Image

Sunday 31 January 2016

ဆုတောင်း

             ဆုတောင်း

ငါသည် အရှိန်အဝါကိုမမက် အလိမ္မာကို
နှစ်သက်သူ ဖြစ်ရပါလို၏ ။

ငါသည် အကြွားအဝါကိုမမက် တရားရှာခြင်းကို
နှစ်သက်သူဖြစ်ရပါလို၏ ။

ငါသည် အချစ်တဏှာကိုမမက် မေတ္တာအစစ်ကိုသာ
နှစ်သက်ရပါလို၏ ။

ငါသည် လောကဓံကို မကြောက် သဘောမမှန်မှာကိုသာ
ကြောက်ရပါလို၏ ။

ငါသည် သူတစ်ပါးအားမနှိပ်စက်
ငါ့အားနှိပ်စက်လာသူများအားလည်း သည်းခံနိုင်သူ
ဖြစ်ရပါလို၏ ။

ငါသည် အပေါင်းအသင်းမများမှာ မကြောက်
အပေါင်းအသင်းမှားမှာကိုသာ ကြောက်ရပါလို၏ ။

ငါပြု,စု ထား ကုသိုလ်အားကြောင့် အများဝေနေ ချမ်းသာစေ
ငါ့ပိုင်ဆိုင်ထား ငါ့စွမ်းအားဖြင့် အများအကျိုးဆောင်နိုင်စေ..
ငါ့အားထုတ်ထားပုညအားကြောင့်
ငါအား သံသရာလွတ်မြောက်စေ....

Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO