Image

Thursday 28 April 2016

KFCကြက်ကြော်လုပ်စားကြရအောင်


KFC ကြက်ကြော်နည်းမေးထားသူများအတွက်ပါ။ KFC ကြက်ကြော်က ကမ္ဘာမှာ နံမည်အကြီးဆုံး ကြက်ကြော်တစ်မျိုးပါ။ KFC ကြက်ကြော် ချက်နည်းအတိုင်း ပထမဆုံးအကြိမ် ကြော်ဖူးတာပါ။ KFC ကြက်ကြော်နဲ့ အရသာရော၊ ပုံပါ တော်တော်ကို တူတာမို့ ချက်နည်းကို အားလုံးကို မျှဝေပေးချင်လို့ပါ။ လုပ်ရတာလည်း လွယ်ပါတယ်၊ ဒါပေမယ့် ကြက်သားနှပ်ထားချိန်ကတော့ ၁ရက်နီးပါးတော့ အချိန်ပေးရပါတယ်။


ကြက်သားကို နုပ်ထားရန် ပါဝင်ပစ္စည်းများ

ကြက်ပေါင်နဲ့ ရင်ဗုံ – ၄ခု

ပိုတက်စီယမ်ဆား- စားပွဲတင်ဇွန်း ၂ဇွန်း (ထည့်ချင်က ထည့်နိုင်သည်၊)

အချိုမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း

ဆား – စားပွဲတင်ဇွန်း ၂ဇွန်း

ကြက်သွန်ဖြူမှုန့် – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ

ကြက်ပြုတ်ရေ – စားပွဲတင်ဇွန်း ၃ဇွန်း

ကြက်ကြော်အတွက် ပါဝင်ပစ္စည်းများ

နုပ်ထားသော ကြက်ပေါင်နဲ့ရင်ဗုံ

ကြက်ဥ – တစ်လုံး

နွားနို့ – ၂၀၀ မီတာ

ဂျုံ – ၁၀၀ ဂရမ်

ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ

ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ

ကြက်သွန်ဖြူမှုန့် – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ

ဆိုဒါ – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ


ချက်ပြုတ်နည်း

အရင်ဆုံး ကြက်သားကို နုပ်ရန် ပါဝင်ပစ္စည်းများဖြစ်သော ( အချိုမှုန့်၊ ပိုတက်စီယမ်၊ ဆား၊ ကြက်သွန်ဖြူမှုန့်၊ ကြက်ပြုတ်ရည်) တို့ဖြင့် သမအောင် နုယ်ပြီ အနည်းဆုံး ၂၄နာရီ တစ်ညသိပ်ထားပေးပါ။

ပြီမှ ဂျုံမှုန့်နှင့် ( ငရုတ်ကောင်းမှုန့်၊ ဆား၊ ဆနွင်းမှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ဆိုဒါ) တို့အားလုံး ဇလုံတစ်ခုထဲ သမအောင် ရောမွှေလိုက်ပါ။



ပြီလျှင် ကြက်ပေါင်ကို ခလောက်ထားသော ကြက်ဥခွက်ထဲနှစ်ပြီ ဂျုံမှုန့်များဖြင့် လိပ်လိုက်ပါ။


ထို့နည်းအတိုင်း ကျန် ကြက်ရင်ဗုံ၊ ပေါင်ကို ကြက်ဥနှစ်ပြီ ဂျုံကပ်ပေးပါ။


ဒယ်ထဲ ဆီများများထည့်ကာ ဆီပူလာလျှင် ဂျုံကပ်ထားသော ကြက်ပေါင်၊ ရင်ဗုံများကို အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။
ကျက်လျှင်ကြက်ကြော်များကို အာလူးကြော်၊ ဆော့ဖြင့် တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ....

credit: ‪#‎wutyeefoodhouse‬



Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO