Image

Thursday 7 April 2016

ဝီစကီသောက်နည်း

ပုံမှာပြထားတဲ့အတိုင်း အောက်ခြေပိုင်းလေးတဲ့ ခွက်တိုတိုကို ရွေးပါ။ ခွက်ထဲမှာ ကြာကြာထားသောက်မယ့် အဆင့်မြင့် ဝီစကီတွေအတွက်ကတော့ ရှည်တဲ့ခွက်မျိုးဆို ကောင်းပါတယ်။ အောက်ခြေမှာဝိုင်းပြီး အဝမှာ သွယ်သွားတဲ့ Tulip ခွက်မျိုးက သင့်လျော်ပါတယ်။ ဒီခွက်နှစ်မျိုးက ဝီစကီသောက်ဖို့ အသင့်လျော်ဆုံးဖြစ်ပါတယ်။ [[[ပုံ-1]]]


ငှဲ့တဲ့အခါမှာ ခွက်အောက်ခြေက လက်နှစ်လုံးရောက်တဲ့ထိပဲ ထည့်သင့်ပါတယ်။[[[ပုံ-2]]]


အေးစက်သွားတဲ့အခါ ဝီစကီဟာ အနည်းငယ်လောက် ထုံပြင်းပြင်း ဖြစ်သွားပါတယ်။ ဒါကြောင့် ဝီစကီသမားအစစ်တွေဟာ ရေခဲထည့်လေ့မရှိပါဘူး။ ထည့်လည်း တစ်တုံးလောက်ထက် မပိုပါဘူး။ [[[ပုံ-3]]]


ရေကတော့ သင့်အပေါ်မူတည်ပါတယ်။ ဝီစကီသမားအချို့က ရေခဲတုံးတွေ၊ ရေတွေမထည့်ခင် နည်းနည်းလောက် ထိတယ်ဆိုရုံလေး မြည်းကြည့်တတ်ပါတယ်။ နောက်တော့ သူတို့ သဘောတွေ့သလောက် ရေတွေ၊ ရေခဲတုံးတွေ ရောစပ် ပါတယ်။ ဝီစကီကို neat သောက်တယ်ဆိုတာကတော့ ရေခဲတုံးတွေ ရေတွေ မပါဘဲ သောက်တာဖြစ်ပါတယ်။ ရေရောရင် ရေသန့်ဘူးထဲက ရေနဲ့ရောတာက အကောင်းဆုံးပါ။ [[[ပုံ-4]]]


တကယ်ကောင်းတဲ့ ဝီစကီစစ်စစ်ဆိုရင် အနံ့ကိုလည်း အရသာခံဖို့ မမေ့သင့်ပါဘူး။ တစ်ခါတည်း ခွက်ကို မော့ပြီး မျိုချတဲ့နည်းဟာ ဝီစကီနဲ့ လုံးဝ မအပ်စပ်ပါဘူး။ ပါးစပ်ထဲက ဝီစကီနံ့သင်းသင်းကို ခံစားရင်း ပူဆင်းသွားတဲ့ အရသာမျိုးကို ခံစားသောက်မှ ဝီစကီရဲ့ အနှစ်သာရကို အပြည့်အဝရမှာ ဖြစ်ပါတယ်။ [[[ပုံ-5]]]

Credit : :😂😂😂


Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO