as a whole and not to an individual monk.

ကထိန်သင်္ကန်းကပ်ပွဲတော်ကို တစ်နှစ်လျှင် တစ်ကျောင်းမှာ ထိုတစ်လအတွင်း တစ်ကြိမ်သာ ကျင်းပခွင့်ရရှိပြီး ထိုကထိန်သင်္ကန်းကို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကဖြစ်စေ စုပေါင်း၍ဖြစ်စေ ကပ်လှူခွင့်ရှိပါတယ်၊ ထိုအရာသည်ပင် ထူးခြားစွာ ရခဲတဲ့ အခွင့်ကောင်း အခွင့်အရေးတစ်ခု ဖြစ်ပါတယ်၊ ကထိန်သင်္ကန်း ကပ်လှူရခြင်း၏ အခြားထူးခြားတဲ့ လက္ခဏာတစ်ခုကတော့ ထိုကထိန်သင်္ကန်း ကပ်လှူခြင်းက တစ်သာသနာလုံးရှိ ရဟန်းသံဃာအားလုံးကို ရည်မှန်း၍ ကပ်လှူခြင်းဖြစ်ပြီး ရဟန်းပုဂ္ဂိုလ် တစ်ပါတည်းကို ရည်ရွယ်၍ လှူဒါန်းခြင်းမျိုး မဟုတ်ပါ။

The Sangha refers to the vast collection of monks all over the world, those monks who are enlightened as well as those who are yet to be enlightened. Also the Sangha refer to all the Buddha’s disciples from the time of Sariputta and Moggalana, in this way Kathina robe offering becomes a special gift.

သံဃာဟူသည် တစ်ကမ္ဘာလုံးရှိ ပုထုဇဉ် ရဟန္တာ ရဟန်းတော်များ အားလုံးကို ရည်ညွှန်းပြောဆိုခြင်းဖြစ်ပြီး မြတ်စွာဘုရား လက်ထက်တော်အချိန်က အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန်စတဲ့ မြတ်ဗုဒ္ဓ၏ တပည့်သား သာဝကရဟန်းတော်များ အားလုံးကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်ပါတယ်၊

Members of the Sangha who received the Kathina robes must observe certain rules. They must have spent three months stay in the temple during the Vassa period. They cannot stay overnight outside the monastery unless invited and even then, they cannot be away from the monastery more than seven days. At the end of this three-month period the Sangha performs the “invitation ceremony” for monks to confess their wrong doing and promise to correct them “Promptly and dutifully”.

ကထိန်သင်္ကန်း အလှူခံခွင့် ရရှိနိုင်သော ရဟန်းတော်များမှာ ၀ါတွင်းသုံးလ ကာလပတ်လုံး ၀ါမကျိုးမပြတ် မိမိဝါဆိုသော ကျောင်းတိုက်အတွင်းမှာ ၀ါဆိုဝါကပ်တော်မူပြီး ဖြစ်ရပါမယ်၊ ကျောင်းတိုက်ပြင်ပမှာ ၀ါပန်ထားခြင်းမရှိပဲ ညအိပ်ခွင့်မရှိပါ၊ သံဃာ့ကိစ္စ မိဘကိစ္စနှင့် အကြောင်းကြီးငယ်အားလျော်စွာ ပင့်ဖိတ်ထားခြင်းရှိပါက ၀ါပန်၍ ညအိပ်ခွင့်ရပြီး (၇)ရက်အတွင်း မိမိဝါဆိုရာ ကျောင်းတိုက်မှာ ပြန်လည်သီတင်းသုံးရပါမယ်၊ ၀ါတွင်းသုံးလ ၀ါဆိုဝါကပ်ပြီးသောအခါ ရဟန်းတော်များ အချင်းချင်း ကာယကံ ၀စီကံ မနောကံတို့ဖြင့် ပြစ်မှားကျူးလွန်မိပါက မိမိတို့၏အပြစ်များ အမှားများကို ၀န်ချတောင်းပန် ကန်တော့ခြင်းနှင့် ဆုံးမပြောဆိုပေးခြင်းတို့အတွက် ဖိတ်ကြားသည့် သံဃပ၀ါရဏာပွဲ ပြုလုပ်ရပါမယ်။

In old days materials were presented to the Sangha and had to be dyed in saffron colour. On Kathina Day itself the materials had to be sewn up to make into a monk’s robe. Nowadays, ready-made robes can be purchased for Kathina presentation.

ရှေးခေတ်ကတော့ ကထိန်လျာသင်္ကန်းအတွက် အ၀တ်အထည်တွေကို အ၀ါရောင်ဆိုးပြီး ကထိန်သင်္ကန်းကပ်တဲ့နေ့မှာပဲ ရဟန်းတော်များ ၀တ်ရုံမည့် သင်္ကန်းများအဖြစ် နေ့ချင်းပြီးချုပ်စပ် သိမ်ထဲမှာ ညတ်ကမ္မ၀ါဖြင့် ကထိန်ခင်းရပါတယ်၊ ယခုခေတ်မှာ ကထိန်သင်္ကန်းကပ်လှူရန်အတွက် အဆင်သင့် ချုပ်ဆိုးပြီး (Ready Made) သင်္ကန်းများ ၀ယ်ယူလှူဒါန်းနိုင်ကြပြီ ဖြစ်ပါတယ်။

Robes and gifts received during Kathina celebration have to be shared among the monks present but there is the One Kathina Robe that cannot be shared by many. It is given to one monk who will be selected as the chosen one, decided upon by the authority of the Sangha.

ကထိန်ခင်းသောနေ့မှာ လက်ခံရရှိသော ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ရဟန်းသံဃာတော်များ၏ မျက်မှောက်မှာ ခွဲဝေကြရပါတယ်၊ ကထိန်ခင်းမယ့် ညတ်သင်္ကန်းကြီးကိုတော့ သံဃာကရွေးချယ်ဆုံးဖြတ်ပေးတဲ့ ရဟန်းတစ်ပါးသာ လက်ခံရရှိမှာဖြစ်ပါတယ်။

Offering made during the Kathina ceremony bring five types of benefits to the donors:
1. Safe journeys during travels;
2. Never suffer shortage of food and never be harmed by poisoned food;
3. Never suffer loss from robbery or theft;
4. Never suffer from natural disasters;
5. Accomplishment for plans set out to do.

ကထိန်သင်္ကန်းကပ်လှူကြတဲ့ ဒကာဒကာမများ ရရှိကြတဲ့ အကျိုးတရား (၅)ပါး ရှိပါတယ်။
၁။ သွားလေရာရာ အန္တရာယ်ကင်းခြင်းအကျိုး
၂။ အစားအစာရှားပါးခြင်း၊ အစာအဆိပ်သင့်ခြင်းမှ ကင်းဝေးရခြင်းအကျိုး
၃။ သူခိုး ဓားပြဘေးမှ ကင်းဝေးရခြင်းအကျိုး
၎။ သဘာဝဘေးအန္တရာယ်မှ ကင်းဝေးရခြင်းအကျိုး
၅။ ကြံတိုင်းအောင် ဆောင်တိုင်းပြီးမြောက်ရခြင်းအကျိုး - တို့ဖြစ်ပါတယ်။
May all of you be well, happy and peaceful!
May all of you be able to attain Nibbana!
အားလုံး ကျန်းမာချမ်းသာ၍ ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။
နိဗ္ဗာန် မဂ်ဖိုလ်ကို ရက်တိုတိုနှင့် မျက်မှောက်ပြုနိုင်ကြပါစေ။

မေတ္တာဖြင့် -
အရှင်ဥဇ္ဇောတ (စင်္ကာပူဓမ္မရောင်ခြည်)

(ပြန်လည်မျှဝေပါသည်)

Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO