Image

Wednesday 20 April 2016

ဆယ်လ်မွန်ငါးတို့အပြန်




salmon ငါးတွေ အိမ်ပြန်ကြတဲ့အကြောင်းပါ...

salmonငါးတွေဟာရေချိုမှာဥဥပြီးရေငန်မှာကြီးပြင်းကြတာတဲ့...ရေချိုမြစ်ချောင်းတွေထဲမှာဥဥပြီးအကောင်ပေါက်တော့ရေငန်ပင်လယ်ထဲကိုဆင်းသွားကြတယ်...ရေငန်ပင်လယ်ထဲမှာ မျိုးစိတ်အဆင့်အတန်းအလိုက် တစ်နှစ် ကနေ ငါးနှစ်လောက် အထိနေပြီးလို့ သူတို့ရဲ့ မျိုးပွားအင်္ဂါတွေ ကောင်းစွာဖွံ့ဖြိုးလာတဲ့အခါမှာ ရေငန် ပင်လယ်ထဲကနေ သူတို့ ပေါက်ဖွားခဲ့တဲ့ မူလနေရာ ရေချိုမြစ်ချောင်းတွေရဲ့ အစနေရာကို ပြန်သွားကြပါတယ်.....

ဒီအကြောင်းတွေကတော့ ကြားဖူးပြီးသားဖြစ်မှာပါ...ဆယ်လ်မွန်ငါးတို့ အပြန်ဆိုတဲ့ နိုင်ငံကျော်သီချင်းတောင် ရှိနေသေးတာဘဲ...ကိုယ် စိတ်မကောင်းတာက ငါးတွေ သူတို့အိမ်ကိုပြန်ကြတဲ့ခရီးစဉ်ကိုတခမ်းတနားdocumentoryလိုမရိုက်ပြဘဲ...အစားအစာချက်ပြုတ်စားသောက်တဲ့အစီအစဉ်မှာ အထူးတင်ဆက်မှုအဖြစ်ပြလို့ပါ...
တကယ်ဆို salmon ငါးတွေရဲ့ ဇာတိစွဲက ဘယ်လောက် ချစ်စရာကောင်းသလဲ...

ဘယ်နေရာဘဲရောက်နေနေသူတို့ရဲ့ဇာတိကိုမေ့မသွားဘူးလေ...ရောက်အောင်ပြန်ကြတယ်...အဲ့လိုခမ်းနားတဲ့ဇာတိစိတ်ကိုချီးကျူးဂုဏ်ပြုတဲ့တင်ဆက်မှုမျိုးနဲ့ပြသခြင်းမပြုဘဲ အစားအစာတွေကို အကဲဖြတ်သလို salmon ငါးရဲ့အရသာထူးမြတ်လှပုံကို တခမ်းတနားပြနေတယ်...

ပင်လယ်ကနေမူလဇာတိမြစ်ချောင်းတွေဆီကိုပြန်တယ်ဆိုတာလွယ်တဲ့ကိစ္စမှမဟုတ်တာ...မြစ်ချောင်းတွေဟာအမြင့်မှာ...ပင်လယ်ကဟိုးအနိမ့်ဆုံးမှာ...အနိမ့်ဆုံးနေရာကနေ အမြင့်ဆုံနေရာဆီကို ဆန်တက်ကူးခတ်ပြီး ပြန်ကြရတာလေ...

သူတို့တွေရဲ့ လမ်းကြောင်းကို သိထားတဲ့ ရွာသူရွာသားတွေက အပြန်လမ်းကို စောင့်ပြီးဖမ်းကြသေးတယ်...ပိုက်တွေထဲတိုးဝင်ပြီးပါသွားလိုက်တာအများအပြား...
ပိုဆိုးတာတစ်ခုကမြစ်ချောင်းတွေဆီကနေပင်လယ်ဆီကိုလာတုန်းကအဆင်းလမ်းကို လာခဲ့ကြတယ်...ရေစီးနဲ့ မျှောလိုက်ပြီးလာခဲ့ကြတယ်...အခု ပင်လယ်ကနေ မြစ်ချောင်းတွေဆီကို ပြန်မယ်ဆိုတော့ ရေဆန်ကို ကူးခတ်ကြရပြီ...

ရေဆန်မို့လို့ပင်ပန်းနေပါတယ်ဆိုမှလမ်းခရီးကပုံစံတွေပြောင်းနေတတ်သေးတယ်...ဆည်တွေဖို့လိုက်တာမျိုး...မြောင်းတွေပိတ်ပစ်လိုက်တာမျိုးတွေပေါ့...အဲ့လိုနေရာတွေကိုရောက်တဲ့အခါမှာငါးလေးတွေဟာလမ်းပျောက်သလိုဖြစ်ပြီးသေလိုက်ကြတာမှအတုံးအရုံး...ဒါကိုကြိုသိနေတဲ့ရွာသူရွာသားတွေကပျော်ရွှင်စွာသွားကောက်ကြတယ်တဲ့...ကြည့်သာ ကြည့်နေရတယ် ကိုယ့်မှာ ၀မ်းနည်းပူဆွေးမှုတွေနဲ့...

အိမ်ပြန်ရတာ အဲ့သလောက်ဘဲ ခက်ခဲသလား.......?
အိမ်အပြန်လမ်းဟာ အဲ့သလောက်ဘဲ ကြမ်းတမ်းသလား.....?
အိမ်ပြန်ရောက်ချင်တဲ့စိတ်ဟာကျိန်စာတစ်ခုလိုအသက်ကို
ပါနှုတ်ယူပစ်တတ်တာမျိုးလား....?
အိမ်နဲ့ ဝေးနေသူတွေရဲ့ အိမ်ပြန်ချင်တဲ့စိတ်ဟာ တပါးသူရဲ့ အနိုင်ကျင့်နှိပ်စက်မှုကို ခံယူကြဖို့လား.....?
အိမ်ပြန်ချင်စိတ် သိပ်နှိပ်စက်တဲ့အခါ သေရမှာကိုတောင် မကြောက်တော့တဲ့ salmon ငါးလေးတွေရဲ့ သတ္တိကိုတော့ အလေးပြုမိပါရဲ့.....။

#Copy#



Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO