Image

Friday 22 January 2016

ဘီယာဗိုက်ပိုင်ရှင်များက အမျိုးသမီးများအတွက် ဆွဲဆောင်မှုပိုရှိ

ဘီယာဗိုက်ပိုင်ရှင်များက အမျိုးသမီးများအတွက် ဆွဲဆောင်မှုပိုရှိ

Plussizeလို့ခေါ်တဲ့ဝဝဖြိုးဖြိုးပုံစံအမျိုးသားတွေအတွက်သတင်းကောင်းဖြစ်ပါတယ်အမျိုးသမီးတွေဟာ သာမန်အမျိုးသားတွေထက် ဝဝဖြိုးဖြိုးအမျိုးသားတွေကိုသာ ပိုပြီးလိုချင်ကြတယ်လို့ ဗြိတိန်မှာလုပ်တဲ့ စစ်တမ်းတစ်ခုကဖော်ပြလိုက်ပါတယ်ဒါကြောင့်ဘီယာဗိုက်ပိုင်ရှင်တွေအတွက်တော့ကျန်းမာရေးရှုထောင့်ကမကြည့်ဘူးဆိုရင် ဒါဟာ သဘောကျစရာ သတင်းတစ်ရပ်ဖြစ်ပါတယ်။ အသက် ၁၈ နှစ်နဲ့အထက် ဗြိတိန်အမျိုးသမီးပေါင်း ၂၅၄၄ ဦးကို မေးမြန်းခဲ့ရာမှာ အများစုက ဝဝဖြိုးဖြိုးအမျိုးသားတွေနဲ့ ချစ်ခင်စုံမက်လိုကြတယ်လို့ ရေးသားထားတာ ဖြစ်ပါတယ်။ ဖြေဆိုကြတဲ့အထဲမှာ ၃၈ ရာခိုင်နှုန်းသော အမျိုးသမီးတွေက ရွေးချယ်လို့ရမယ်ဆိုရင် ဝဖြိုးတဲ့ အမျိုးသားတွေကိုသာ ချစ်သူအဖြစ် ရွေးလိုကြတယ်လို့ ဖြေထားပါတယ်။ ဘာလို့ plus-size အမျိုးသားတွေကို ကြိုက်နှစ်သက်ရလဲဆိုတဲ့ အကြောင်းရင်းကိုတော့ ဒီလိုအမျိုးသား အများစုဟာ သူတို့ထက် ချစ်သူအမျိုးသမီးကို အရင်ဦးစားပေးတက်တာကြောင့်ပါလို့ ဖြေဆိုကြပါတယ်။ဝဝဖြိုးဖြိုး အမျိုးသားတွေပြီး အမျိုးသမီးတွေ ဒုတိယကြိုက်နှစ်သက်သူ အမျိုးသားတွေကတော့ အားကစားသမားလို့ခေါ်တဲ့ ခန္ဓာကိုယ်တောင့်တင်းကြည့်ကောင်းသူတွေဖြစ်ကြပါတယ်။ ဒါပေမယ့် ဒီလိုအမျိုးသားတွေကို ကြိုက်နှစ်သက်တဲ့ အမျိုးသမီးက ၂၁ ရာခိုင်နှုန်းပဲရှိပါတယ်။ အမျိုးသမီးတွေ နှစ်သက်တာ အနည်းဆုံးအမျိုးသားတွေပုံစံကတော့ ပိန်ပိန်ပါးပါး ပုံစံဖြစ်ပါတယ်။

Source - metro

Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO