Image

Sunday 3 April 2016

Triumph Speed Twin 500 Triumph

၁၉၃၀ ပြည့်နှစ်များ
Triumph Speed Twin 500
Triumph ရဲ့ Speed Twin model ဟာ ၁၉၃၇ ဂျူလိုင် မှာ ဈေးကွက်တင်တဲ့ အခါမှာ အရင့် အရင် ဈေးကွက်ထဲ ရောက်လာသမျှ တခြားဆိုင်ကယ်တွေထက် မော်တော်ဆိုင်ကယ်ဈေးကွက်ကို လှုပ်ခတ်စေခဲ့ပါတယ်။



ရှေ့တစ်နှစ်လောက်က စပြီး Triumph မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ညဏ်ကြီးရှင် အင်ဂျင်နီယာ Edward Turner ရဲ့ ပထမဆုံး Triumph model ပါ။Ariel ကုမ္ပဏီတုန်းက Square Four ကို ဒီဇိုင်းထုတ်ခဲ့တဲ့ Turner ရဲ့ အရည်အချင်းကို သက်သေပြခဲ့တဲ့ ဒီဇိုင်းလည်း ဖြစ်ခဲ့ပါတယ်။
Speed Twin ဟာ မော်တော်ဆိုင်ကယ်မျိုးစိတ်သစ် တစ်ခု မွေးဖွားပေးခဲ့တဲ့ ဖခင်ပါပဲ။တစ်လုံးထိုးတွေကို ပဲ အတုယူပြီး ထုတ်ခဲ့ရတဲ့ နှစ်လုံးထိုးက Piston ၂လုံးဟာ စုံတက် စုံဆင်းဖြစ်ပြီး အံ့သြဖွယ်ရာ ကောင်းလောက်အောင် ညက်ညော ချောမွေ့တာကို တွေ့ရပါတယ်။တစ်လုံးထိုးတွေ မယှဉ်သာအောင် အားကောင်းပြီး စွမ်းဆောင်ရည် မြင့်တဲ့ နှစ်လုံးထိုးတွေဟာ လူထုရဲ့ စိတ်ဝင်စားမှုကို ဖမ်းယူနိုင်ခဲ့ပါတယ်။
၁၉၃၇ ဈေးကွက်တင်တဲ့ အခါမှာ သူ့ရောင်းဈေးက 77.15 ပေါင်ပါ။
Speed Twin ဟာ Bore×Stroke, 68×80mm ရှိပြီး 498cc ထုထည် ရှိပါတယ်။Overhead valve စနစ်ကို piston နှစ်လုံးကြားမှာနေရာယူထားတဲ့ push rod တွေနဲ့ အသက်ဝင်စေခဲ့ပါတယ်။Camshaft ကိုတော့ Crankshaft ကနေ ဂီယာပင်နီယံတွေနဲ့ ချိတ်ဆက်ပြီး လှည့်လည်စေပါတယ်။ဂီယာ ၄ ချက် ဂီယာဘောက်နဲ့ ဖြစ်ပြီး ကရိုင်းကေ့စ် ကိုတော့ သတ္ထုစပ်နဲ့ လုပ်ထားပြီး ဘလောက်ကိုတော့ သံကြွပ်နဲ့ ပုံလောင်းထားပါတယ်။


စာနယ်ဇင်းနဲ့ မီဒီယာတွေကို ကြော်ငြာတဲ့ အမြန်ဆုံးပြေးနှုန်းက တစ်နာရီကို ၁၀၇ မိုင်(172km/h) ဖြစ်ပြီးတော့ တစ်မိုင်ရဲ့ လေးပုံ တစ်ပုံ အကွာအဝေးကိုတော့ ရပ်ထားရာကနေ အရှိန်တင်ရာမှာ တစ်နာရီ ၇၄ မိုင်နှုန်းအရောက်မှာ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။Speed Twin ဟာ သူ့ခေတ်မှာတော့ ဒုံးကျည် တစ်စင်းပါပဲ။
ဖရိမ်နဲ့ အရိုးအဆစ်ကတော့ တစ်လုံးထိုး Tiger 90 နဲ့ အတူတူပဲ ဖြစ်ပါတယ်။Motorcycle Magazine ကရေးထားတာတော့ အင်ဂျင်အလေးချိန်က တစ်လုံးထိုးထက်ပိုပေါ့နေပြီး အလေးချိန်ဝေမျှမှုမှာတော့ အတူတူ နီးပါးပဲ ဖြစ်ပါတယ်။နောက်ဘီးက အသေဖြစ်ပြီး ဖင်ထိုင်ခုံက စပရိန်ကပဲ စီးနင်းသူကို သက်တောင့်သက်သာ ရှိစေပြီး ရှေ့ဖောက်က စပရိန် ဖောက် ဖြစ်ပါတယ်။


စစ်ကြီး ဖြစ်တဲ့ အစောပိုင်းကာလမှာပဲ Triumph စက်ရုံဟာ ပြားပြားဝပ်အောင် ဗုံးကြဲခံခဲ့ရပါတယ်။နာမည်ကျော်ကြားလူကြိုက်များလှပြီး နောက်တာယာမီးခိုးအူအောင် အရုန်းအပြေးသန်တဲ့ Speed Twin သာ မထုတ်ထားမိခဲ့ဘူးဆိုရင် Triumph စက်ရုံဟာ နာလန်ပြန်ထူနိုင်ခဲ့မှာတောင် မဟုတ်ပါဘူး။စစ်ကြီးပြီးတာနဲ့ Speed Twin ကို ရဲရဲဝံ့ဝံ့ပြန်ထုတ်ပြီး စက်ရုံကို ပြန်လည်ပတ်ခဲ့ရတာပါ။
အမေရိကန်တွေရဲ့ ကြီးကြီးမားမား ရှည်ရှည်လျားလျား ဆိုင်ကယ်ကြီးတွေကိုမှ ဆိုင်ကယ်ထင်နေကြတဲ့ လူတွေရဲ့ အမြင်ကို ပြောင်းပေးနိုင်ခဲ့ပြီး Standard ရယ်လို့ အသိအမှတ်ပြုရတဲ့ ဆိုင်ကယ် class တစ်ခု ပေါ်ထွန်းလာအောင် စွမ်းဆောင်ခဲ့တဲ့ Triumph ဟာ ၁၉၈၃ မှာ ထုတ်လုပ်မှု ရပ်ဆိုင်းသည်အထိ ဒီ ဒီဇိုင်းကိုပဲ အခြေခံထုတ်လုပ်ခဲ့တာပါ။

Credit : :သက်ဆိုင်သူ




Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO