Image

Thursday 28 April 2016

Summer စတိုင် ကြက်ကင်

Summerစတိုင် ကြက်ကင် လုပ်နည်းပါ။ အရသာက ချိုစိမ့်စိမ့်နဲ့ အသားကလည်း တော်တော် နူးညံ့ပါတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူလုပ်စားကြည့်ရအောင်....


ပါဝင်ပစ္စည်းများ

ကြက်ပေါင်၊ တောင်ပံ – ၅ခု

ငရုတ်သီးမှုန့် (သို့) Tandoori chicken powder – စားပွဲတင်ဇွန်း ၁ဇွန်း

ကြက်သွန်ဖြူ – ၂မွှာ (ထောင်းထားပါ)

စပါးလင် – အနည်းငယ် (ခပ်ညက်ညက်ထောင်းပါ)

သစ်ဂျပိုး အမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

ဗီနီကာ – စားပွဲတင်ဇွန်း ၃ဇွန်း

လိမ္မော် ဆိုဒါ – ၁ခွက် (Measurement ချိန်ခွက်)

သကြား – စားပွဲတင်ဇွန်း ၁ဇွန်း

ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း

ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

သံလွင်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း (ကင်လျှင် သုတ်လိမ်းရန်)


ကင်နည်း

၁။ ကြက်ပေါင်နှင့် တောင်ပံများကို ဓားနဲ့ မွှန်းပေးပါ။

၃။ ပြီနောက် ဇလုံ တစ်ခုထဲတွင် (ကြက်ပေါင်၊ တောင်ပံ၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူ၊ စပါးလင်၊ ဗီနီကာ၊ လိမ္မော် ဆိုဒါ၊ သကြား၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ သစ်ဂျပိုးမှုန့်) တို့ကို သမအောင် ရောမွှေပြီ ၁နာရီခန့် နုပ်ထားပေးပါ။

၂။ ပြီမှ ဒယ်ထဲ ကြက်ပေါင်၊ တောင်ပံနုယ်ထားသော ဆော့ရည်များကို မီးဖြင့် ၁မိနစ်ခန့် တည်ပေးပါ။ ပြီလျှင် ခွက်တစ်ခုထဲတွင် ထည့်ပြီ ဖယ်ထားပါ။

၃။ မကင်ခင် မီးကင်ပြားကို ဆီသုတ်ထားပေးပါ။ ပြီနောက် ကြက်တစ်ကောင်လုံးကို မီးကင်ပြား (သို့) oven ဖြင့် တဖက်ကို မိနစ် ၂၀ခန့်ဖြင့် မိနစ် ၄၀ခန့် မီးအသင့်တင့်ဖြင့် ကင်ပေးပါ။

၎။ ကင်နေစဉ်အတွင်း သံလွင်ဆီ နှင့် ဆော့ရည်များ ကြက်သားကို သုတ်လိမ်းပေးပါ။


၅။ ကင်ပြီးလျှင် ကြက်ကင်များကို ဌက်ပျောရွက်ပေါ်တွင် ခင်းကျင်းပြီ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ..

credit: #WutyeeFoodHouse


Share:

0 comments:

Post a Comment

Image
Image
Image
HlAiNg MyO Design by HLAiNg MyO