Image

Friday, 22 January 2016

ကြက်ဆီထမင်း

ကြက်ဆီထမင်း

ရှမ်းဆန် ၂လုံး
ကြက်ပေါင် ၄ပေါင်
ကြက်ဆီဖတ်(အရေခွံ) ၁၀သား
ကြက်ရိုး ၁၀သား
စပါးလင် ၁ပင်
ဂျင်း ၁လက်မ ခန့် ၁တုံး
ဆား အနည်းငယ်
သကြား ။
ပဲအနောက်ရည် ။
ငရုတ်ကောင်း ။
ခရုဆီ ။
ကြက်သွန်ဖြူ ၁၀မွှာ

-ကြက်ဆီဖတ်(အရေခွံ)များကို ဆီအနည်းငယ်ထည့်၍ ကြော်
ပါ။ကြက် အရေခွံများကို ဖယ်ပြီး ကြက်သွန်ဖြူ ၅မွှာနုတ်နုတ်
စင်း ဂျင်း ၅ပြားခန့် ပါးပါးလှီးပြီးဆီ ချက်ချက်ထားပါ။

-ကြက်ပေါင် ၄ပေါင် နှင့် ကြက်ရိုးကို ရေဆေးပြီး ကြက်သွန်ဖြူ ဂျင်း စပါးလင်
ဆားအနည်းငယ်ထည့်ပြီးပြုတ်ထားပါ။ပြုတ်နေ
စဉ် အပေါ် အမြုပ်များကို ဖယ်ပြစ်ပြီး ၃၀မိနစ် ခန့်ပြုတ်ထားပါ။
ကြက်သားနူးလျှင် ကြက်သားများဖယ်ပြီး ပိုသော ကြက်ပြုတ်
ရည်ကို အအေးခံထားပါ။ကြက်သားကို ပြုတ်ထားသော အ
တိုင်းကြိုက်လျှင် အရှည်လိုက်လှီးထားပါ။(ဆီ ရေ အနည်းငယ် ခရုဆီ
အနောက်ရည် သကြား ငရုတ်ကောင်း
တို့နှင့်နယ်ပြီး အဖုံးအုပ်ပြီး ၅မိနစ်ခန့် ကြော်ပါတယ်။)
### ဆန်ကိုရေဆေးပြီး ထမင်းပေါင်းအိုးထဲထည့်ပါ။ကြက်
ဆီချက် နှင့် ကြက်ပြုတ်ရေ အပါအဝင် ရေနို့ဆီဘူး ၃လုံး ထည့်ပါ။သကြား
ဆား ဂျင်း ၃ပြား ခန့် ထည့်၍တည်ပါ။
သခွားသီး နံနံပင် အချဉ် တို့နှင့် တွဲဖက်သုံးဆောင်ပါပီ
အချဉ် က chili sauce (သို့) ကြက်သွန်ဖြူ ငရုတ်သီးစိမ်း
ဂျင်း ပဲငံပြာရည် အကြည်/အနောက် သံပုရာသီး သကြား
ရောဖျော်တာနှင့်လဲတွဲဖက်စားနိုင်ပါသည်။
ကြက်ပြုတ်ရည်ပိုပါက ဆား ကြက်သားမှုန့် ငရုတ်ကောင်း
ကျောက်ဖရုံသီးတို့နှင့် ဟင်းချို ချက်ပါ။

Credit - ချက်ကြည့်ကြစို့

Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO