Image

Friday 22 January 2016

မျက်စိရောဂါနှင့်ကမ္ဘာ

မျက်စိရောဂါနှင့်ကမ္ဘာ

ကမ္ဘာပေါ်တွင် မျက်စိကွယ်သူနဲ့အ မြင်အာရုံချို့ယွင်းသူများမှာ ၂ဝ၁၅ခုနှစ် စက်တင်ဘာလ ကုန်အထိ ၂၈၅သန်းခန့်ရှိနေကြပြီး ၎င်းင်းအြမင် အာရုံချို့ယွင်းသူများ၏ ရာခိုင်နှုန်း၈ဝမှာ ကာ ကွယ်ကုသ၍ရနိုင်သောအေခြအေနကောင်း များရှိနေကြောင်း သိရပါတယ်။ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ဝင်နိုင်ငံများအားလုံးက နှစ်စဉ် အောက် တိုဘာလ၏ ဒုတိယရက်သတ္တပတ် ကြာသပ တေးနေ့ကိုကမ္ဘာ့မျက်မြမင်ပေပျာက်ရေးနေ့ (World Sight Day)အြဖစ် သက္ကရာဇ်၂ဝဝဝ ပြည့်နှစ်မှစ၍ ကျင်းပလာခဲ့ကြပါတယ်။

မျက်စိရောဂါနှင့်မြန်မာပြည်

မြန်မာနိုင်ငံတွင် အမျိုးသားအြမင်သန် စွမ်းရေး(Vision 2020)  အစီအစဉ်ကို သက္က ရာဇ်၂ဝဝြဝပည့်နှစ် အောက်တိုဘာ ၁ဝရက် နေ့မှစတင်၍ အေကာင်အထည်ဖော်စတင်ခဲ့ ပါတယ်။ ၂ဝ၁၅ခုနှစ် အောက်တိုဘာလအထိ လေ့လာဆန်းစစ်မှုမှတ်တမ်းများအရ မြန်မာ နိုင်ငံတွင် လူဦးရေ ၅၂သန်းခန့်ရှိရာ ၎င်းင်းတို့ အနက် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်စား သောက်နိုင်စွမ်းမရှိလောက်အောင် မျက်စိအ မြင်အာရုံချို့ယွင်းနေသူဦးရေမှာ ဝ ဒသမ ၆ ရာခိုင်နှုန်းကျော်ရှိနေကြောင်း သိရပါတယ်။

မျက်စိအြမင်အာရုံချို့ယွင်းစေသောအေကြာင်းများ

မျက်စိရောဂါအမျိုးမျိုး၊ မေတ်ာတဆထိ ခိုက်မိခြင်း(သို့)လုပ်ငန်းခွင်မှထိခိုက်မှုအန္တရာယ်၊ အာဟာရချို့တဲ့ခြင်း၊ ဆီးချို(သို့) သွေးတိုး (သို့) ကျောက်ကပ်ရောဂါတို့အတွက် သုံးစွဲလျက် ရှိသော ပဋိဇီဝေဆးဝါးများ၏ ဘေးထွက်ဆိုး ကျိုးများ စသည်တို့ကြောင့် အြမင်အာရုံပျက် စီးနိုင်သလို မျက်စိကိုအလွန်အကျွံသုံး၍ ဂိမ်း ဆော့ခြင်း၊ ကွန်ပျူတာကြည့်ခြင်း၊ ဖုန်းကစား ခြင်း၊ စာကြည့်ခြင်း၊ နေရောင်ခြည်အောက် ဦး ထုပ်၊ ထီး၊ နေကာမျက်မှန် စြသဖင့် အကာ အကွယ်မပါဘဲသွားလာခြင်း၊ ဆေးလိပ်အရက် သောက်ခြင်း၊ အသားမှုန့်များနှင့် အချိုမှုန့်ကဲ့ သို့ ဓာတုပစ္စည်းများကိုစားသောက်ခြင်းတို့က လည်း မျက်စိချို့ယွင်းစေတဲ့အေကြာင်းတရား များပါပဲ။

(၁) မျက်စိအတွင်းတိမ်ရောဂါ

အသက်အရွယ်ကြီးသူတွေမှာ အြဖစ်များ ပါတယ်။ အတွင်းတိမ်ရောဂါ၏ လက္ခဏာများ မှာ- မျက်စိအြမင်တြဖည်းဖြည်းမှုန်ဝါးလာခြင်း၊ မျက်စိသူငယ်အိမ်နေရာတွင် ဖြူနေခြင်း၊ နီ ရဲခြင်းမရှိဘဲ နာကျင်ကိုက်ခဲခြင်း၊ မျက်မှန်ပါဝါ အနီးကြည့်၊ အေဝးကြည့်အားလုံးအဆင်မေပြ တော့ဘဲ မြကာခဏ မျက်စိစမ်းသပ်၍ မျက် မှန်ပါဝါပြောင်းလဲနေရြခင်း၊ မျက်စိအြမင်တစ် ဖက်နဲ့တစ်ဖက်မတူညီဘဲ ပုံရိပ်များထပ်ခြင်း (သို့)ကြည်လင်မှုမရှိခြင်းတို့ဖြစ်ပါတယ်။ အ တွင်းတိမ်ရောဂါအတွက် မျက်စိကိုခွဲစိတ်ပြီး မျက်တွင်းမှန်(IOL)ထည့်ခြင်းဖြင့် ပကတိအ တိုင်း အြမင်အာရုံကြည်လင်စေမှာဖြစ်သလို Phaco Machine ဖြင့် အတွင်းတိမ်ကိုချေ၍ ခွဲစိတ်ကုသနည်းဖြင့်လည်းကုသနိုင်ပါတယ်။

အတွင်းတိမ်ရောဂါအတွက် ဓာတ်စာများ မှာ (က)သေဘင်ာ်သီးထဲတွင်ပါရှိသော rho-dopsin (ခေါ်) ဗီတာမင်အေဓာတ်ပေါင်းစု နှင့်ဗီတာမင်စီတို့က မျက်စိသွေးလည်ပတ်မှု ကိုအေထာက်အကူပြုပေးသြဖင့် အြမင်အာ ရုံတိုးတက်ပြီး မျက်စိအားကောင်းစေကာ ကြက် မျက်သင့်ရောဂါ၊ အတွင်းတိမ်နှင့် အသက်အ ရွယ်ကြီးရင့်၍မျက်စိကွယ်ခြင်းတို့ကိုကာကွယ် ပေးပါတယ်။ (ခ) ကွမ်းရွက်က အတွင်းတိမ်၊ ဒဏ်တိမ်ရောဂါတို့ပျောက်ကင်းနိုင်ပါတယ်။ ကွမ်းရွက်ကိုဒဂင်ါ်းပြားစေ့ခန့် အဝိုင်းပြုလုပ်၍ ကပ်ပါ (သို့) ကွမ်းရွက်တစ်ရွက်လုံးကို မျက်စိအ ရွယ်အေပါက်ဖောက်၍လည်းကပ်နိုင်ပါတယ်။ (ဂ) ပင်စိမ်းရွက်ထဲမှာ ဖေလဗိုနွိုက်ဒြပ်ပေါင်း ပါရှိ၍ သက်ကြီးပိုင်းအြမင်အာရုံချို့ယွင်းခြင်း၊ အတွင်းတိမ်နှင့်မျက်စိအာရုံခံလွှာသို့ ခရမ်း လွန်ရောင်ခြည်ကျေရာက်ခြင်းမှ ကာကွယ်ပေး နိုင်ပါတယ်။ မွေးရာပါမျက်စိမှုန်ခြင်း၊ မျက်စိ အောင့်ခြင်း၊ စူးခြင်း၊ ကိုက်ခဲခြင်းများအတွက် နေ့စဉ် ပင်စိမ်းရွက်ငါးရွက်ခန့်စားပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။ (ဃ) နိုင်ငံတကာစိုက်ပျိုးရေးသုတေသနပညာရှင် အဖွဲ့၏မှတ်တမ်းများအရ ပြောင်းဖူးဟာ အ သက်ကြီး၍အြမင်အာရုံခံလွှာပျက်စီးခြင်းနှင့် အတွင်းတိမ်ရောဂါတို့ကို ကာကွယ်ပေးနိုင် ကြောင်း၊ မွေးရာပါကေလးများ မျက်စိကွယ် ခြင်းကိုတားဆီးနိုင်ကြောင်း အြကံပြုထားပါ တယ်။ (င) တိမ်ဂမုန်းပင်(ခေါ်) ဂမုန်းတိမ်ပြာ က မျက်စိအတွင်းတိမ်ရောဂါအတွက် လွန် စွာဆေးဖက်ဝင်ပါတယ်။ တိမ်ဂမုန်းပင်၏ဥ ကိုတူးယူ၍ နေရိပ်တွင်အေခြာက်လှန်းပြီး အ မှုန့်ကြိတ်ပါ။ ၎င်းင်းအမှုန့်ကို ပျားရည်ဖြင့်ရော ၍ မန်ကျည်းစေ့ခန့်အရွယ်လုံးထားကာ ည စဉ် တစ်လုံးစီသောက်ပါ။ ၎င်းင်းအမှုန့်ကို မြကာ ခဏရှူပေးပါ။ ၎င်းင်းအမှုန့်ကို အဝတ်သန့်သန့် တွင်ထည့်၍ မျက်စိပေါ်ကို ၁ဝမိနစ်ခန့်အုပ် ထားပါ။ တိမ်ဂမုန်း၏ဥကိုပြုတ်၍ ၎င်းင်းပြုတ် ရည်ဖြင့်မျက်နှာသစ်ပါ။ မျက်စိကိုဆေးကြော ပေးပါ။ (စ)တစ်ကြိမ်ကို မိနစ် ၄ဝခန့်၊ တစ် ပတ်ကိုလေးကြိမ် လမ်းလျှောက်လေ့ကျင့်ခန်း လုပ်ပါ။ ဤနည်းက မျက်စိအတွင်းဖိအားတွေ လျှော့ချနိုင်ပြီး အတွင်းတိမ်မြဖစ်အောင် ကာ ကွယ်ပေးနိုင်ပါတယ်။ (ဆ)ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ် သောက်ခြင်းကြောင့် အတွင်းတိမ် စွဲရောဂါဖြစ်စေနိုင်ပါတယ်။

(၂)မျက်စိရေတိမ်ရောဂါ

ရေတိမ်ရောဂါမှာ (၁)ထောင့်ကျဉ်းရေ တိမ်နှင့်(၂)ထောင့်ကျယ်ရေတိမ်ဟူ၍ နှစ်မျိုး ရှိပါတယ်။ (၁)ထောင့်ကျဉ်းရေတိမ်၏လက္ခ ဏာများမှာ-မျက်စိကိုက်ခြင်း၊ မျက်စိနီခြင်း၊ အြမင်အားရုတ်တရက်မှုန်သွားခြင်း၊ မီးအိမ် မီးလုံးများကြည့်ပါက သက်တံ့ရောင်အဝိုင်းများ မြင်ရြခင်း၊ မျက်စိသူငယ်အိမ်ကျယ်နေခြင်းတို့ ဖြစ်ပြီး မျက်စိအတွင်းရေဖိအားများလာ၍ မျက် စိအာရုံကြောပျက်စီးနိုင်သြဖင့် မေပါ့ဆသင့် ပါဘူး။ (၂) ထောင့်ကျယ်ရေတိမ်၏လက္ခဏာ များမှာ မျက်စိအြမင်တြဖည်းဖြည်းမှုန်လာခြင်း၊ အြမင်တစ်ဖက်နှင့်တစ်ဖက်မတူညီခြင်း၊ မျက် စိမြင်ကွင်းကျဉ်းလာခြင်း၊ မိမိ၏တစ်ဖက်တွင်ရှိ သောအရာဝတ္ထုပစ္စည်းများကိုမြမင်ရေတာ့ဘဲ ခလုတ်တိုက်ထိခိုက်မိခြင်းတို့ဖြစ်ပါတယ်။

မျက်စိရေတိမ်ရောဂါအတွက် ဓာတ်စာ များမှာ (က)ကန်စွန်းရွက်စားသုံးပေးခြင်းဖြင့် သက်ကြီးပိုင်း အြမင်အာရုံချို့တဲ့ခြင်း၊ မျက်ရည် ပူကျခြင်း၊ မျက်စိကွယ်ခြင်းနှင့်ရေတိမ်ရောဂါ တို့ကိုကာကွယ်နိုင်ကြောင်း အေမရိကန်ဆေး သိပ္ပံပညာရှင်များက အြကံပြုထားပါတယ်။ (ခ) မင်းကွတ်သီးစားပါ။ (ဂ) flavonoids  ပါသော စပျစ်သီးကိုမှန်မှန်စားပေးခြင်းဖြင့် မျက်စိအတွင်းတိမ်ရောဂါ၊ ရေတိမ်ရောဂါနှင့် အသက်အရွယ်ကြီးချိန်တွင် ဖြစ်လေ့ရှိသော အစက်အေပြာက်များပေါ်ကာ အြမင်အာရုံချို့ ယွင်းမှုများကို ၃၆ ရာခိုင်နှုန်းကျော်လျော့ပါး သက်သာစေပါတယ်။ (ဃ) နနွင်းမှုန့်စစ်စစ်ကို နေ့စဉ် လက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံလောက် သောက်ပေးခြင်းက ရေတိမ်စွဲခြင်းကိုမဆိုးရွား လာအောင် ထိန်းထားပေးနိုင်ပါတယ်။ (င) မျက်စိလေ့ကျင့်ခန်းလုပ်ခြင်းနဲ့ယောဂကျင့်ခြင်း တို့က မျက်စိရဲ့သွေးလည်ပတ်မှုအားကောင်း စေပြီး မျက်စိကို ကျန်းမာလာစေနိုင်ပါတယ်။ (စ) မြင်းခွာရွက်ကိုမှန်မှန်စားပေးခြင်းဖြင့် အ မြင်အာရုံကိုကြည်လင်ကောင်းမွန်စေပြီး မျက် စိရေတိမ်ရောဂါကို မြဖစ်စေပါဘူး။

(၃) မေတ်ာတဆထိခိုက်မိခြင်း (သို့) လုပ် ငန်းခွင်မှ ထိခိုက်မှုအန္တရာယ် ခိုက်ရန်ဒေါသ ဖြစ်ခြင်းနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် များက မျက်စိ၊ မျက်ခွံနှင့်မျက်နှာဝန်းကျင်ရှိ အရိုးများကျိုးပဲ့ပျက်စီးပြီး အြမင်အာရုံကိုထိ ခိုက်စေပါတယ်။ အမှိုက်၊ ဖုန်၊ သဲ၊ ခဲ၊ သစ် သားစ၊ မီးပွား၊ သံမှုန်၊ ပိုးကောင် စြသဖင့် မျက်စိ အတွင်းသို့ ဝင်ပါက မျက်ရည်ယိုခြင်း၊ မျက်စိ နာခြင်း၊ မျက်စိနီခြင်းတို့ဖြစ်စေကာ ဆိုးဆိုး ရွားရွားအေခြအေနမှာ မျက်စိကွယ်သွားနိုင် ပါတယ်။ ဖော်ပြပါ မေတ်ာတဆထိခိုက်အန္တ ရာယ်မျိုးနှင့်ကြုံတွေ့လာပါက မေပါ့ဆသင့်ဘဲ နီးစပ်ရာမျက်စိကုဌာနသို့ အြမန်ဆုံးသွားပြ ၍ ကုသမှုခံယူပါ။ အကယ်၍ အက်ဆစ်(သို့)ထုံး(သို့)ရေမွှေးတို့ မျက်စိထဲဝင်ပါက ဦးစွာမျက်စိကိုဖွင့်ပြီးရေများများလောင်းပါ။ ပြီးရင် မျက်စိကုဌာနသို့ ဆောလျင်စွာပြသပါ။

(၄) မျက်ခမ်းစပ်ရောဂါ

မျက်ခမ်းစပ်ရောဂါကြောင့် မျက်ခွံနှင့် မျက်တောင်မွေးစိုက်ပြီး နောက်ဆက်တွဲ ပြ ဿနာအြဖစ် မျက်ကြည်လွှာမှာ အနာဖြစ်စေ နိုင်ပါတယ်။ ရောဂါဖြစ်ပါက Tetracycline  မျက်စဉ်းကို တစ်နေ့နှစ်ကြိမ်ခတ်ထားပေးရ ပါမယ်။မျက်ခမ်းစပ်ရောဂါအတွက် ဓာတ်စာ များမှာ (က)ကြိတ်မှန်ရွက်ပÍ္စငါးပါးကို နုပ်နုပ် စဉ်းပြီးသား ၂၅ကျပ်သား၊ ထန်းလျက် သန့် သန့် ၁ဝကျပ်သား၊ အရည်ည§စ်ပြီးသား ရှောက် သီးဖတ် ၁ဝ ကျပ်သား၊ ကြက်သွန်နီ ပါးပါး လှီးပြီးသား ၁ဝကျပ်သား၊ စမုန်မျိုးငါးပါး (ဇီယာ- စမုံစပါး-စမွတ်-စမံဖြူ-စမုန်ဖွဲ) အမှုန့်နှစ်ပဲ သားစီ လိုအပ်ပါတယ်။ ၎င်းင်းဆေးအစုတို့ကို အိုးသစ်တစ်လုံးထဲတွင် ဆားသင့်ရုံနှင့်ရေသင့် ရုံထည့်ပါ။ ပြီးနောက် မီးဖိုတွင် ယိုထိုးသလို ထိုးပါ။ ယိုအြဖစ်သို့ရောက်လာပါက အေအးခံ ၍သန့်စင်သောဘူးတွင်ထည့်ပြီး အစာနှင့်ဝေး ချိန် နံနက်အိပ်ရာထ-နေ့လယ်-ညအိပ်ရာ ဝင် တစ်နေ့သုံးကြိမ် စားပေးပါ။ (ခ) တစ်ကိုယ် ရေသန့်ရှင်းမှုဖြင့်ကာကွယ်ပါ။ (ဂ) အြမဲတေစ သန့်ရှင်းသောရေဖြင့် မျက်နှာသစ်ပါ။ (ဃ) အြမဲတေစ မျက်နှာသုတ်ပဝါ၊ တို့ဖတ်ပဝါ၊ လက် ကိုင်ပဝါတို့ကို မိမိတစ်ဦးတည်း သီးသန့်သုံးစွဲပါ။

(၅) အာဟာရချို့တဲ့၍ဖြစ်သောမျက်စိရောဂါ

အထူးသြဖင့် ကေလးငယ်တွေမှာ အြဖစ် များပါတယ်။ ကေလးငယ်များ ဖျားနာ၊ ဝမ်း လျှော၊ ဝက်သက်ရောဂါဖြစ်ပွားခြင်း၊ ဗီတာ မင်အေချို့တဲ့ခြင်း၊ အစားအစာများတွင် အာ ဟာရဓာတ်နည်းပါးခြင်း၊ ငယ်ရွယ်စဉ်က မိခင် နို့စို့ခွင့်မရခဲ့ခြင်း စသည်တို့ကြောင့် ကေလး များမှာ မျက်စိအားနည်းခြင်းနှင့်မျက်စိရော ဂါတွေဖြစ်လာနိုင်ပါတယ်။

ကေလးမျက်စိအားကောင်းစေမယ့် ဓာတ် စာများမှာ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ကွေကာ အုပ်၊ ဥအမျိုးမျိုး၊ အစိမ်းရင့်ရောင်ဟင်းသီး ဟင်းရွက်များဖြစ်ကြသော ဟင်းနုနယ်ရွက် နှင့်ဗိုလ်စားပဲသီးများ၊ အဝါရောင်အသီးအနှံ များဖြစ်ကြသော လိမ္မော်သီး၊ ကန်စွန်းဥအဝါ (ရွှေကန်စွန်းဥ)၊ မုန်လာဥနီ၊ သခွားမွှေးသီး၊ သေဘင်ာ်သီး၊ မက်မွန်သီး၊ သရက်သီးမှည့်များ၊ ပဲပင်ပေါက်၊ ကြက်အသည်း (အထူးသြဖင့် ကြက်ဆင်အသည်း)၊ အမဲအသည်း၊ ပင်လယ် ငါးတို့ဖြစ်ပါတယ်။

(အထူးသတိပြုရန်)

မျက်စိအေဝးမှုန်ရောဂါ၊ မွေးရာပါ အ တွင်းတိမ်ရောဂါ၊ ကြက်မျက်သင့်ရောဂါ၊ အ မြင်အာရုံလွှာကင်ဆာရောဂါ၊ မျက်စိစွေစာင်း ရောဂါ၊ မျက်ရည်အိတ်မပွင့်ခြင်းစြသဖင့် မွေး ကင်းစအရွယ်မှစြပီး ကျောင်းမတက်မီအရွယ် အတွင်းတွေမှာဖြစ်တတ်၍ မိဘများအေနဖြင့် မိမိရင်သွေးငယ်များ၏အြမင်နှင့် မျက်စိအ နေအထားတို့ကို တစ်ဖက်စီ စစ်ဆေးပေးပါ။

(၆) ဆီးချို၊ သွေးတိုးရောဂါများကြောင့် နောက် ဆက်တွဲဖြစ်ပွားသည့် မျက်စိရောဂါ

မျိုးရိုးလိုက်ခြင်း၊ ပတ်ဝန်းကျင်အေခြအ နေ၊ နေထိုင်စားသောက်မှုပုံစံမမှန်ခြင်း၊ စိတ် ဖိစီးမှုများခြင်း၊ အေညာင်းထိုင်ခြင်း၊ ကျန်းမာ ရေးလိုက်စားမှုအားနည်းခြင်း၊ မွေးရာပါရော ဂါစသည်တို့ကြောင့် ကမ္ဘာနှင့်တစ်ဝန်း ဆီးချို နဲ့သွေးတိုးရောဂါဖြစ်ပွားနှုန်းမြင့်မားလျက်ရှိ ကြပါတယ်။ ၎င်းင်းရောဂါများ၏နောက်ဆက် တွဲအြဖစ် အြမင်အားကျဆင်းလာခြင်း၊ ရုတ် တရက်မျက်စိကွယ်သွားခြင်း၊ အြမင်အာရုံလွှာ ပျက်စီးခြင်း၊ အြမင်အာရုံလွှာသွေးကြောပေါက် ခြင်း စသည်တို့ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ၎င်းင်းဝေဒနာရှင်များဟာ မျက်စိရောဂါပြဿ နာများမှ ကြိုတင်ကာကွယ်ထားသည့်အေန ဖြင့် ထိုရောဂါရှိကြောင်း စတင်သိရှိချိန်မှစ၍ မျက်စိကုဌာနသို့ စောစီးစွာ ကြိုတင်စစ်ဆေး ၍ ကာကွယ်ကုမှုခံယူသင့်ပါတယ်။ တတ်ကျွမ်း သည့်ဆရာဝန်များက ခေတ်မီလေဆာစက်ဖြင့် ကုသြခင်း၊ မျက်စိတွင်းသို့ဆေးထိုး၍ကုသြခင်း တို့ဖြင့် မျက်စိရောဂါကို ကာကွယ်ပေးနိုင်ပါ တယ်။

( ပေါက်ပေါက်)

Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO