Image

Monday 1 February 2016

ယောအတွင်းဝန်ဦဘိုးလှို င်

ယောအတွင်းဝန်ဦဘိုးလှို င်

ယောမင်းကြီးဦးဘိုးလှိုင်ဟုခေါ်သောယောအတွင်းဝန်ဦးဘိုးလှိုင်သည်ကုန်းဘောင်ခေတ်တွင်ထင်ရှားသောပညာရှင်တစ်ဦးပင်ဖြစ်သည်ယောမင်းကြီးသည်သူ၏တီထွင်မှုများစွာကိုပြုလုပ်ခဲ့သော်လည်း ကြွားဝါခြင်းမရှိသူတစ်ယောက်ဖြစ်သည်။

သူ၏များပြားလှစွာသောစာအုပ်စာတမ်းများကိုရေးသားခဲ့သည်ယခုခေတ်နှစ်တစ်လီနှစ်ဟုခေါ်သောအမြှောက်အလီကျမ်းဥတုဘောဇနကျမ်းကာယနုပသနာကျမ်းစသဖြင့် များစွာရေးသားခဲ့လေသည်။

ဦးဘိုးလှိုင်ကို ၁၁၉၁ ခုနှစ်တွင် မြင်းခြံမြို့အထက် ရွာပုလဲရွာ၌ ဖွားမြင်သည်အဖမှာ ယင်းတောဝန်ကြီးဖြစ်သည်ယင်းတောဝန်ကြီးသည်သာယာဝတီမင်းစိတ်နောက်စဉ် အသတ်ခံရသည်။ ဦးဘိုလှိုင်သည် ငယ်စဉ်ကပင် မင်းတုန်းမင်းသားထံတွင်ခစား ထမ်းရွက်သည်။

မင်းတုန်းမင်းသားဘုရင်ဖြစ်လာသောအခါသူကောင်းမြှောက်ခြင်းခံရသည်အသက် ၂၄ နှစ်အရွယ်တွင် မကွေးမြို့စား ဝန်ကြီး၏သမီး ခင်ဖြူနှင့် ထိမ်းမြားလက်ထပ်
သည်။ ထိုအချိန်၌ ခင်ဖြူသည် အသက် နှစ်ဆယ်မျှသာ ရှိသေးသည်။

ဦးဘိုးလှိုင်သည် မင်းတုန်းမင်း လက်ထက်မှ သီပေါမင်းလက်ထက်တိုင်အတွင်းဝန်၊ မြို့စားအတိုင်ပင်ခံပညာရှိစသောရာထူးတို့ဖြင့်အမှုထမ်းရွက်သည်တစ်ဖက်တွင်လည်း မြန်မာစာပေလောက၌ ထင်ရှားသော ဝိဇ္ဇာသိပ္ပံ ပညာရပ်ဆိုင်ရာ ကျမ်းများကို ပြုစုခဲ့သည်။

မင်းမှုထမ်းဘဝ၌ ရှိစဉ် ဦးဘိုးလှိုင်သည်မင်းအလိုလိုက်မင်းအကြိုက်မဆောင်ခဲ့ချေ။ ရာထူး စည်းစိမ်ကို မငဲ့ခဲ့။ မှန်ရာကို ပြောခဲ့၊ ရေးခဲ့၊ ပြုခဲ့သည်။ ဤတွင် မကြာခဏ ဘုရင်မျက်သည်ကိုခံခဲ့ရသည်သုံးကြိမ်ထက်မနည်းစည်းစိမ်နုတ်သိမ်းခြင်းခံရသည်။ အကျယ်ချုပ် ချထားခြင်း ခံခဲ့ရသည်။

သီပေါမင်း လက်ထက်တွင် ဦးဘိုးလှိုင်သည် အရာကျခဲ့ပြန်သည်။ ဦးဘိုလှိုင်သည် သက်ဦးဆံပိုင် ဘုရင်စနစ်အရ အုပ်ချုပ်မှုကို တော်လှန်လျက်ပြည်သူ့အာဏာဖြင့် အုပ်ချုပ်မှုကိုကြိုဆိုသည့်"ရာဇဓမ္မသင်္ဂဟကျမ်း"ကိုရေးသားပြုစုခဲ့ရာဘုရင်ကမနှစ်သက်နိုင်အောင်ဖြစ်နေသည်။

ထိုအတောအတွင်းဘုရင်မင်းမြတ်သည်လွန်စွာအသုံးအဖြုံးကြီးသည်။"ဘဏ္ဍာတော်ဆိုသည်မှာဆင်းရဲသားတို့၏ချွေးနှဲစာမှညှစ်ထုတ်ယူထားသည်ဖြစ်၍ကျောက်ခဲသလဲကဲ့သို့ သဘောမထားသင့်ပါ" ဟု ဆိုကာ ဘုရင့် ဘဏ္ဍာရေးအာဏာကို ကန့်သတ်ရန် ကြိုးပမ်းသည်။

ဤတွင် မိဘုရားက "ရှင်ဘုရင် လုပ်ရတာငလှိုင်ပေးသရွေ့နဲ့စားရမတဲ့လားဒီလိုဖြင့် ရှင်ဘုရင်တောင် မလုပ်ချင်ပါဘူး" ဟူ၍ ဒေါသမာန် ပါပါဖြင့်ပြောရာသီပေါမင်းကပါ နားယောင်လျက်ဦးဘိုးလှိုင်ကိုရာထူးမှချလိုက်သည်ဤအကြိမ်သည်နောက်ဆုံးအကြိမ် ရာထူးကျခြင်း ဖြစ်သည်ထပ်မံရာထူးခန့်အပ်ထားခြင်းမခံရတော့ပေသို့ရာတွင် ဦးဘိုးလှိုင်သည် မမှုခဲ့၊ စိတ်ဓာတ်မကျခဲ့။

အေးချမ်းစွာ ခြံဥယျာဉ်အလုပ်ကို လုပ်ကိုင်လျက် မိမိ ဝါသနာပါသော ကျမ်းပြုခြင်း အလုပ်ကို လွတ်လပ်စွာ ဖိ၍ လုပ်ကိုင်ခဲ့လေသည်။ဦးဘိုးလှိုင်သည် မြန်မာ၊ ပါဠိ၊ သက္ကတ စာပေတို့အပြင် မျိုးခြားစာပေများကိုလည်း ဆည်းပူး လေ့လာသည်။
အမှန်တရားကို စူးစမ်းရှာဖွေ၍ လည်း ထုတ်ဖော်လေ့ ရှိသည်။

မင်းတုန်းမင်း လက်ထက်တွင် "ကမ္ဘာသည် လုံးသည်၊ ပြားသည်" ဟူသော ပြဿနာ ပေါ်ပေါက်ခဲ့ရာ"ကမ္ဘာသည်လုံးသည်"ဟူသောအယူအဆဘက်မှရဲဝံ့စွာမားမားမတ်မတ် ရပ်ခဲ့သည် ဆိုသည်။ ထို့ကြောင့် ကနောင်မင်းသားနှင့် ဦးဘိုးလှိုင်တို့သည် အလွန်အတွဲညီကြသည်သူတို့သည်ခေတ်သစ်ကိုထူထောင်လိုသူများဖြစ်ကြသည်။
မြန်မာနိုင်ငံကိုအခြားသောတိုးတက်နိုင်ငံများနည်းတူတိုးတက်စေလိုသည်သို့မှလည်း နယ်ချဲ့ရန်ကို တွန်းလှန်နိုင်မည်ဟု မြင်ထားကြဟန် တူသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ခေတ်မီ တိုးတက်ရေးကို အစွမ်းကုန်ဆောင်ရွက်ကြသည်ဦးဘိုးလှိုင်က သဘောတရားရေးဆရာကနောင်မင်းသားကလက်တွေ့ဆရာဖြစ်ရာအလွန်လိုက်ဖက်ညီကြသည်။

ဘာသျှကာရဆရာစီရင်သောလိကာဝတီဂဏန်းကျမ်းကိုသက္ကတဘာသာမှမြန်မာဘာသာသို့ ဦးဘိုးလှိုင် ပြန်ဆိုခဲ့သည်မှာ ကနောင်မင်းသား၏ တိုက်တွန်းချက် အရ ဖြစ်ပေသည်။

ထိုစဉ်ကကနောင်မင်းသားကြီး၏စီမံကိန်းအရအင်္ဂလန်ပြင်သစ်အီတလီနိုင်ငံများသို့ မြန်မာပညာတော်သင်များစေလွှတ်ခဲ့သည်ယင်းတို့အထဲတွင်ဦးဘိုးလှိုင်၏တပည့်များစွာလည်း ပါဝင်သည်။ဦးဘိုးလှိုင်သည်ထိုသူတို့၏အကူအညီဖြင့်အနောက်တိုင်း ဝိဇ္ဇာသိပ္ပံပညာရပ်တို့ကိုကောင်းစွာလေ့လာဆည်းပူးခွင့်ရခဲ့သည်တစ်ဖန်ယင်းတို့ကို လေ့လာဆည်းပူးရုံဖြင့် အားမရ၊ မြန်မာလူထု လက်သို့ရောက်အောင်လည်း ဆီလျှော်အောင် ပြန်ဆို ပြုစုပေးခဲ့သည်။

ဦးဘိုးလှိုင်ရေးသား ပြုစုခဲ့သော ကျမ်းများမှာ နှောင်းလူတို့ ရှာဖွေတွေ့သမျှစုစုပေါင်း ၁၄ ကျမ်း ဖြစ်သည်။

ယင်းတို့မှာ-

လိကာဝတီ ဂဏန်းကျမ်း(၁၂၂၅ ခုနှစ်)
လောကဓာတ် ဆေးကျမ်း(၁၂၃၀ ခုနှစ်)
လိပိဒိပိယာကျမ်း(၁၂၃၁ ခုနှစ်)
သဒ္ဒသင်္ဂဟ ကျမ်း(၁၂၃၁-၁၂၃၅ ခုနှစ်)
အဿဗေဒကျမ်း
ဝိမုတ္တိရသကျမ်း(၁၂၃၃ ခုနှစ်)
မဟာ သမ္မတ ဝိနိစ္ဆယကျမ်း(၁၂၃၄ ခုနှစ်)
ကာယာနုပဿနာကျမ်း(၁၂၃၇ ခုနှစ်)
ဝိပဿနာ ဉာဏ်ဆယ်ပါး(၁၂၃၉ ခုနှစ်)
ရာဇဓမ္မ သင်္ဂဟကျမ်း(၁၂၄၀ ခုနှစ်)
နဝသိဒ္ဓန္တ လက်ရိုးကျမ်း(၁၂၄၁ ခုနှစ်)
ဥတုဘောဇန သင်္ဂဟကျမ်း(၁၂၄၂ ခုနှစ်)
အလင်္ကာနိဿယကျမ်း(၁၂၄၂ ခုနှစ်)
မဟာသုဇာတက ကျမ်း(၁၂၄၃ ခုနှစ်) တို့ဖြစ်ကြသည်။

ယင်းတို့အနက် လောကဓာတ် ဆေးကျမ်းသည် ပြင်သစ်ဘာသာဖြင့် ပါမောက္ခ အင်ဒရီ မရီအမ်ပီယာ(AndreMarieAmpere)ရေးသည့်ဓာတုဗေဒပညာရပ်ဆိုင်ရာ ကျမ်းကိုမြန်မာဘာသာဖြင့်ဆီလျောက်အောင်ပြန်ဆိုသောကျမ်းဖြစ်သည်ပြင်သစ်ပြန် ဖန်ချက်ဝန်ထောက် မင်းထင်ပညာ သိဒ္ဓိကျော်၏အကူအညီဖြင့်ပြန်ဆိုသည်။

ယင်းကျမ်း၌ဓာတုဗေဒပညာရပ်ကိုသာမကရူပဗေဒပညာရပ်ကိုပါတင်ပြထားသည်။ဓာတုဗေဒသဘောဖြစ်သောဓာတ်အကြောင်းဓာတ်စင်တို့အကြောင်းစသည်တို့ကို တင်ပြသည့်နည်းတူရူပဗေဒသဘောဖြစ်သောအလင်းအပူလျှပ်စစ်အသံစသည်တို့ အကြောင်းကိုလည်း တင်ပြထားသည်မှာ စုံလင်လှပေသည်။

ယင်းကျမ်းသည် ဘာသာပြန်ဆိုပုံကို ကျစ်လစ်သိပ်သည်း၍အဓိပ္ပါယ်တိကျသည်ဟု ဆိုကြသည်။ ခဲရာခဲဆစ်ဖြစ်သော သိပ္ပံဝေါဟာရတို့ကို မြန်မာ အဂ္ဂိရတ်ကျမ်းတို့၌ ရှိပြီးဖြစ်သော ပါဠိ၊ သက္ကတ ဝေါဟာရတို့နှင့် ညှိုနှိုင်း ပြန်ဆိုထားသည်။

ဥပမာ- အခဲကို ဃန၊ အရည်ကို ဒဝ၊ အခိုးကို ဓုမ၊ ဒြပ်စင်ကို သုဒ္ဓ၊ အောက်စီဂျင်ကို ရီတိဇစသည်ဖြင့်ပြန်ဆိုထားသည်ထိုခေတ်လူတို့နှစ်သက်လက်ခံသောဝေါဟာရများကို ဦးစားပေး အသုံးပြုထားခြင်းပင် ဖြစ်သည်။

လိပိဒိပိကာ ကျမ်းသည် မော့စ် ဥပဒေကို အခြေခံထားလျက် မြန်မာဘာသာဖြင့် ကြေးနန်းရိုက်နည်းကို တီထွင်ပြုစုသော ကျမ်းဖြစ်သည်။ ထိုကျမ်းကို မန္တလေးမြို့၌ ရုံးစိုက်သော ဗြိတိသျှ ကိုယ်စားလှယ် မေဂျာ မက္ကမေဟန်က အင်္ဂလိပ်ဘာသာ ပြန်ဆိုသည်။

မြန်မာမင်းပိုင် နေပြည်တော်အတွင်း ကြေးနန်းသွယ်တန်း ဆက်သွယ်ပြီးနောက် ကြေးနန်းဆက်သွယ်ရေး အလုပ်သမားတို့ အကျိုးငှာ ပြုစုခြင်း ဖြစ်သည်ဆိုသည်။
ကာယာနုပဿနာကျမ်းသည်အီတာလျံဘာသာဖြင့်ရေးသားထားသောခန္ဓာဗေဒကျမ်း(Anotomy)ကို ဗုဒ္ဓဘာသာ ကမ္မဌာန်းတရားနှင့် ယှဉ်ပြသော ကျမ်းဖြစ်သည်။

မဟာသုဇာတက ကျမ်းမှာမူ ဗေဒင်ပညာရပ်တို့ကို နက္ခတ္တဗေဒ (Astronomy) နှင့် ယှဉ်ပြသောကျမ်းဖြစ်သည်အထင်ရှားဆုံးမှာ"ဥတုဘောဇနသင်္ဂဟကျမ်း"ဖြစ်သည်။ နောက်ဆုံး ရာထူးကျပြီးနောက် ရေးသားပြုစုသော ကျမ်းဖြစ်သည်။

ပါဠိ၊သက္ကတဆေးကျမ်းများနှင့်အနောက်တိုင်းဆေးကျမ်းတို့ကိုမှီငြမ်းပြုကာမြန်မာ့မူ၊ မြန်မာ့ဟန်မပျက်တင်ပြထားသောဆေးကျမ်းဖြစ်သည်ထိုခေတ်မြန်မာပြည်သူတို့အတွက် ကျန်းမာရေး လမ်းညွှန်ဖြစ်သည် ဟုဆိုလျှင် သင့်ပေသည်။ ထိုကျမ်းကို ဦးဘိုးလှိုင်သည် မကွယ်လွန်မီ ၃ နှစ် အလိုတွင် ရေးသားပြီးစီးခဲ့သည်။

သူ ကွယ်လွန်ပြီး တစ်နှစ်အကြာတွင် ၁၂၄၆ ခုနှစ်တွင် သီပေါဘုရင် ပုံနှိပ်တိုက်၌ ရိုက်နိုပ်ခဲ့သည်ဥတုဘောဇနသင်္ဂဟကျမ်းသည်ဆေးပညာအနေဖြင့်အဖိုးထိုက်သော ကျမ်းတစ်ကျမ်းလည်းဖြစ်သည်မြန်မာစကားပြေအရေးအသားအနေဖြင့်လည်း အဖိုးထိုက်သောကျမ်းတစ်ကျမ်းဖြစ်သည်စံပြုထိုက်သောကျမ်းဖြစ်သည်အရေးအသားမှာ အပိုအလိုမပါလွန်စွာကျစ်လစ်သိပ်သည်းသည်တိကျသည်ရှင်းလင်းသည်။ ပြတ်သားသည်။ ထိုကျမ်း၌ ကာဗွန်ကို မီးသွေး၊ Acid ကို ငရဲမီး၊ Beer ကို ဗျစ်ခါး စသည်ဖြင့် ပြန်ဆိုထားသည်။မြန်မာဘာသာပြန်ဆို၍မထိမိသောဝေါဟာရများကိုမူ ဟိုက်ဒရော်ဂျင် (Hydrogen)၊ အောက္ကစီဂျင် (Oxygen)၊ နိုက်ထရကာစစ် (Nitric Acid)၊ ကလော်ရစ် အာစစ် (Chloric Acid)၊ ဝှစ္စကီ (Whisky)၊ ဗြန္တီ (Brandy)၊ ရွန် (Rum)၊ ဝိုင် (Wine)၊ ဇင် (Gin) စသည်ဖြင့် အသံလှယ် ပြန်ဆိုထားခဲ့သည်။
နည်းမှီး အတုယူဖွယ်ပင် ဖြစ်လေတော့သည်။

မြန်မာ့သမိုင်းတွင်မက္ခရာမင်းသားကြီးသည်ရီး၏စွယ်စုံကျမ်း( Ree'sEncyclopedia) မှ သိပ္ပံပညာရပ်အချို့ကို မြန်မာဘာသာ ပြန်ဆိုသည်ဟု ဆိုသည်။ သို့ရာတွင် အခိုင်အခံ့ကား မကျန်ခဲ့ပေ။ မက္ခရာ မင်းသားကြီးနည်းတူ အခြား ပြန်ဆိုသူများ ရှိကောင်း ရှိဦးမည်လား မဆိုနိုင်ပေ။

သို့ရာတွင် အခိုင်အခံ့ကား မကျန်ခဲ့ပေ။ အခိုင်အခံ့ ရပ်တည်ကျန်ရှိနေသည်ကား ဦးဘိုးလှိုင်၏သိပ္ပံစာပေတို့သာဖြစ်သည်ဤတွင်မြန်မာလူမျိုးများထဲ၌အနောက်တိုင်း သိပ္ပံစာပေကို အခိုင်အခံ့ တည်ရစ်အောင် ပထမဆုံးပြန်ဆိုပြုစုခဲ့သူမှာဦးဘိုလှိုင်ပင် ဖြစ်သည်ဟု ဆိုသော် ရအံ့ထင်သည်။

ဦးဘိုးလှိုင်သည်ယင်းသို့ပညာအရာ၌စံတင်ထိုက်သည်သာမကစိတ်ဓာတ်အရာတွင်လည်း စံတင်ထိုက်သည်။သက်ဦးဆံပိုင် ဘုရင် ထံပါတွင် အမှုထမ်းရပါလျက် အသက်အိုးအိမ် စည်းစိမ်ကို ဂရုမပြု။ ပြည်သူတို့ဘက်မှ နေ၍ မှန်ရာကို ပြောခဲ့၊ ရေးခဲ၊ ပြုခဲ့သည်မှာ လွန်စွာ အံ့ချီးဖွယ်ရာ ဖြစ်ပေသည်။ ဦးဘိုးလှိုင်သည် သူရ သတ္တိနှင့် ပြည်စုံသည်သာမက၊ အလွန်ဖြောင့်မတ်၏။ ပွင့်လင်း၊ ပြတ်သားသည်။
ထိုပြင် ခွင့်လွှတ်တတ်သော သဘောလည်း ရှိ၏။ ကုန်းချောသော သူများကို မည်သည့်အခါမှ ရန်တုန့်မမူခဲ့ပေ။

တစ်ခါသော် ဦးဘိုးလှိုင်အား အရာကျအောင် မင်းတုန်းမင်းအား ကုန်းချောခဲ့သော တောင်ထားဝယ်ဗိုလ်ကလေးရတနာ့ဂူဘုရားပွဲတော်၌မီးကျဉ်သင့်၍သေဆုံးသွားသည်။ ထိုအခါ မင်းမှုထမ်း တစ်ဦးက "ဝန်မင်းကို ကုန်းချောတဲ့သူ သေပါရော့လား။
ရှေးက ဝိပါတ် ၇ ရက်၊ ကာလဝိပါတ် နောက်ပိုးတတ်ဆိုတာ မှန်ပါရော့လား" ဟု ဝမ်းသာအားရ ပြောလာသည်။

ဤတွင် ဦးဘိုးလှိုင်က "သူသေတာ ငါနှင့် မဆိုင်ပါဘူးကွယ်။ သူလည်း သူ့ကံနဲ့သူ။ ငါလည်းငါ့ကံနဲ့ငါပါသည်ဟာနှင့်စပ်လျဉ်းလို့နောက်ထပ်မည်သူ့ကိုမျှမပြောလေနှင့်နော်" ဟူ၍ တားမြစ်ခဲ့လေသည်။

ဦးဘိုးလှိုင်သည် အသက်၅၄နှစ်အရွယ်၁၂၄၅ခုတွင်ကွယ်လွန်သည်ကွယ်လွန်ခါနီး တစ်လခန့်အလိုတွင်သူ၏ငယ်သူငယ်ချင်းဦးတူကိုအိမ်သို့ခေါ်ထားသည်သူငယ်ချင်းနှစ်ယောက်ပျော်ရွှင်ချမ်းမြေ့စွာဖြင့်ရှေးဟောင်းနှောင်းဖြစ်များကိုပြောဆိုကြသည်။ ဗုဒ္ဓတရားတော်ကို ဆွေးနွေးကြသည်။ ရွတ်ဖတ်သရဇ္ဈာယ် ပြုကြသည်။

ယင်းသို့ ပြုရင်းပင် ဦးဘိုးလှိုင်သည် သေခြင်းတရားကို တုန်လှုပ်ကြောက်ရွံ့ခြင်း မရှိ။ အေးအေးဆေးဆေး ရင်ဆိုင်သွားခဲ့သည်သူကွယ်လွန်သည်မှာကာလကြာပြီး ဖြစ်သော်လည်း သူ့အမည်၊ သူ့စာ၊သူ့စိတ်ဓာတ်သူကြိုးပမ်းချက်တို့ကားမကွယ်ပေ။
ယနေ့တိုင် ရှင်သန်ဆဲပင် ဖြစ်ပေသည်။

မူရင်းအတိုင်းပြန်လည်ဝေမျှပါသည်။

Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO