Image

Friday 15 April 2016

မျော်လင့်ခြင်း

ကိုယ်ကအချစ်ခံရမယ်ထင်ခဲ့ပေမယ့်
ကိုယ်ကချည်းချစ်ရတဲ့အခါ
ကိုယ့်အဖြစ်ကို ပြုံးမိတယ်...

ကိုယ့်ကိုဂရုစိုက်စေချင်ပေမယ့်
တခါတလေကိုယ်ကချည်း
ဂရုစိုက်ရတဲ့အခါ
ကိုယ့်အဖြစ်ကိုကြေကွဲမိတယ်...

ကိုယ့်ကိုသတိရစေချင်ပေမယ့်
ကိုယ်ကချည်း သတိရနေတဲ့အခါ
ကိုယ့်အဖြစ်ကိုနာကျင်မိတယ်...

တကယ်တော့
တချို့တွေဟာ ကိုယ်ကပေးမလိုလိုနဲ့
ကိုယ့်ဆီကပြန်ယူသွားတတ်ကြတာ
ပိုများပါတယ်...


Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO