Image

Thursday 3 March 2016

Dynamite Spring Roll


အစပ်ကြိုက်တတ်သူတွေ အတွက် ဖိလစ်ပိုင် လူမျိုးတို့ရဲ့ ရိုးရာစာ Dynamite Spring Roll လုပ်နည်းပါ.. ကော်ပြန့်ကျော်နဲ့ နည်းနည်းဆင်ပါတယ်.. ကော်ပြန့်လိပ် အဖတ်ကိုပဲ သုံးပါတယ်.. သိပ်မစပ်တဲ့ ငရုတ်ပွ အရှည်တောင့်ကို အစာသွပ်မှာပါ..


လိုအပ်တဲ့ ပစ္စည်းများ
(၁) နှစ်သက်ရာ အသားစင်းကော အနည်းငယ်
(၂) ကော်ပြန့်လိပ် အဖတ်
(၃) ငရုတ်ရှည်တောင့်
(၄) ချိစ့်
(၅) ဆား နဲ့ ငရုတ်ကောင်း
(၆) ဆီ
(၇) ကြက်သွန်ဖြူ၊ နီ
(၈) ကြက်ဥ တလုံး



နှစ်သက်ရာ အသားတမျိုးမျိုးကို ဆား ငရုတ်ကောင်းတို့နဲ့ နယ်ပြီး ကြက်သွန် ဖြူ နီ ဆီသတ်၍ ကျက်အောင်ချက်ပါ.. ကြက် ဝက် အမဲ ကြိုက်ရာသုံးနိုင် ပါတယ်.. ပိုကောင်းအောင် နံနံပင် သစ်ကြံပိုးခေါက်တွေ ထည့်နိုင်ပါတယ်..
ရေခြောက်အောင် စစ်ထားတဲ့ ငရုတ်ရှည်တောင့်မျာ့းကို အလယ်ကောင် ခွဲပြီး အစေ့များထုတ်ပါ.. အစေ့တွေ ထုတ်လိုက်ရင် မစပ်တော့ ပါဘူး..


ချစ့်ကို အတောင့်ရှည်လေးတွေ လှီးပါ..
အစေ့ထုတ်ထားသော ငရုတ်တောင့်ထဲ ချက်ထားတဲ့ အသားစင်းကော အစာသွပ်ပါ.. အဝကို ချိစ့်အတောင့်လေးနဲ့ ပိတ်ပါ..



ကော်ပြန့်ဖတ်နဲ့ ထိပ်နှစ်ထက်ကို ဖွင့်ပြီး လိပ်ပါ.. ငရုတ်သီး အရင်းတံလေးကို အပြင်ထုတ်ထားပါ.. အနားကို ကြက်ဥနှစ်ရည် သုတ်ပြီး ပိတ်ပါ..
ပြီးရင် ဆီပူမှာ ရွှေအိုရောင် ရသည်အထိ ထည့်ကျော်ပါ..
ကျက်ရင် ဆီစစ်ပြီး ဆော့စ်တမျိုးမျိုးနဲ့ သုံးဆောင်နိုင်ပါပြီ..

Credit: : https://m.facebook.com/aaz.foodmadness/ 


Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO