Image

Friday 22 April 2016

ကားတစ်စီးဝယ်သည်ဆိုရာဝယ်

ကားတစ်စီးဝယ်သည်ဆိုရာဝယ်

မြန်မာပြည်တွင် လူတစ် ယောက်အတွက် ကားတစ်စီးပိုင်ဆိုင်ဖို့ဆိုသည်မှာ ယခင်ကလို ခက်ခဲလွန်းသည့်အိပ်မက်မဟုတ်တော့ပေ။ ၂၀၁၁ အတွင်း ပြောင်းလဲခဲ့သည့် ကားတင်သွင်းခွင့် ပေါ်လစီများကြောင့် ကားဈေးများတစ်ရှိန်ထိုးပြုတ်ကျကာ ကားပိုင်ဆိုင်မှုအရေအတွက်လည်း တရိပ်ရိပ်တက်လာခဲ့သည်။ ယခုအချိန်တွင် လူတိုင်းကားတင်သွင်းမှုကို အလွယ်တကူ ပြုလုပ်နိုင်သလိုယခင်ကလောက် ကားဈေးနှုန်းများမှာလည်း မကြီးမြင့်တော့ သောကြောင့် ကားပိုင်ဆိုင်မှုမြင့် တက်လာသော်လည်း ကားတစ် စီးပိုင်ဆိုင်ခြင်း၏ နောက်ကွယ်က မမြင်ရသောစရိတ်စကများရှိနေ သည်ကိုမူ သိရှိသူနည်းပါးဦးမည် ဖြစ်သည်။

ကားစက်ပိုင်းဆိုင်ရာပြုပြင် ထိန်းသိမ်းခြင်းသည် အရေးကြီး သောအချက်ဖြစ်သော်လည်း ကားတစ်စီးဝယ်တိုင်း လူတိုင်းထည့် သွင်းစဉ်းစားလေ့မရှိပေ။ ရန်ကုန်မြို့ရှိ ယာဉ်မောင်းသက် ၁၀ နှစ်ကျော်ပြီဖြစ်သည့် တက္ကစီယာဉ် မောင်း ကိုချမ်းမြေ့က ရန်ကုန်တွင်လမ်းဆိုးလမ်းကြမ်းများကြောင့် ကားအောက်ပိုင်းများ နာရသလို ပြုပြင်ထိန်းသိမ်းရသည့် စရိတ်မှာလည်း မနည်းကြောင်းပြောသည်။ တက္ကစီကားမောင်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် ကိုချမ်းမြေ့အနေဖြင့် အင်ဂျင်ပိုင်းနှင့်ပတ်သက်လျှင် အမြဲမပြတ် ထိန်းသိမ်းစစ်ဆေးရကြောင်း၊ တချို့ကားသမား အများစုမှာ အင်ဂျင်ထိန်းသိမ်းမှုနှင့် ပတ်သက်သည့်ဗဟုသုတမရှိသောကြောင့် အင်ဂျင်သက်တမ်းမလိုအပ်ဘဲ တိုတောင်းရကြောင်း ပြောသည်။

‘‘အင်ဂျင်တစ်ခုခုဖြစ်လို့လဲရ ပြီဆိုရင် ကျွန်တော်တို့လိုကားမျိုး (1.3/1.5) ဓာတ်ဆီအင်ဂျင် လောက်ဆို လေးငါးသိန်းလောက် ကုန်တာ။ အင်ဂျင်ကို ပုံမှန်ထိန်း သိမ်းသွားမယ်၊ ဘယ်လိုထိန်းသိမ်း ရမယ်ဆိုတာကို သိတယ်ဆိုရင် တော့ အင်ဂျင်သက်တမ်း ကြာ ရှည်တာပေါ့‘‘

၎င်းအနေဖြင့် လစဉ်မဟုတ် တောင် ပုံမှန်အားဖြင့် ကားထိန်း သိမ်းစရိတ်အတွက် တစ်လလျှင် ကျပ်သုံးသောင်းခန့် သုံးစွဲကြောင်း၊ ၎င်းမှာ လစဉ်ဝင်ငွေ၏ ပျမ်းမျှ ၁၀ ရာခိုင်နှုန်းခန့်ရှိကြောင်းသိရသည်။

‘‘တကယ်တော့ အင်ဂျင် သက်တမ်းအတွက်ရော မိုင်များ များမောင်းနိုင်ဖို့ရော Lubricant စက်ဆီက သိပ်အရေးကြီးတယ်။ များသောအားဖြင့် ကားပိုင်ရှင် များ၊ ကားသမားများဟာ မိမိကား နဲ့လိုက်ဖက်မယ့် စက်ဆီကို ရွေး ချယ်ရာမှာ ဈေးပေါတာ (သို့မ ဟုတ်) ကိုက်ညီမှုမရှိတဲ့အမျိုး အစားများကို ရွေးချယ်မိတာမျိုး ဖြစ်လေ့ရှိပါတယ်။ အရည်အသွေးကောင်းတဲ့ Lubricant ကိုသုံးစွဲ ခြင်းအားဖြင့် ကားအင်ဂျင်သက် တမ်းကို လေးဆတာရှည်ခံစေပါ တယ်’’ဟု ပန်းတိုင်သစ်ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ မစ္စတာဂျိန်း ပူးကပြောသည်။ ပန်းတိုင်သစ် ကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်း သို့ အမေရိကန်နိုင်ငံထုတ်အရည် အသွေးမြင့်စက်ဆီတစ်မျိုးဖြစ် သည့် MSP Lubricant ကို တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းရောင်းချလျက်ရှိသည်။

အထူးသဖြင့် မြန်မာပြည် တွင်းသို့ ကားတင်သွင်းသူအများစုသည် ဈေးနှုန်းချိုသာသည့်တစ်ပတ် ရစ်ကားများကိုသာ တင်သွင်းကြ သလို မြန်မာပြည်ရှိလမ်းများမှာ လည်း အချိုင့်များ၊ မညီညာမှုများ နှင့်ဖြစ်ရာ ကားပြုပြင်ထိန်းသိမ်းမှု မှာ ပိုမိုအရေးကြီးသည်။ အာရှ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Asian Development Bank-ADB)က ထုတ်ပြန်သည့် စာတမ်းတစ်ခုအရ မြန်မာပြည်ရှိ စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းမှာ လမ်းမျက်နှာပြင် ညီညာမှုမရှိဟုဆိုထားသည်။ ထိုသို့ မျက်နှာပြင်မညီညာသော ချိုင့်ခွက်များရှိသော လမ်းများပေါ်တွင် နေ့စဉ်မောင်းနှင်နေကြရသော ကားများအဖို့လည်း ပျက်စီးနိုင်ခြေများကြောင်းဆိုသည်။ သို့ရာတွင် မြန်မာနိုင်ငံရှိ ကားစက်ဆီဈေးကွက်မှာ တစ်ကမ္ဘာလုံးရှိ အခြားသောနိုင်ငံများနှင့် ယှဉ်လျှင်မူ လျင်မြန်စွာတိုးတက်နေ သည်ကိုကြည့်ခြင်းအားဖြင့် မြန်မာပြည်တွင် ကားစက်ပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းရာ၌ စက်ဆီ၏အရေးပါမှုကို တဖြည်းဖြည်း အသိအမှတ်ပြုလာပြီဟုဆိုနိုင်သည်။ စီးပွားရေးလုပ်ငန်းကော်ပိုရေးရှင်းကြီးများ၏ အတိုင်ပင်ခံကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Solidiance ကထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ ၂၀၁၂ အတွင်းစက် ဆီလီတာ၇၈ ဒသမ ၈ သန်းကို ပြည်တွင်းသို့တင်သွင်းခဲ့ကြောင်း သိရသည်။ ယင်းမှာ ယခင်နှစ်များနှင့်ယှဉ်လျှင် တစ်နှစ်လျှင် ၉ ရာခိုင်နှုန်းနီးပါး တိုးတက်လာခြင်းဖြစ်ပြီး တစ်ကမ္ဘာလုံးဈေးကွက်မှာ မူ ၂ ရာခိုင်နှုန်းသာတိုးတက်လျက်ရှိသည်။ ပြည်တွင်းတွင် စက်ဆီအမှတ်တံဆိပ်အမျိုးမျိုးရှိရာ ကားပိုင်ရှင်နှင့် ကားသမားအများစုသည် ဈေးနှုန်းချိုသာမှု၊ အပိုထပ်ဆောင်းလက်ဆောင်ပစ္စည်းရရှိမှုတို့ကိုကြည့်၍သာ ပိုမိုရွေးချယ်ဝယ်ယူကြကြောင်း သိရသည်။

‘‘ပြည်တွင်းမှာ တံဆိပ်အမျိုး မျိုးတော့ရှိပါတယ်။ ဒါပေမဲ့ ဈေး ကွက်ထဲက အများစုကတော့ oil- based ဆီတွေဖြစ်ပြီး သူတို့ တွေက အင်ဂျင်ကိုကာကွယ်ရာ မှာ လုံလောက်မှုမရှိပါဘူး။ ပွတ် တိုက်အားကြောင့်အပူထွက်လာ ပြီဆိုရင် oil-based တွေက ပျော် ပြီးကျသွားတော့ သတ္တုကိုအပေါ် ကနေ ကာကွယ်မပေးနိုင်တော့ပါ ဘူး။ အရည်အသွေးမြင့်တဲ့စက်ဆီ တွေက ဒီနေရာမှာ ဘယ်လောက် ပွက်တိုက်တိုက် သတ္တုထဲကိုစိမ့် ဝင်နိုင်တဲ့အတွက် ကာကွယ်မှုမှာ ကျ ပိုသာပါတယ်။ ဥပမာ MSP Lubricant

ဆိုရင် နောက်ဆုံး နည်းပညာဖြစ်တဲ့ micro-lubri cation technology လို့ခေါ်တဲ့ မော်လီကျူးလေးတွေကိုအခြေခံ ပြီး သတ္တုတွေကိုကာကွယ်ပေးတဲ့ စွမ်းဆောင်ရည်မြင့်စေတဲ့နည်း ပညာနဲ့ ထုတ်လုပ်ထားတဲ့ lubri-cant ဖြစ်တဲ့အတွက် သတ္တုတွေထဲအထိ စိမ့်ဝင်နိုင်ပါတယ်။ ဒါကြောင့် သူ့ကို အင်ဂျင်ဝိုင်နဲ့တွဲ သုံးတဲ့အခါ အင်ဂျင်ကိုထိထိ ရောက်ရောက် ကာကွယ်ပေးနိုင် သလို စက်သုံးဆီပေါက်ကွဲအားကို လည်း ပိုမိုမြှင့်တင်ပေးတဲ့အတွက် ဆီစားလည်းသက်သာပါတယ်’’ ဟု ရန်ကုန်မြို့ရှိ ကားစက်ခေါင်း ပိုင်းဆိုင်ရာ အကြံပေးပြုလုပ်နေ သည့် Ko Lay Industry ပိုင်ရှင် ကားစက်ပိုင်းဆိုင်ရာကျွမ်းကျင် သူ ဦးကိုလေးကဆိုသည်။

မြန်မာနိုင်ငံ၏ လမ်းများ အနေဖြင့် အချိန်တိုအတွင်းတိုး တက်ကောင်းမွန်နိုင်ခြေနည်းသေးသောကြောင့် လက်ရှိ ကားပိုင် ဆိုင်ထားသူများဖြစ်စေ၊ ဈေးနှုန်း ချိုသာသည့်ကားများကို ဝယ်ယူ ရန်ကြံရွယ်နေသည်ဖြစ်စေ ကား ပြုပြင်ထိန်းသိမ်းမှုမှာ သေချာ ထည့်သွင်း စဉ်းစားသင့်သည့် အချက်တစ်ချက်ဖြစ်သည်။ ထို့ ပြင် စက်ဆီ (lubricant)နှင့်ပတ် သက်လျှင်လည်း ဈေးကွက်တွင် ရရှိနိုင်သည့် အမျိုးမျိုးသောတံ ဆိပ်များအကြောင်းကိုလည်း သေသေချာချာ သိရှိနားလည် ထားနိုင်ရန် လေ့လာထားသင့်ပေ သည်။ သို့မှသာလျှင် ကားတစ်စီး ဝယ်ပြီး ပြုပြင်ထိန်းသိမ်းစရိတ် များဖြင့် ဝန်ပိကာ စိတ်ညစ်စရာ မလိုတော့မည်ဖြစ်သည်။

မေသန္တာဝင်း

Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO