Image

Thursday 3 March 2016

Broccoli Bite - ပန်းပွင့် ကတ်တလိတ်ကျော်

ပန်းပွင့် ကတ်တလိတ်ကျော်လို့ မြန်မာလို ပြန်ရမယ် ထင်ပါတယ်.. အာလူးကတ်တလိတ် လုပ်နည်းနဲ့ အရမ်း နီးစပ်ပါတယ်.. ကျမကတော့ အနောက်တိုင်း နည်းအတိုင်း လုပ်ပြပါမယ်.. ပြီးရင် မြန်မာနည်း နည်းနည်း ပြောင်းပြပါမယ်..


လိုအပ်တဲ့ ပစ္စည်းများ
(၁) ပန်းပွင်စိ့မ်း တပွင့်
(၂) ကြက်ဥ သုံးလုံး
(၃) ချိစ့် ခြစ်ထားတာ တခွက်
(၄) ဂျုံမှုန့် (all purpose flour) သို့မဟုတ် ပေါင်မုန့်ခြောက် (bread crumbs) တခွက်
(၅) ဆီ
(၆) ဆားနဲ့ ငရုတ်ကောင်း


ပန်းပွင့်ကို ရေနွေးဆူဆူမှာ ငါးမိနစ်လောက် ပေါင်းပါမယ်..


ပြီးရင် ရေစစ်ပြီး နုတ်နုတ်စင်းပါ..


ကြက်ဥ ကို ခေါက်ပြီး ဂျုံမှုန့် ချိစ့် ပန်းပွင့် ဆား ငရုတ်ကောင်း တို့နဲ့ နှံ့အောင်မွှေပါ.. ပြစ်ရင် ဆီနည်းနည်း ထည့်ပါ..


ထို့နောက် အဝိုင်းပြားလေးတွေ လုပ်ပြီး ဆီနဲ့ ကျော်ပါမယ်.. ရွှေဝါရောင်သန်းလာရင် ဆီပူက ဆယ်ပြီး စားရန် အသင့်ဖြစ်ပါပြီ.. mayonnaise နဲ့ တွဲစားရင် လိုက်ဖက်ပါတယ်..


ချိစ့် အစား အာလူး အနေတော် လေးလုံးလောက် ပြုတ်ပြီး ခြေ ထည့်လည်း ရပါတယ်..
တချို့ကလည်း ကြက်သွန် ဖြူနီကို မဆာလာ ငရုတ်သီးမှုန့်တို့နဲ့ ဆီသတ်ပြီး ပန်းပွင့်နဲ့ ဂျုံ နယ်တဲ့ အထဲ ရောပါတယ်.. ဒါက အာရှနည်းပေါ့..
အနောက်နိုင်ငံမှာတော့ ဆီသုတ်ပြီး oven နဲ့ ဖုတ်ပါတယ်
ဂျုံမှုန့် ပေါင်မှုန့်ခြောက်မှုန့်တွေ မရရင် ရိုးရိုးပေါင်မုန့်ကို အစသေးလေးတွေ ဖြစ်အောင် ခြေပြီး တခွက်ထည့်လည်း ရပါတယ်..
ကျမ မုန့်လုပ်နည်းတွေ ပြောရင် သကြား ဆားတွေကို ဘယ်နှစ်ဇွန်း ထည့်လို့ တိတိကျကျ ပြောခဲပါတယ်.. တယောက်နဲ့ တယောက် အပေါ့အငံ အချိုအချဉ် ကြိုက်တာချင်း မတူပဲကိုး.. ကိုယ့်ဟာကို မုန့်နှစ်တွေကို မြည်းပြီး ပြင်ပါ.. ကိုယ့်လျှာက ပြောတဲ့ အတိုင်း ပြင်ပါ..

 Credit : : https://m.facebook.com/aaz.foodmadness/ မှကူးယူဖော်ပြသည်။


Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO