Image

Wednesday 10 February 2016

သင်တန်းမတက်ဘဲ အွန်လိုင်းကနေ တတ်မြောက်နိုင်တဲ့ အဆင့်မြင့်ကျွမ်းကျင်မှုများ

ဘ၀မှာ တခါတလေ `အဲဒါလေး ငါတတ်ရင် ကောင်းမှာပဲ´လို့ စိတ်ကူးမိတဲ့ အခါတွေ ရှိပါတယ်။ သင်တန်းတက်ဖို့ အချိန်မရှိ၊ အဆက်အသွယ် မရှိတဲ့သူတွေအတွက် အွန်လိုင်းပေါ်မှာ သင်နိုင်တဲ့ ပညာတွေ အများကြီးရှိပါတယ်။ အဲသည်အထဲက ၁၀ မျိုးကို ဖော်ပြလိုက်ပါတယ်။


၁. ပစ္စည်းတွေ ပျက်ရင် ပြင်တာ

အိမ်ပြင်တာ၊ ကားပြင်တာ၊ ရေပိုက်ပြင်တာ၊ ပစ္စည်းအတိုအထွာ ပြင်တာ..ဘာမဆို youtube ပေါ်မှာ ရှာကြည့်နိုင်ပါတယ်။ လက်တော့ပ်ကြိုးလိုမျိုး အသေးစားပြင်ဆင်မှုတွေကို ကိုယ့်ဘာသာလုပ်နိုင်အောင် ဒီဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
 http://lifehacker.com/5837117/top-10-repair-projects-you-should-never-pay-for 



၂. ကွန်ပျူတာပန်းချီဆွဲတာ၊ photoshop သုံးတာ

ကွန်ပျူတာထဲက အခြေခံ tool တွေကို အရင် သုံးကြည့်ပါ။ ဘာက ဘာအတွက်သုံးတယ်ဆိုတဲ့ လမ်းညွှန်လေးတွေ ပရိုဂရမ်တိုင်းမှာ ထည့်ပြီးသားပါ။ Tool တွေကို ရင်းနှီးပြီဆို ပုံပေါ်လာအောင် ဆွဲတဲ့နည်းကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။ http://lifehacker.com/5781134/digital-painting-101-the-complete-guide?tag=nightschool ဒီဆိုက်အပြင် http://www.photoshopstar.com/ 
ဟာလည်း လေ့ကျင့်ခန်းတွေကို အခြေခံကစ သင်ပေးတဲ့ ဆိုက်ကောင်းတစ်ခုပါ။


၃. ကိုယ်ခံပညာသင်တာ

လူတိုင်းကို ယုံကြည်လို့မရတဲ့ ခေတ်ကြီးမှာ ကျားမ မရွေး ကိုယ်ခံပညာတတ်ထားသင့်ပါတယ်။ ငြိမ်ခံနေတာထက် တန်ပြန်တိုက်ခိုက်တတ်သူကို မသမာသူတွေ ပိုဖြုံကြတာလည်း အသေအချာပါပဲ။ လေ့လာချင်ရင် http://lifehacker.com/5825528/basic-self-defense-moves-anyone-can-do-and-everyone-should-know    မှာ ကြည့်ပါ။ ကိုယ့်ကိုယ်ကို ကာကွယ်နည်း၊ ရန်သူရဲ့ ဟာကွက်ကို ရှာဖွေတိုက်ခိုက်နည်းတွေ တွေ့ရမှာပါ။


၎.ဒီဇိုင်းပိုင်းကို သင်ယူတာ

ဝက်ဘ်ဒီဇိုင်း၊ အိမ်အတွင်းပိုင်းဒီဇိုင်း စတာတွေကို အွန်လိုင်းကနေ လေ့လာသင်ယူနိုင်ပါတယ်။ ဒီဇိုင်းပိုင်းကို နားလည်ထားတဲ့လူဟာ သူများထက်တော့ ခြေတစ်လှမ်းသာနေမှာပါပဲ။ ပရော်ဖက်ရှင်နယ်အဆင့် မရောက်ရင်တောင် ကိုယ့်စိတ်ကူးလေးနဲ့ဖန်တီးထားတဲ့ ဒီဇိုင်းက စိတ်ကျေနပ်မှု ပေးနိုင်မှာပါ။ အိမ်အတွင်းပိုင်းအတွက်  http://lifehacker.com/5888862/how-can-i-turn-my-boring-home-into-an-awesome-well-designed-one-on-the-cheap မှာလေ့လာနိုင်ပါတယ်။


၅. ကောလိပ်တုန်းက မသင်လိုက်ရတဲ့ ဘာသာရပ်တွေကို လေ့လာတာ

သိပ္ပံ၊ စီးပွားရေး၊ သင်္ချာ၊ ဥပဒေ ဘယ်ဘာသာရပ်ဖြစ်ဖြစ် ကောလိပ်တုန်းက မသင်လိုက်ရတာတွေကို ပြန်လေ့လာချင်တယ်ဆိုပါစို့။ အခမဲ့တက္ကသီလာကျောင်းတော်ကြီးဖြစ်တဲ့ အင်တာနက်ကြီး ရှိပါတယ်။ အွန်လိုင်းဆိုပြီး အထင်မသေးလိုက်ပါနဲ့။ ကိုယ်အားထုတ်ရင် အားထုတ်သလောက် ပညာရနိုင်တဲ့ ဆိုက်တွေ အများကြီးရှိပါတယ်။ အွန်လိုင်း အားသာချက်တွေဖြစ်တဲ့ ပိုက်ဆံမကုန်တာ၊ ကိုယ်ကြိုက်တဲ့အချိန် ကြိုက်သလောက် လေ့လာနိုင်တာတွေကိုတော့ ထည့်ပြောဖို့ မလိုတော့ပါဘူးနော်။ ကိုယ်တိုင် တက်ဖူးပြီး တိုက်တွန်းချင်တဲ့ ဆိုက်တစ်ခုက https://alison.com/  ပါ။ http://lifehacker.com/tag/lifehacker-u  ဒီမှာလဲလေ့လာနိုင်ပါတယ်။


၆. အီလက်ထရောနစ်ပစ္စည်းတွေကို တည်ဆောက်တာ၊ ဟက်တာ

နည်းပညာက ကျွန်မတို့ဘဝရဲ့ အစိတ်အပိုင်းဖြစ်လာပြီး သူ့ကို စိတ်ကြိုက် ပြင်ဆင်လို့ရရင် ပိုပျော်ဖို့ ကောင်းမှာပါ။ အီလက်ထရောနစ်ပစ္စည်းတစ်ခုကို ဟက်ဖို့ဆို ပစ္စည်းတွေအကြောင်း ထဲထဲဝင်ဝင်သိဖို့ လိုပါတယ်။ ကွန်ပျူတာဆင်တာကို စလေ့လာကြရင် မကောင်းဘူးလား။  http://lifehacker.com/5828747/how-to-build-a-computer-from-scratch-the-complete-guide?tag=nightschool    မှာ တစ်စစီဖြစ်နေတဲ့ ပစ္စည်းတွေကနေ ကွန်ပျူတာဖြစ်အောင် တပ်ဆင်နည်းကို လေ့လာနိုင်မှာပါ။ တခြားအီလက်ထရောနစ်တွေကို http://lifehacker.com/5875365/how-to-start-making-your-own-electronics-with-arduino-and-other-peoples-code မှာကြည့်ပီးတပ်ဆင်နိုင်ပါတယ်။ http://lifehacker.com/tag/arduino မှာလည်းလေ့လာနိုင်ပါတယ်။


၇. တူရိယာတီးခတ်တတ်အောင် သင်တာ

တူရိယာ အသစ်တစ်မျိုးကို တီးခတ်ချင်ရင် အွန်လိုင်းမှာ သင်နိုင်တဲ့ နေရာအများကြီးပါပဲ။ ဂစ်တာတီးသင်မလား http://www.justinguitar.com/  မှာ ဂစ်တာသင်ခန်းစာ ၈၀၀ ကျော်ရှိပါတယ်။ http://lifehacker.com/391435/learn-to-play-an-instrument-online မှာလည်း ကြည့်နိုင်ပါတယ်။ စန္ဒယားတီးသင်ဖို့ https://m.youtube.com/watch?v=vphWgqbF-AM မှာကြည့်ပါ။
ဒရမ်တီးဖို့ https://m.youtube.com/watch?v=k_gsp5KwM-k မှာလေ့လာပါ။ ဒါတင်မက ပလွေမှုတ်တာအတွက် https://m.youtube.com/watch?v=SAvA5E1Ttek ။တယောအတွက်  https://m.youtube.com/watch?v=GbuJ3qnmBmQ ရှိတယ်။ Youtube နဲ့ Videojug မှာလည်း တူရိယာပေါင်းစုံတီးခတ်နည်းတွေကို ကြည့်ရှုလေ့လာနိုင်ပါတယ်။


၈. စားဖိုမှူးတစ်ယောက်လို ချက်တာ

ဟင်းချက်နည်းတွေ၊ ချက်ပြတဲ့အစီအစဉ်တွေ ဘယ်လောက်များများ လူတိုင်းက ပရော်ဖက်ရှင်နယ် စားဖိုမှူးဖြစ်မလာကြပါဘူး။ စားဖိုမှူးလုပ်တော့မယ်ဆို သိသင့်သိထိုက်တဲ့ အချက်တွေကို  http://lifehacker.com/5852325/top-10-things-every-budding-foodie-should-know မှာ ကြည့်နိုင်ပါတယ်။ မြန်မာဟင်း၊ တရုတ်ဟင်း စတဲ့ ဟင်းအမျိုးမျိုးအတွက် http://www.wutyeefoodhouse.com/ အနောက်တိုင်းဟင်းတွေအတွက် http://lifehacker.com/5838661/10%252B-dishes-and-drinks-everyone-should-know-how-to-make-at-home-including-you မှာ ကြည့်နိုင်ပါတယ်။ ဖေ့စ်ဘုတ်ပေါ်မှာလည်း မြန်မာဟင်းချက်နည်းတွေ အများအပြားရှာတွေ့နိုင်ပါတယ်။



၉. ဘာသာစကားအသစ်ကို လေ့လာတာ

လူတွေကို ဘာကို လေ့လာချင်သလဲလို့ မေးတဲ့အခါ အင်္ဂင်္လိပ်စကားအပါအဝင် ဘာသာစကားတစ်ခုကို လေ့လာဖို့ လူတော်တော်များများက စိတ်အဝင်စားဆုံးဖြစ်နေပါတယ်။ တချို့က သင်တန်းသာ တက်တယ်၊ သင်တန်းပြီးတော့ ဘာမှ မကျန်ခဲ့ဘူးဆိုပြီး ပြောတတ်ပါတယ်။ ဘယ်စကါးကို လေ့လာတာဖြစ်ဖြစ် ဘာသာစကားလေ့လာရာမှာ နည်းစနစ်တော့ ရှိရပါမယ်။ အဲသည်နည်းစနစ်ကို http://lifehacker.com/5903288/i-learned-to-speak-four-languages-in-a-few-years-heres-how  မှာ ကြည့်နိုင်ပါတယ်။ ဒါဆို သင်တန်းပဲ တက်တက်၊ အပြင်ကပဲ လေ့လာလေ့လာ ထိရောက်ပါပြီ။ တစ်ခုရှိတာက ဘာသာစကားဆိုတာ ပြောနေမှ ထွက်တာဖြစ်လို့ အမြဲသုံးနေဖို့တော့ လိုပါတယ်။


၁၀. ဝက်ဘ်ဆိုက်ဆွဲတာ၊ အက်ပ်ရေးတာ၊ ပရိုဂရမ်ရေးတာ

ကုတ်ဒ်ရေးတတ်အောင် သင်ယူတာဟာ ဝက်ဘ်ဆိုက်ဆွဲဖို့၊ အက်ပ်ရေးဖို့ရဲ့ အခြေခံဖြစ်ပါတယ်။ Beginner တွေအတွက် learn ___ the hard way ဆိုတဲ့ စကားစုကိုသုံးပြီး ရှာဖွေတာ အကောင်းဆုံးပါပဲ။ ကွက်လပ်မှာ ကိုယ်လေ့လာချင်တဲ့ code ကို ထည့်ပေါ့။ ဥပမာ python ကို လေ့လာချင်ရင် learn python the hard way လို့ရှာနိုင်ပါတယ်။ တကယ်လို့ အပြန်အလှန်တုံ့ပြန်နိုင်တဲ့ ဆိုက်ကိုမှ ကြိုက်ရင် https://www.codecademy.com/ မှာ အခမဲ့ လေ့လာနိုင်ပါတယ်။ Coding ကို ဒီအတိုင်း လေ့လာရင် ပျင်းစရာကောင်းတာမို့ ပရောဂျက်တစ်ခုလုပ်ပြီး လေ့လာဖို့လည်း အကြံပြုပါရစေ။

ဒါကတော့ သင်တန်းမတက်ဘဲ အွန်လိုင်းကနေ တတ်မြောက်နိုင်တဲ့ အဆင့်မြင့်ကျွမ်းကျင်မှု ၁၀ မျိုးပါပဲ။ အွန်လိုင်းဆိုတာ ဂိမ်းဆော့ဖို့၊ ဖေ့စ်ဘုတ်သုံးဖို့၊ ချက်ဖို့ပဲ အသုံးဝင်တာမဟုတ်ကြောင်း တဖြည်းဖြည်းမြင့်တက်လာတဲ့ကိုယ့်အရည်အသွေးတွေကသက်သေပြပါလိမ့်မယ်။


Ref. Lifehacker



Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO