Image

Thursday 3 March 2016

Minced Lamb Rolls



အရှေ့အလယ်ပိုင်းဒေသ လက်ဘရွန်တို့ရဲ့ နာမည်ကြီး ရိုးရာစာ တမျိုးဖြစ်တဲ့ ဆိတ်သားလိပ် Minced Lamb Rolls လုပ်နည်းလေး ပါ အနောက်နိုင်ငံရဲ့ ပါတီတွေမှာ ပါလေ့ရှိတဲ့ နာမည်ကျော် snacks ဆိုလည်း မမှားပါဘူး..




ဖက်ထုတ်၊ ဒင်ဆမ်း လုပ်တဲ့ ရယ်ဒီမိတ် ဂျုံပြားလေးတွေနဲ့ အလွယ်ဆုံး လုပ်ပြပါမယ်..






လိုအပ်တဲ့ ပစ္စည်းများ

(၁) ဆိတ်သားစင်းကော ၃၀သား
(၂) ဖက်ထုတ်ဂျုံပြား ၃၀- ၄၀ ခန့်
(၃) ကြက်ဥ တလုံး
(၄) ကြက်သွန်နီဥကြီး တစ်ဥ
(၅) ကြက်သွန်ဖြူ ငါးမွှာ
(၆) မဆလာ
(၇) ဂျင်း
(၈) ဆား
(၉) ငရုတ်ကောင်း
(၁၀) ဆီ
(၁၁) corn starch (ကော်မှုန့်) နှစ်ဇွန်း


ကြက်သွန်ဖြူ နီ ဂျင်း တွေကို နုတ်နုတ်စင်းပါ.. ပြီးရင် ဆီသုံးဇွန်းနဲ့ နွမ်းသွားအောင် ခဏချက်ပြီး ဆိတ်သားစင်းကောထဲ ရောပါ.. ပိုအရသာ ကောင်းချင်ရင် ဆီထဲ ထောပတ်ဆီနှစ်ဇွန်း ရောပါ.. အသားကို မဆလာ ဆား ငရုတ်ကောင်း corn starch တို့နဲ့ နယ်ပေးပါ.. ဆိတ်သားအပြင် ကြက် ဝက် အမဲသားများလည်း သုံးနိုင်ပါတယ်..






အသားအဆင်သင်ြ့ဖစ်ရင် ဖက်ထုတ်ဂျုံပြားကို ပြားအောင် လုပ်ပါမယ်.. ဒလိမ့် ဒါမှမဟုတ် ပုလင်းကို သုံးပြီး သုံးပုံတပုံလောက် ဆန့်ထွက်လာအောင် လှိမ့်ပါ.. ဂျုံပြားလေးဟာ လက်ဝါးပြင်မြင်ရလောက်အောင် ပါးလွှာ သွားပါလိမ့်မယ်..
ကြက်ဥ တလုံးခေါက်ဦး ရေနှစ်ဇွန်းလောက် ရောပါ..








ပြီးရင် ဂျုံပြားပေါ် အသား တဇွန်းခွဲစာ ထည့်ပြီး ပုံမှာ ပြထားတဲ့ အတိုင်း ဖြန့်ပါ..
ဘေးနှစ်ခမ်းသားတွေကို ကြက်ဥရည် သုတ်ပါ..
ပုံမှာပြထားတဲ့ အတိုင်း ထောင့်ကျိုးစချိုးပြီး ဘေးနှစ်ဖက်ကိုသိမ်း.. အလိပ်လေးဖြစ်အောင် လိပ်သွားပါ..









အလိပ်အားလုံးပြီးသွားတဲ့ အခါ ပလပ်စတစ် အိတ်ထဲထည့်ပြီး freezer တဲ နာရီဝက် ခဲထားပါ..
အချိန်စေ့ရင် ဆီပူထဲ ထည့်ကျော်ပါ..
ရွှေအိုရောင်ဖြစ်ပြီး ကျွတ်လာရင်တော့ ဆီပူက ဆယ်လို့ ရပါပြီ..
ဆီစစ်ပြီး mayonnaise ဒိန်ချည် ငရုတ်ဆီ ကြိုက်ရာဆော့နဲ့ သုံးဆောင်နိုင်ပါပြီ..


Credit: : https://m.facebook.com/aaz.foodmadness/ 


Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO