Image

Sunday 24 April 2016

သိထားသင့်တယ်

ပြား ပဲ မူး မတ် ကျပ်

၂ ပြား= ၁ ပဲ
၂ ပဲ= ၁ မူး
၂ မူး = ၁ မတ်
၂ မတ် = ၅ မူး
၅ မူး ၂ ခါ = ၁ လက်မ

၁လက်မထဲက အစိပ်ကလေးများရဲ့ မြန်မာ လက်သမား အခေါ် အဝေါ်လေးတွေ လူသစ်ဘ၀က မသိခဲ့တာကြောင့် အလုပ်သမားများရဲ့ အထင်သေးမှုကို များစွာ ခံစားခဲ့ရဖူးပါတယ်။

မြန်မာပြည်က ဆောက်လုပ်ရေး အများစုဟာ အရင်က ပေ လက်မ တွေနဲ့ ပဲ သုံးတာများပါတယ်။ အခုနောက်ပိုင်းတော့ မီတာတွေနဲ့ များလာပါတယ်။ မီတာနဲ့ က တွက်ရချက်ရလွယ်ပါတယ်။

ဆက်သွယ်ချက်က မသိလို့  မဖြစ်ပါဘူး။

၁ လက်မမှာ= ၂၅.၄ မီလီမီတာ ရှိပါတယ်။
၁ မီတာမှာ = ၃.၂၈၁ ပေ ရှိပါတယ်။

လက်သမား အခေါ်နဲ့ ကတော့ ၃ ပေ ၃ လက်မ ၃ မူး အတိအကျ ရှိပါတယ်။

m³ ကို ft³ ပြောင်းဖို့ ရာ ဆက်သွယ်ချက်က

1 m³ = 35.32 ft³ ရှိပါတယ်။

100 ft³ ဆိုတာ တစ်ကျင်းပါ
အလျား ၁၀ ပေ အနံ ၁၀ ပေ အမြင့် ၁ ပေ ( ၁၀×၁၀×၁=၁၀၀ ကုဗ) ၁ကျင်းပါ

၁ကျင်း( ၁၀၀ ကုဗ) မှာ မီတာကျု m³ ဘယ်လောက်လဲဆို

၃၅.၃၂ ကုဗ = 1 m³
၁၀၀ ကုဗ ( ၁ကျင်:) = ၁၀၀/၃၅.၃၂
= ၂.၈၃၁ m³ ရပါတယ်။

မပြောပလောက်တဲ့ အသေးအဖွဲ လေးများပင် ဖြစ်ပေမယ့် မသိသေးခင်က တော်တော် တိုင်ပတ်ခဲ့ရလို့ ပါ။

Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO