Image

Friday 29 April 2016

ပျားရည်ကြက်ကင်

ပျားရည်ကြက်ကင်

ကြာမြင့်ချိန် - တစ်နာရီခွဲ

လူဦးရေ - ၆ယောက်စာ

ပါဝင်ပစ္စည်း

ထောပတ်(အခန်းအပူချိန်) - ၁၀၀ဂရမ်

သံပုရိုသီး(အရည်၊ အခွံ) - ၁လုံး

ဆား၊ ငရုတ်ကောင်း - သင့်တော်ရုံ

ကြက်သွန်ဖြူ - ၃မွှာ

သံလွင်ဆီ - သင့်တော်ရုံ

စမုန်ဖြူ - စားပွဲတင်ဇွန်းတစ်ဇွန်း

ရှမ်းနံနံပင် - တစ်စည်း

ကြက်သားကောင်လုံး(၁.၅ကီလိုဂရမ်) - တစ်ကောင်

ပန်းသီးအနီ - တစ်ခြမ်း

White Onion - တစ်လုံး

Lemon - တစ်ခြမ်း

ကရဝေးရွက် - နှစ်ရွက်

မုန်လာဥနီ၊ တရုတ်မုန်လာ၊အာလူး၊ ဂေါ်ဖီထုတ် - ၁ ကီလိုဂရမ်

ပျားရည် - ၁၀၀ဂရမ်

ချက်ပြုတ်နည်း

- ထောပတ်ကို ပန်းကန်လုံးထဲတွင် အရင်ထည့်ပါ။

- ကြိတ်ထားသော သံပုရိုသီးအခွံအနည်းငယ်ကို ထောပတ်နှင့်ရောထည့်၍ သံပုရိုအရည်၊ ဆားနှင့် ငရုတ်ကောင်းအမှုန့်အနည်းငယ်၊
  ကြက်သွန်ဖြူ  ၊ သံလွင်ဆီအနည်းငယ်ထည့်ပါ ။

- လတ်ဆတ်၍ လှီးထားသောစမုန်ဖြူနှင့် ရှမ်းနံနံပင်ထည့်ပြီး သမအောင်မွှေပါ။

- ကြက်သားကို ဆားအနည်းငယ်၊ ငရုတ်ကောင်းအနည်းငယ်ထည့်၍ နယ်ပြီး အစာသွတ်ရန်အတွက်ပြင်ဆင်ထားပါ။

- ပန်းသီး ၁စိတ်၊ ထပ်ခြမ်းခြမ်းထားသော ကြက်သွန်၊ သံပုရိုသီးနှင့် ကရဝေးရွက်၂ရွက်ဖြင့် အစာသွပ်ပါ။

- နယ်ထားသော ထောပတ်အမွှေးအကြိုင် ပစ္စည်းများဖြင့် ကြက်သားကိုအနှံသုတ်လိမ်းပါ။

- အထူးသဖြင့် ရင်အုံအရေပြားအောက်သို့ သုတ်လိမ်းပါ။

- Micro Wave တွင် ကြက်ကိုကင်ရန်အတွက် Combination ချိန်ညှိစက်ခလုတ်ကို ၃ခါနှိပ်ပါ။

- Timer ခလုတ်ကို ၇၅မိနစ်သို့ လှည့်ပြီး Start ကိုနှိပ်၍ စတင်ချက်ပြုတ်ပါ။

- ၁၅မိနစ်တစ်ကြိမ် ကြက်သားမှထွက်လာသောအရည်ကိုပြန်ဆမ်းပေးပါ။

- ၄၅မိနစ်ကြာချိန်တွင် အသင့်ပြင်ဆင်ထားသော ဟင်းသီးဟင်းရွက်များကိုထည့်ပါ။

- ကြက်ကို ပျားရည်သုတ်လိမ်းပေးပါ။ ၅မိနစ် တစ်ကြိမ်ကောင်းစွာကျက်သည်အထိ ပျားရည်ဖြင့်သုတ်လိမ်းပါ။

- ပန်းကန်ပြားထဲတွင် ဟင်းသီးဟင်းရွက်များနှင့် ကြက်သားကိုပြင်ဆင်ပြီးစားသုံးနိုင်ပါပြီ။

အကြံပြုချက် ။ ။ ကြက်သားကျက်သည်ကိုသိနိုင်ရန် အသားအပူချိန်တိုင်းသာမိုမီတာဖြင် ကြက်ရင်အုံ၏ အသားများသောအပိုင်းသို့ ထိုးသွင်းကြည့်ပါ။ ကြက်သား၏ အတွင်းပိုင်းအပူချိန်သည် 75 degree celsius ရှိရပါမည်။ အကယ်၍ သင့်တွင် အသားအပူချိန်တိုင်း သာမိုမီတာမရှိပါက ဓါးသေးဖြင့် ကြက်ပေါင်နှင့် ခန္ဒာကိုယ်ကြားသို့ထိုးသွင်းကြည့်ပါ။ အသားမှထွက်လာသောအရည် ကြည်နေလျှင် ကျက်ပါပြီ။

Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO