Image

Tuesday 7 June 2016

Chanakya ရဲ့ ထူးကဲကောင်းမွန်သည့် အတွေးအခေါ် (၁၅) ခု

Chanakya ရဲ့ ထူးကဲကောင်းမွန်သည့် အတွေးအခေါ် (၁၅) ခု

Chankya ဆိုတာ ဘီစီ 370 မှာမွေးဖွားပြီး 283 မှာ သေဆုံးခဲ့တဲ့ အိန္ဒိယ အတွေးအခေါ်ပညာရှင်၊ ကျောင်းဆရာနဲ့ တော်ဝင်အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်....
သူဟာ တက္ကသီလာ တက္ကသိုလ် (Takshashila University) မှာ စီးပွားရေးနဲ့ နိုင်ငံရေးသိပ္ပံဘာသာရပ်များဆိုင်ရာ ပါမောက္ခလည်းဖြစ်ပါတယ်...
အခုဖော်ပြပေးမှာကတော့ Chankya သင်ကြားပို့ချခဲ့တဲ့ အတွေးအခေါ်အယူအဆတွေထဲက မှတ်သားဖွယ်အချက်တွေဖြစ်ပါတယ်...

(၁) တခြားသူရဲ့အမှားတွေကနေ လေ့လာသင်ယူပါ... သင့်အနေနဲ့ အဲ့ဒီအမှားတွေအကုန်လုံးကို ကိုယ်တိုင်လုပ်နိုင်လောက်တဲ့အချိန်အထိ အသက်ရှည်မှာမဟုတ်ဘူး....

(၂) လူတစ်ယောက်ဟာ အလွန်မရိုးသားသင့်ဘူး... ဖြောင့်မတ်တဲ့သစ်ပင်တွေဟာ ဦးဆုံးအခုတ်ခံရတယ်... ဒီလိုပဲ အရိုးသားဆုံးလူတွေကိုလည်း အရင်ဆုံးရှင်းထုတ်ကြလိမ့်မယ်...

(၃) အဆိပ်မရှိတဲ့ မြွေတစ်ကောင်တောင်မှ အဆိပ်ပြင်းသလို ဟန်ဆောင်နေသင့်တယ်...

(၄) ဘယ်လိုမိတ်ဆွေဆက်ဆံရေးမျိုးမှာမဆို နောက်ကွယ်မှာတော့ ကိုယ့်အတွက်ကိုယ်ငဲ့တတ်တာချည်းပါပဲ... ကိုယ့်အတွက်မငဲ့တဲ့ မိတ်ဆွေသူငယ်ချင်းဆက်ဆံမှုမျိုးဆိုတာ လုံးဝမရှိပါဘူး... ဒါဟာခါးသီးတဲ့အမှန်တရားပါပဲ...

(၅) အလုပ်တစ်ခုကိုမစခင်မှာ သင့်ကိုယ်သင်မေးခွန်း သုံးခုအမြဲမေးပါ... ဘာကြောင့် ဒီအလုပ်ကိုငါလုပ်ရမှာလဲ.... အကျိုးရလဒ်ကဘာလဲ... အောင်မြင်နိုင်သလား.... သေသေချာချာစဉ်းစားကြည့်ပြီး ဒီမေးခွန်းသုံးခုအတွက် ကျေနပ်လောက်တဲ့အဖြေရတဲ့ အခါမျိုးမှသာ ဆက်လုပ်ပါ...

(၆) အကြောက်တရားက အနားချဉ်းကပ်လာတာနဲ့ တစ်ပြိုင်နက် အဲဒီအကြောက်တရားကို ရင်ဆိုင်တိုက်ခိုက်ပြီး ဖျက်ဆီးပစ်လိုက်ပါ....

(၇) ကမ္ဘာပေါ်မှာ အကြီးမားဆုံးစွမ်းအားကတော့ အမျိုးသမီးတစ်ယောက်ရဲ့ နုနယ်ပျိုမြစ်လှပမှုပါပဲ...

(၈) တစ်ခုခုကိုစလုပ်မိပြီဆိုတာနဲ့ ရှုံးနိမ့်မှာကိုမကြောက်နဲ့... ဘယ်တော့မှလည်း လက်မလျှော့နဲ့... ယုံကြည်ရိုးသားရဲဝံ့စွာလုပ်တဲ့သူတွေကသာ အပျော်ရွှင်ဆုံးလူတွေဖြစ်တယ်...

(၉) ပန်းတွေရဲ့မွှေးရနံ့ဆိုတာ လေသင့်ရာအတိုင်းသာ သင်းပျံ့ကြရတာဖြစ်တယ်... လူတစ်ယောက်ရဲ့ ကောင်းသတင်းကတော့ အရပ်မျက်နှာတခွင်လုံးကို ပျံ့နှံ့စေတယ်....

(၁၀) ဘုရားသခင်ဆိုတာ ရုပ်ပုံလွှာတစ်ခုအနေနဲ့ တည်ရှိနေတာမဟုတ်ပါဘူး... သင့်ခံစားချက်က သင့်ရဲ့ဘုရားသခင်ပဲ... သင့်စိတ်ဝိညဉ်က သင့်ဘုရားကျောင်းပဲ....

(၁၁) လူတစ်ယောက်ဟာ ဖွားမြင်ခြင်းနဲ့အတူ ကြီးမြတ်လာတာမဟုတ်ဘူး... လုပ်ကိုင်ဆောင်ရွက်မှုနဲ့အတူ ကြီးမြတ်လာတာ...

(၁၂) သင့်ထက်သာတဲ့အခြေအနေကလူတွေ ဒါမှမဟုတ် သင့်ထက်နိမ့်ကျတဲ့ အခြေအနေကလူတွေကို ဘယ်တော့မှ မိတ်ဆွေမဖွဲ့ပါနဲ့... ဒီလိုမိတ်ဆွေမျိုးတွေနဲ့ဆက်ဆံရတာဟာ သင့်ကိုဘယ်တော့မှ ပျော်ရွှင်စေမှာမဟုတ်ဘူး...

(၁၃) သင့်ကလေးကို ပထမငါးနှစ်အတွင်း သိမ်မွေ့ကြင်နာစွာပြုမူဆက်ဆံပါ... ဒုတိယငါးနှစ်အတွင်း ပြောဆိုရိုက်နှက်ဆုံးမပါ... အသက် ၁၆ နှစ်ရောက်တဲ့အခါ မိတ်ဆွေသူငယ်ချင်းတစ်ယောက်လို ဆက်ဆံပါ... အရွယ်ရောက်ပြီးတဲ့ သင့်ကလေးတွေဟာ သင့်အတွက် အကောင်းဆုံးမိတ်ဆွေတွေပါပဲ...

(၁၄) မျက်မမြင်တစ်ယောက်အတွက် ကြေးမုံတစ်ချပ်က အသုံးမဝင်သလို နုံချာမိုက်မဲသူတစ်ဦးအတွက် စာအုပ်စာပေတွေကလည်း အသုံးမဝင်ပါဘူး...

(၁၅) ပညာရေးဟာ အကောင်းဆုံးမိတ်ဆွေပါ... ပညာတတ်တဲ့သူတစ်ယောက်ဟာ နေရာတိုင်းမှာ ရိုသေလေးစားမှုကိုခံယူထိုက်ပါတယ်... ပညာဟာ အလှတရားနဲ့ ငယ်ရွယ်ပျိုမြစ်မှုကို အနိုင်ယူနိုင်ပါတယ်...


Source: General knowledge


Share:

Monday 16 May 2016

မိတ်ထွက်ခြင်း ( Miliaria) Prickly Heat

မိတ်ထွက်ခြင်း ( Miliaria) Prickly Heat
===========================
ချွေးဂလင်းများ ပိတ်ဆို့ ခြင်းကြောင့်အရေး
ပြားတွင် ရုတ်တရက်ရောင်ရမ်းယားယံသောအဖု ကလေးများဖြစ်လာခြင်းဖြစ်သည်။ပူအိုက်စိုထိုင်း
သောရာသီတွင်ဖြစ်တတ်ပါသည်။

ဖြစ်ရသောအကြောင်းရင်းနှင့်ဖြစ်စဉ်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
* အရေးပြားရှိ (keratin plugs)များကချွေး
ထွက်များကိုပိတ်ဆို့ ခြင်းကြောင့်ဖြစ်သည်။
ချွေးထွက်လာသောအခါ ချွေးထွက်ပြွန်သည်
ပေါက်ကွဲပြီး ထွက်လာသော ချွေးကအရေးပြာ
းတွင် မီးလောင်ဖုကဲ့သို့  အရည်ကြည်ဖုကလေ
းဖြစ်စေသည်။Staphylococci bacteria ပိုး
က ထပ်မံကူးစက်မှုဖြစ်ပွားစေပါသည်။
* အကယ်၍ပိတ်ဆို့ မှုသည် အပေါ်ယံတွင်သာ
ဖြစ်ပွားပြီး သေးငယ်သော မီးလောင်ဖုကဲ့သို့ 
အနာများဖြစ်သွားပါက Miliaria Crystallina
ဟုခေါ်သည်။အတွင်းကျသောနေရာတွင်ရောင်
ရမ်းမှုဖြစ်ပွားပါက Miliaria Rubra ဟုခေါ်ပါ
သည်။
ရောဂါလက္ခဏာများ
°°°°°°°°°°°°°°°°°°°°°
* ကိုယ်ပေါ်နှင့်ဒူးခေါင်းခွက်|တံတောင့်ခွက်တို့ 
တွင် အနီရောင်အရည်ကြည်ဖုကလေးများ
သည် အင်ပြင်သဖွယ်ပေါ်ထွက်လာခြင်း။
* အလွန်ယားယံခြင်း။
* အပူချိန်ပေါ်မှုတည်၍ကွဲပြားခြးနားမှုရှိခြင်း။
* အသားရေ များကြမ်းတမ်းခြင်း။
* အရေးပြားပူစပ်ပူလောင်ဖြစ်ခြင်း။
ကုသမှု
""""""""""'
၁။ ချွေးထွက်ခြင်းကိုလျော့နည်းအောင် အား
စိုက်လှုပ်ရှားခြင်းနှင့်အဝတ်ထူထူဝတ်ခြင်း
ကိုရှောင်ကြဉ်ပါ။
၂။ လေအေးစက်ရှိသောအခန်းတွင်နေပါ။(သို့ )
ခြောက်သွေ့ ၍အေးသောလေနှင့်ထိတွေ့ 
စေပါ။
၃။ Corticosteroid lotions ( တခါတရံ
ဝ.၂၅/ံ့ မင်သော်)လိမ်းပေးပါက သက်သာ
စေပါသည်။
၎။ Vitamin- C ကို သောက်ပေးနိုင်ပါသည်။
၅။ ခန္ဓာကိုယ်မှ အပူအလွန်မင်းထုတ်လုပ်ခြင်း
ကိုကာကွယ်ရန် protein(အသားဓာတ်)အ
ပူအစပ်|ဟင်းခပ်အမွှေးအကြိုင်များစားသုံး
ခြင်းနှင့် ဓာတု အဝတ်အထည်များ( Synth-
etic clothing)ဝတ်ဆင်ခြင်းမှရှောင်ပါ။
၆။ ညွှန်ကြားချက်မရှိသော လိမ်းဆေး လူးဆေ
းများသုံးစွဲခြင်းမှရှောင်ပါ။
၇။ ရေအေးပတ်အုပ်ပေးနိုင်ပါသည်။သနပ်ခါး
အေးအေးလေးလူးပေးနိုင်ပါသည်။
၈။ ကျန်းမာရေးဌာန မှထုတ်ပြန်သော အပူ
ဒဏ်ကာကွယ်ရေးနို့ ဆော်ချက်ကိုလိုက်
နာပါ။

Share:

Friday 29 April 2016

သိထားသင့်သော Johnnie Walker ပုလင်းမှ အရောင်များအကြောင်း

သိထားသင့်သော Johnnie Walker ပုလင်းမှ အရောင်များအကြောင်း

Johnnie Walker သည် အရက်ဈေးကွက်တွင် ကမ္ဘာ့အရက်ဈေးကွက်အတွင်း အကြီးမားဆုံးအရက်ဖြန့်ဖြူးရေး စကော့(ဒ်)တလန် ကုမ္ပဏီတစ်ခုဖြစ်ပြီး သက်တမ်းနှစ် ၂ဝဝ ကျော်ပြီ ဖြစ်သည်။ Johnnie Walker ဝီစကီ၏ ထူးခြားချက်မှာ အခြားအရက်များကဲ့သို့ ကုန်ကြမ်းမှတိုက်ရိုက်ချက်လုပ်ထားခြင်းမဟုတ်ဘဲ ဝီစကီများကို ကုန်ကြမ်းအဖြစ်အသုံးပြုကာ ထပ်မံချက်လုပ်ထားခြင်းဖြစ်သည်။ ကမ္ဘာတစ်လွှားတွင် တစ်နှစ်လျင် Johnnie Walker ပုလင်းပေါင်း သန်း ၁၃ဝ ခန့် သောက်သုံးကြပါသည်။ Johnnie Walker ဝီစကီတွင် အရောင်အပေါ်မူတည်၍ အရည်အသွေးနှင့်ဈေးနှုန်းကွာခြားပုံကို ဗဟုသုတရဖွယ် ဖော်ပြလိုက်ပါသည်။

၁။ Johnnie Walker Red Label

Red Label သည် ဆန်စေ့နှင့်မုယောဝီစကီပေါင်း ၃၅မျိုး ရောနှောချက်လုပ်ထားသော ဝီစကီပင်ဖြစ်သည်။ Red Label သည် စကော့စလန်အနောက်ဘက် ကမ်းရိုးတန်းမှ အပြင်းစား Peat Whiskey နှင့် စကော့တလန်အရှေ့ဘက် ကမ်းရိုးတမ်းမှ အပျော့စား ဝီစကီတို့ကို ပေါင်းစပ်ချက်လုပ်ထားခြင်း ဖြစ်သည်။ Red Label သည် Johnnie Walker တံဆိပ်တွင် ဈေးအနည်းဆုံး ဖြစ်သည်။

၂။ Johnnie Walker Black Label

စနစ်တကျရွေးချယ်ထားသော စကော့တလန်ဝီစကီအမျိုးပေါင်း ၄ဝ ကျော်ဖြင့် Black Label ကို ပေါင်းစပ်ချက်လုပ်ထားခြင်းဖြစ်သည်။ Black Label ကို ချက်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် ၁၂နှစ်သက်တမ်းရှိသော ဝီစကီများကိုသာ အသုံးပြုထားသောကြောင့် Black Label တစ်လုံးသည် အကြမ်းဖျဉ်းအားဖြင့် အနည်းဆုံးသက်တမ်း ၁၂နှစ်ရှိပြီဟု ဆိုနိုင်သည်။

၃။ Johnnie Walker Double Black Label

Johnnie Walker မှ ထပ်မံထုတ်လုပ်လိုက်သော Double Black သည် Black Label ကို စည်ထဲတွင် ထည့်ပြီး မုယောသစ်ဆွေးများကိုလောင်စာအဖြစ်အသုံးပြုပြီး မီးခိုးငွေ့မှိုင်းတိုက်တာ ထပ်မံချက်လုပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် Double Black သည် သင်းပျံ့သောရနံ့၊ ထုံရီစေသော အရသာတို့ ပါဝင်နေခြင်း ဖြစ်သည်။

၎။ Johnnie Walker Green Label

Green Label သည် Linkwood ၊ Cragganmore ၊ Talisker နှင့် Caol lla ကဲ့သို့သော အရက်ချက်စက်ရုံကြီးများမှ အကောင်းဆုံးမုယောအရက်များကို ထပ်မံရောနှော ချက်လုပ်ထားခြင်းဖြစ်သည်။ ၁၅နှစ်သက်တမ်းရှိသော မုယောဝီစကီများကိုသာ အသုံးပြုထားသောကြောင့် Green Label ကို အကြမ်းဖျဉ်းအားဖြင့် ၁၅နှစ်သက်တမ်းရှိသော ဝီစကီဟု ဆိုနိုင်သည်။

၅။ Johnnie Walker Gold Label

Gold Label သည် ၁၉၉ဝ အလွန်နှစ်များမှစ၍ အရက်ဈေးကွက်အတွင်း ဝင်ရောက်လာခဲ့သည်။ Gold Label သည် မုယောဝီစကီ ၁၅မျိုးကို ထပ်မံချက်လုပ်ထားပြီး ချိုရှရှအရသာဖြင့် သောက်သုံးရအဆင်ပြေစေပါသည်။

၆။ Johnnie Walker Blue Label
Blue Label သည် Johnnie Walker ဝီစကီထဲတွင် ဈေးအကြီးဆုံးနှင့်အရှားပါးဆုံးပင် ဖြစ်သည်။ ပညာရှင်များသည် ကမ္ဘာပေါ်မှ အကောင်းတကာ့ အကောင်းဆုံးအရက်များကို ထပ်မံစိစစ်ရွေးချယ်၍ ၁၉ရာစုစတိုင် (အရသာ) ဖြင့် Blue Label ကို ထုတ်လုပ်ထားပါသည်။

Share:

ပျားရည်ကြက်ကင်

ပျားရည်ကြက်ကင်

ကြာမြင့်ချိန် - တစ်နာရီခွဲ

လူဦးရေ - ၆ယောက်စာ

ပါဝင်ပစ္စည်း

ထောပတ်(အခန်းအပူချိန်) - ၁၀၀ဂရမ်

သံပုရိုသီး(အရည်၊ အခွံ) - ၁လုံး

ဆား၊ ငရုတ်ကောင်း - သင့်တော်ရုံ

ကြက်သွန်ဖြူ - ၃မွှာ

သံလွင်ဆီ - သင့်တော်ရုံ

စမုန်ဖြူ - စားပွဲတင်ဇွန်းတစ်ဇွန်း

ရှမ်းနံနံပင် - တစ်စည်း

ကြက်သားကောင်လုံး(၁.၅ကီလိုဂရမ်) - တစ်ကောင်

ပန်းသီးအနီ - တစ်ခြမ်း

White Onion - တစ်လုံး

Lemon - တစ်ခြမ်း

ကရဝေးရွက် - နှစ်ရွက်

မုန်လာဥနီ၊ တရုတ်မုန်လာ၊အာလူး၊ ဂေါ်ဖီထုတ် - ၁ ကီလိုဂရမ်

ပျားရည် - ၁၀၀ဂရမ်

ချက်ပြုတ်နည်း

- ထောပတ်ကို ပန်းကန်လုံးထဲတွင် အရင်ထည့်ပါ။

- ကြိတ်ထားသော သံပုရိုသီးအခွံအနည်းငယ်ကို ထောပတ်နှင့်ရောထည့်၍ သံပုရိုအရည်၊ ဆားနှင့် ငရုတ်ကောင်းအမှုန့်အနည်းငယ်၊
  ကြက်သွန်ဖြူ  ၊ သံလွင်ဆီအနည်းငယ်ထည့်ပါ ။

- လတ်ဆတ်၍ လှီးထားသောစမုန်ဖြူနှင့် ရှမ်းနံနံပင်ထည့်ပြီး သမအောင်မွှေပါ။

- ကြက်သားကို ဆားအနည်းငယ်၊ ငရုတ်ကောင်းအနည်းငယ်ထည့်၍ နယ်ပြီး အစာသွတ်ရန်အတွက်ပြင်ဆင်ထားပါ။

- ပန်းသီး ၁စိတ်၊ ထပ်ခြမ်းခြမ်းထားသော ကြက်သွန်၊ သံပုရိုသီးနှင့် ကရဝေးရွက်၂ရွက်ဖြင့် အစာသွပ်ပါ။

- နယ်ထားသော ထောပတ်အမွှေးအကြိုင် ပစ္စည်းများဖြင့် ကြက်သားကိုအနှံသုတ်လိမ်းပါ။

- အထူးသဖြင့် ရင်အုံအရေပြားအောက်သို့ သုတ်လိမ်းပါ။

- Micro Wave တွင် ကြက်ကိုကင်ရန်အတွက် Combination ချိန်ညှိစက်ခလုတ်ကို ၃ခါနှိပ်ပါ။

- Timer ခလုတ်ကို ၇၅မိနစ်သို့ လှည့်ပြီး Start ကိုနှိပ်၍ စတင်ချက်ပြုတ်ပါ။

- ၁၅မိနစ်တစ်ကြိမ် ကြက်သားမှထွက်လာသောအရည်ကိုပြန်ဆမ်းပေးပါ။

- ၄၅မိနစ်ကြာချိန်တွင် အသင့်ပြင်ဆင်ထားသော ဟင်းသီးဟင်းရွက်များကိုထည့်ပါ။

- ကြက်ကို ပျားရည်သုတ်လိမ်းပေးပါ။ ၅မိနစ် တစ်ကြိမ်ကောင်းစွာကျက်သည်အထိ ပျားရည်ဖြင့်သုတ်လိမ်းပါ။

- ပန်းကန်ပြားထဲတွင် ဟင်းသီးဟင်းရွက်များနှင့် ကြက်သားကိုပြင်ဆင်ပြီးစားသုံးနိုင်ပါပြီ။

အကြံပြုချက် ။ ။ ကြက်သားကျက်သည်ကိုသိနိုင်ရန် အသားအပူချိန်တိုင်းသာမိုမီတာဖြင် ကြက်ရင်အုံ၏ အသားများသောအပိုင်းသို့ ထိုးသွင်းကြည့်ပါ။ ကြက်သား၏ အတွင်းပိုင်းအပူချိန်သည် 75 degree celsius ရှိရပါမည်။ အကယ်၍ သင့်တွင် အသားအပူချိန်တိုင်း သာမိုမီတာမရှိပါက ဓါးသေးဖြင့် ကြက်ပေါင်နှင့် ခန္ဒာကိုယ်ကြားသို့ထိုးသွင်းကြည့်ပါ။ အသားမှထွက်လာသောအရည် ကြည်နေလျှင် ကျက်ပါပြီ။

Share:

Thursday 28 April 2016

KFCကြက်ကြော်လုပ်စားကြရအောင်


KFC ကြက်ကြော်နည်းမေးထားသူများအတွက်ပါ။ KFC ကြက်ကြော်က ကမ္ဘာမှာ နံမည်အကြီးဆုံး ကြက်ကြော်တစ်မျိုးပါ။ KFC ကြက်ကြော် ချက်နည်းအတိုင်း ပထမဆုံးအကြိမ် ကြော်ဖူးတာပါ။ KFC ကြက်ကြော်နဲ့ အရသာရော၊ ပုံပါ တော်တော်ကို တူတာမို့ ချက်နည်းကို အားလုံးကို မျှဝေပေးချင်လို့ပါ။ လုပ်ရတာလည်း လွယ်ပါတယ်၊ ဒါပေမယ့် ကြက်သားနှပ်ထားချိန်ကတော့ ၁ရက်နီးပါးတော့ အချိန်ပေးရပါတယ်။


ကြက်သားကို နုပ်ထားရန် ပါဝင်ပစ္စည်းများ

ကြက်ပေါင်နဲ့ ရင်ဗုံ – ၄ခု

ပိုတက်စီယမ်ဆား- စားပွဲတင်ဇွန်း ၂ဇွန်း (ထည့်ချင်က ထည့်နိုင်သည်၊)

အချိုမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း

ဆား – စားပွဲတင်ဇွန်း ၂ဇွန်း

ကြက်သွန်ဖြူမှုန့် – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ

ကြက်ပြုတ်ရေ – စားပွဲတင်ဇွန်း ၃ဇွန်း

ကြက်ကြော်အတွက် ပါဝင်ပစ္စည်းများ

နုပ်ထားသော ကြက်ပေါင်နဲ့ရင်ဗုံ

ကြက်ဥ – တစ်လုံး

နွားနို့ – ၂၀၀ မီတာ

ဂျုံ – ၁၀၀ ဂရမ်

ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ

ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ

ကြက်သွန်ဖြူမှုန့် – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ

ဆိုဒါ – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ


ချက်ပြုတ်နည်း

အရင်ဆုံး ကြက်သားကို နုပ်ရန် ပါဝင်ပစ္စည်းများဖြစ်သော ( အချိုမှုန့်၊ ပိုတက်စီယမ်၊ ဆား၊ ကြက်သွန်ဖြူမှုန့်၊ ကြက်ပြုတ်ရည်) တို့ဖြင့် သမအောင် နုယ်ပြီ အနည်းဆုံး ၂၄နာရီ တစ်ညသိပ်ထားပေးပါ။

ပြီမှ ဂျုံမှုန့်နှင့် ( ငရုတ်ကောင်းမှုန့်၊ ဆား၊ ဆနွင်းမှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ဆိုဒါ) တို့အားလုံး ဇလုံတစ်ခုထဲ သမအောင် ရောမွှေလိုက်ပါ။



ပြီလျှင် ကြက်ပေါင်ကို ခလောက်ထားသော ကြက်ဥခွက်ထဲနှစ်ပြီ ဂျုံမှုန့်များဖြင့် လိပ်လိုက်ပါ။


ထို့နည်းအတိုင်း ကျန် ကြက်ရင်ဗုံ၊ ပေါင်ကို ကြက်ဥနှစ်ပြီ ဂျုံကပ်ပေးပါ။


ဒယ်ထဲ ဆီများများထည့်ကာ ဆီပူလာလျှင် ဂျုံကပ်ထားသော ကြက်ပေါင်၊ ရင်ဗုံများကို အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။
ကျက်လျှင်ကြက်ကြော်များကို အာလူးကြော်၊ ဆော့ဖြင့် တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ....

credit: ‪#‎wutyeefoodhouse‬



Share:

Summer စတိုင် ကြက်ကင်

Summerစတိုင် ကြက်ကင် လုပ်နည်းပါ။ အရသာက ချိုစိမ့်စိမ့်နဲ့ အသားကလည်း တော်တော် နူးညံ့ပါတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူလုပ်စားကြည့်ရအောင်....


ပါဝင်ပစ္စည်းများ

ကြက်ပေါင်၊ တောင်ပံ – ၅ခု

ငရုတ်သီးမှုန့် (သို့) Tandoori chicken powder – စားပွဲတင်ဇွန်း ၁ဇွန်း

ကြက်သွန်ဖြူ – ၂မွှာ (ထောင်းထားပါ)

စပါးလင် – အနည်းငယ် (ခပ်ညက်ညက်ထောင်းပါ)

သစ်ဂျပိုး အမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

ဗီနီကာ – စားပွဲတင်ဇွန်း ၃ဇွန်း

လိမ္မော် ဆိုဒါ – ၁ခွက် (Measurement ချိန်ခွက်)

သကြား – စားပွဲတင်ဇွန်း ၁ဇွန်း

ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း

ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

သံလွင်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း (ကင်လျှင် သုတ်လိမ်းရန်)


ကင်နည်း

၁။ ကြက်ပေါင်နှင့် တောင်ပံများကို ဓားနဲ့ မွှန်းပေးပါ။

၃။ ပြီနောက် ဇလုံ တစ်ခုထဲတွင် (ကြက်ပေါင်၊ တောင်ပံ၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူ၊ စပါးလင်၊ ဗီနီကာ၊ လိမ္မော် ဆိုဒါ၊ သကြား၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ သစ်ဂျပိုးမှုန့်) တို့ကို သမအောင် ရောမွှေပြီ ၁နာရီခန့် နုပ်ထားပေးပါ။

၂။ ပြီမှ ဒယ်ထဲ ကြက်ပေါင်၊ တောင်ပံနုယ်ထားသော ဆော့ရည်များကို မီးဖြင့် ၁မိနစ်ခန့် တည်ပေးပါ။ ပြီလျှင် ခွက်တစ်ခုထဲတွင် ထည့်ပြီ ဖယ်ထားပါ။

၃။ မကင်ခင် မီးကင်ပြားကို ဆီသုတ်ထားပေးပါ။ ပြီနောက် ကြက်တစ်ကောင်လုံးကို မီးကင်ပြား (သို့) oven ဖြင့် တဖက်ကို မိနစ် ၂၀ခန့်ဖြင့် မိနစ် ၄၀ခန့် မီးအသင့်တင့်ဖြင့် ကင်ပေးပါ။

၎။ ကင်နေစဉ်အတွင်း သံလွင်ဆီ နှင့် ဆော့ရည်များ ကြက်သားကို သုတ်လိမ်းပေးပါ။


၅။ ကင်ပြီးလျှင် ကြက်ကင်များကို ဌက်ပျောရွက်ပေါ်တွင် ခင်းကျင်းပြီ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ..

credit: #WutyeeFoodHouse


Share:

ထမင်းပေါင်း

ထမင်းပေါင်း
=========

ပါဝင်ပစ္စည်း

၁.၀က်သား
၂.ပုဇွန်
၃.ငုံးဥ( ပြုတ်ထားပါ)
၎.ဆားသကြားအချိုမှုန့်ကြက်သားမှုန့်.ကြက်သွန်ဖြူ .ဂျင်း
၅.သာကူမှုန့်.င၇ုတ်ကောင်းမှုန့်.တရုတ်မဆလာ .ခ၇ုဆီ.ပဲငံပြာ၇ည်အကြည်
၆.အသီးအ၇ွက်( ကြိုက်နှစ်သက်၇ာ).တ၇ုတ်နံနံ
၇.ထမင်း
ဝက်သားကိုဆားအချိုမှုန့်တရုတ်မဆလာသာကူမှုန့်ပဲငံပြာ၇ည်ထည့်နယ်ပြီး၁၅မိနစ်နှပ်ထားပါ.ပြီးလျှင်ဂျင်းထုထည့်နူးအိအောင်ပြုတ်ပြီးအ၇ွယ်တော်တုံးထားပါ.
ပုဇွန်အသေးကိုဆားအချိုမှုန့်နယ်ထားပါ.
ထမင်းချက်ထားပါ.
အသီးအ၇ွက်များကိုအ၇ွယ်တော်လှီးဖြတ်သန့်စင်ထားပါ.
ဒယ်အိုးထဲကိုဆီထည့်ကြက်သွန်ဖြူ ထုထည့်၇ဲအောင်ကြော်ပါ.ပုဇွန်ထည့်ပါ. ခ၇ုဆီထည့်ပါ.၀က်သားထည့်ပါ.အသီးအ၇ွက်ထည့်ပါ.ဆားသကြားကြက်သားမှုန့်ပဲငံပြာ၇ည်ထည့်ပါ.သာကူမှုန့်ကိုကြက်သားမှုန့်ထည့်ပြီးဖျော်ထားပါ.ပြီးလျှင်ထည့်ပါ.အ၇ည်အပျစ်အကျဲစိတ်ကြိုက်ပြုလုပ်ပါ.အ၇သာစိတ်ကြိုက်ပြင်ဆင်ပါ.ငုံးဥထည့်ပါ.တ၇ုတ်နံနံ အုပ်ပါ.င၇ုတ်ကောင်းမှုန့်ဖြူးပါ.အ၇သာ၇ှိစွာသုံးဆောင်နိုင်ပါသည်.
ပန်းကန်လုံးအသေးထဲကိုထမင်းသိပ်ထည့်ပြီးစားမည့်ပန်းကန်ပေါ်မှောက်ချပါ.အသားအသီးအ၇ွက်ကော်၇ညိကိုဆမ်းပြီးပူပူနွေးနွေးသုံးဆောင်နိုင်ပါသည်။

အချဉ်
ကြက်သွန်နီ အကွင်းလှီးင၇ုတ်သီးစိမ်းသံပု၇ာ၇ည်ညှစ်ပြီးတွဲဖက်သုံးဆောင်နိုင်ပါသည်။

Share:

Sunday 24 April 2016

သိထားသင့်တယ်

ပြား ပဲ မူး မတ် ကျပ်

၂ ပြား= ၁ ပဲ
၂ ပဲ= ၁ မူး
၂ မူး = ၁ မတ်
၂ မတ် = ၅ မူး
၅ မူး ၂ ခါ = ၁ လက်မ

၁လက်မထဲက အစိပ်ကလေးများရဲ့ မြန်မာ လက်သမား အခေါ် အဝေါ်လေးတွေ လူသစ်ဘ၀က မသိခဲ့တာကြောင့် အလုပ်သမားများရဲ့ အထင်သေးမှုကို များစွာ ခံစားခဲ့ရဖူးပါတယ်။

မြန်မာပြည်က ဆောက်လုပ်ရေး အများစုဟာ အရင်က ပေ လက်မ တွေနဲ့ ပဲ သုံးတာများပါတယ်။ အခုနောက်ပိုင်းတော့ မီတာတွေနဲ့ များလာပါတယ်။ မီတာနဲ့ က တွက်ရချက်ရလွယ်ပါတယ်။

ဆက်သွယ်ချက်က မသိလို့  မဖြစ်ပါဘူး။

၁ လက်မမှာ= ၂၅.၄ မီလီမီတာ ရှိပါတယ်။
၁ မီတာမှာ = ၃.၂၈၁ ပေ ရှိပါတယ်။

လက်သမား အခေါ်နဲ့ ကတော့ ၃ ပေ ၃ လက်မ ၃ မူး အတိအကျ ရှိပါတယ်။

m³ ကို ft³ ပြောင်းဖို့ ရာ ဆက်သွယ်ချက်က

1 m³ = 35.32 ft³ ရှိပါတယ်။

100 ft³ ဆိုတာ တစ်ကျင်းပါ
အလျား ၁၀ ပေ အနံ ၁၀ ပေ အမြင့် ၁ ပေ ( ၁၀×၁၀×၁=၁၀၀ ကုဗ) ၁ကျင်းပါ

၁ကျင်း( ၁၀၀ ကုဗ) မှာ မီတာကျု m³ ဘယ်လောက်လဲဆို

၃၅.၃၂ ကုဗ = 1 m³
၁၀၀ ကုဗ ( ၁ကျင်:) = ၁၀၀/၃၅.၃၂
= ၂.၈၃၁ m³ ရပါတယ်။

မပြောပလောက်တဲ့ အသေးအဖွဲ လေးများပင် ဖြစ်ပေမယ့် မသိသေးခင်က တော်တော် တိုင်ပတ်ခဲ့ရလို့ ပါ။

Share:

အောင်မြင်ဖို့ အတွက် အချက် ၈ချက်

"အောင်မြင်ဖို့ အတွက် အချက် ၈ချက်"

ဒီတခါတော့ Richard St. John ရဲ့TED Talk မှာ သူ ဟောပြောခဲ့တဲ့ ”အောင်မြင်ဖို့ အတွက် အချက် ၈ချက်” ကို အကျဉ်းခြုံး ဝေမျှလိုက်ပါတယ်။
သူဟာ အောင်မြင်မှု တွေအကြောင်း နှစ်ပေါင်းများစွာ သုတေသန လုပ်ခဲ့သူဖြစ်တယ်။ သူက အောင်မြင်သူတွေမှာ တွေ့ ရလေ့ရှိတဲ့  အချက်၈ ခု ကို ဖော်ထုတ်ခဲ့ ပြီး သူ့ရဲ့  “8 To Be Great” ဆိုတဲ့ စာအုပ်ဟာ ရောင်းအကောင်းဆုံး Best seller ဖြစ်ခဲ့တယ်။ ဒါကို ဖတ်ပြီး အတွေးကောင်းတခုခု ရကြပါစေ။

“ကျွန်တော့် အနေနဲ့ လွန်ခဲ့တဲ့ ၇နှစ်အတွင်း အောင်မြင်သူတွေနဲ့  အင်တာဗျူး ၅၀၀ လုပ် ခဲ့ပါတယ်။ အဲဒီ မှာတွေ့ ရတဲ့ အချက်အလက်တွေပေါ်မူတည်ပြီး ဘာလုပ်ရင် သေချာပေါက်အောင်မြင်လိမ့်မယ် ဆိုတာ ကိုပြောပြမှာပါ...

၁။ Passion (ကိုယ်စိတ်ဝင်စားတာ၊ကိုယ်ဝါသနာပါတာ လုပ်ပါ) ပထမဆုံး အချက်ကတော့ ဝါသနာပဲ။ Freeman Thomas ကပြောတယ်.."ကျွန်တော်ကို ကျနော့် ဝါသနာကပဲ တွန်းအားပေး မောင်းနှင်ပါတယ် ..တဲ့။" အလုပ်ကို ၀ါသနာပါလို့  လုပ်ပါ။ ငွေကြောင့်တော့ မလုပ်ပါနဲ့ တဲ့ ။ Carol Coletta ကလဲ ပြောတယ် “စိတ်ဝင်စားစရာ ကောင်းတာကတော့ ဝါသနာပါလို့ တစ်ခုခုကို အမြတ်တနိုးလုပ်ပေးရင် ပိုက်ဆံရမှာပဲ။ ကြိုးစားလုပ်ပါ.တဲ့။

၂။ Work (ကြိုးကြိုးစားစား လုပ်ပါ) Rupert Murdoch က ကျွန်တော့်ကိုပြောဖူးတယ် "အလုပ်ဆိုတာကတော့  ပင်ပန်းတာပေါ့ ဗျာ။လွယ်လွယ်ရတာ ဘာမှမရှိနိုင်ပါဘူး မဟုတ်လား။ ဒါပေမဲ့ အရမ်းပျော်စရာကောင်းပါတယ် ..တဲ့။

၃။Good/Improve (ကောင်းသထက်ကောင်းအောင်လုပ်ပါ) Alex Garden ကပြောပါတယ် "အောင်မြင်ချင်ရင် တစ်ခုခုကို စူးစူးစိုက်စိုက်လေ့လာပါ၊ ပြီးတော့ အဲဒါကို အရမ်းကောင်းအောင် လုပ်ပြပါ။ ဥုံဖွဆိုပြီး ဆိုရုံနဲ့ ရတာမရှိပါဘူး၊ လေ့ကျင့်၊ လေ့ကျင့်၊ လေ့ကျင့်ပါ..တဲ့။

၎။ Focus (အာရုံစူးစိုက်ပါ) Norman Jewison က ကျွန်တော့်ကိုပြောဖူးတယ်၊ "ကျွန်တော်ကတော့ အလုပ်တစ်ခုမှာ အာရုံစိုက်လုပ်ဖို့ အရေးအကြီးဆုံး..လို့ ထင်ပါတယ်..တဲ့။တကယ်အရေးကြီးပါတယ်ဗျာ။

၅။Push (တွန်းပေးပါ) David Gallo ပြောတာကတော့ "ကိုယ့်ကိုယ်ကို တွန်းပေးပါ။ ကိုယ်ရောစိတ်ပါ တချိန်လုံး တွန်းပေးဖို့လိုတယ်ဗျ။ ရှက်ကြောက်စိတ် နှင့် ကိုယ့်ကိုယ်ကို မယုံကြည်မှုတို့ကို လုံးဝဖယ်ရှားရမယ်..တဲ့ ။ တကယ်တော့ ကိုယ့်ကိုယ်ကို တချိန်လုံး တွန်းပေးရေးဟာ သိပ်တော့ လွယ်လှတာမဟုတ်ဘူးမလား။ အဲဒါကြောင့် မိခင်တွေကို တီထွင်ပေးခဲ့တယ်ထင်ပါရဲ့  (ရယ်သံများ)။ Frank Gehry ကျွန်တော့်ကိုပြောဖူး တာကတော့ "ကျွန်တော့်အမေက ကျွန်တော့်ကို အမြဲ တွန်းခဲ့တာပေါ့ "..တဲ့။

၆။ Serve (အကျိုးဆောင်ရမယ်) တခါတုန်းက ကျနော်ကို ကလေးတွေက သူတို့ သန်းကြွယ် သူဌေးဖြစ်ချင်တယ်လို့ ပြောတယ်။ ကျွန်တော်က သူတို့ကို "ကဲ..ကောင်းပြီ၊ အခုတော့ မင်းတို့ ကိုယ့်အကျိုးကိုတောင် မဆောင်နိုင်ကြသေးပေမယ့် နောက်မှာ သူများအတွက် တန်ဖိုးရှိတာ တစ်ခုခု အကျိုးဆောင်ပေးရမယ်။လူတွေ ချမ်းသာလာကြတာ အဲဒီလိုနည်းနဲ့မို့လို့ ဖြစ်တယ်..လို့ ။

၇။ Idea (စိတ်ကူးအကြံများ ထုတ်ပါ) Bill Gates ကပြောတယ်.. "ကျွန်တော် အကြံတစ်ခု ရှိခဲ့ပါတယ်။ အဲဒါက ပထမဦးဆုံး Micro-computer software ကုမ္ပဏီ ကို တည်ထောင်ဖို့ပါ။" အတော့်ကိုကောင်းတဲ့ စိတ်ကူး ပါ။ တကယ်တော့ တီတီထွင်ထွင် လုပ် နိုင်ဖို့ အကြံဥာဏ်ကောင်း ရှာကြံတယ်ဆိုတာ သိပ်မှော်ဆန်တဲ့  အရာတော့  မဟုတ်ဘူးလေ။

၈။Persist (ဇွဲ ရှိရမယ်) Joe Kraus ပြောတာကတော့"မရမနေ ဇွဲနဲ့ လုပ်ကိုင်ခြင်းဟာ အောင်မြင်မှု အတွက် အရေးကြီးဆုံးပေါ့ ဗျာ.တဲ့ ။ မအောင်မြင်မှုတွေကို အံတုပြီး ဇွဲနဲ့ ကျော်ဖြတ်ရမယ်။ စိတ်ညစ်စရာတွေကို အံတုပြီး ဇွဲနဲ့ ကျော်ဖြတ်ရမယ်။ စိတ်ညစ်စရာဆိုတာတွေကတော့ ရှုံ့ချမှုတွေ၊ ပယ်ချခံရမှုတွေ၊ စိတ်အနှောင့်အယှက်ပေးတဲ့ လူတွေနဲ့ စိတ်ဖိစီးမှုတွေ ပေါ့ ။

ကျနော်ပြောတာကိုယုံပါ။ ဒါတွေဟာ ခင်ဗျားတို့ ကို အောင်မြင်မှုတွေဆီအရောက်ပို့ပေးကြမဲ့ အရေးကြီးဆုံး ရှစ်ချက်ပါပဲ...”

အားလုံး ပျော်ရွှင်အောင်မြင်ကြပါစေ..
ဒေါက်တာအောင်မျိုး
(၂၇-၆-၂၀၁၄)

Share:

ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ

ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ

မဟာယာနဘာသာကို လူတော်တော်များများ စိတ်ဝင်တစားရှိသော်လည်း အကြောင်းကြောင်း ကြောင့်မလေ့လာဖြစ်ပဲ အလှမ်းဝေးနေကြတာကို သတိထားမိပါတယ်၊ အထူးသဖြင့် ကိုယ်နဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ဖာသိဖာသာနေတာလဲ ပါမှာပါ၊ သို့သော်လည်း တိုင်းတပါးကို ရောက်လာ တဲ့အခါမှာတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ နောက်ဆုံး ဘာသာမဲ့ ၀ါဒသမားကအစတွေ့မြင် နေကြရတာကြောင့် မသိမဖြစ်အနေနဲ့ လိုအပ်လာတယ်၊ စာရေးသူတို့ ဘုရားသားတော် ရဟန်းတွေမှာတောင် မြန်မာပြည်မှာတုံးက မလိုအပ်ဖူးလို့ ထင်ခဲ့မိတယ်၊

အခုတော့ ကိုယ့်ဝန်းကျင်မှာ မဟာယာနဘုန်းကြီးတွေ၊ သီလရှင်တွေ ၊ တရုတ် ကိုးရီးယား ဂျပန်လူမျိုးတွေကို တွေ့လာ၇တဲ့ အခါမှာတော့ သူတို့ဘာသာအကြောင်းကို မသိလို့ မရတော့ဘူး၊ သူ့တို့ဘာသာကို အစအဆုံး ဘုရား တရားက အစ လိုက်မေးနေရတယ် ဆိုရင် ကိုယ့်မြန်မာလူမျိုး သိက္ခာတော်တော်ကျနေပြီ၊ သီတဂူဆရာ တော်ကြီး ပြောတဲ့ စကားတခွန်းကို မှတ်သားမိဘူးတယ်၊ ဘယ်ဘာသာကို မဆို လေ့လာထားပါ၊ သူတို့နဲ့ စကားပြောလို့ အနိုင်လိုချင်၇င် သူ့တို့ ဘာသာရဲ့ အားနည်းချက်ကို သိနေတော့ ပြောဆိုရတာ ( နောက်ဆုံး ငြင်းခုံရင်တောင် ကိုယ်က အနိုင်ရမယ် ) သိပ်လွယ်တယ် တဲ့။ အထူးသဖြင့် စာရေးသူတို့ မြန်မာနိုင်ငံမှာ မဟာယာန ဗုဒ္ဓဘာသာ ဆိုတာ တရုတ်ဘုန်းကြီးကျောင်းတွေမှာသာ ရှိတာမို့ ရဟန်းသံဃာတွေရော ဒကာ ဒကာမတွေပါ အလှမ်းဝေးနေခဲ့ကြတယ်။ ဒါကြောင့် လက်လှမ်းမှီသလောက်ကို တင်ပြလိုက်ပါတယ်၊

"ထေရ၀ါဒ ဗုဒ္ဓဘာသာ - မည်ပုံ" -------------------------------------------ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသော မဟာသက္ကရာဇ် ( ၁၄၈)ခုနှစ် ကဆုန်လပြည့်နေ့မှနောက် ၃လလွန်မြောက်ပြီးသောအခါ အရှင်မဟာကဿပဦးဆောင်သော ရဟန္တာမထေရ် ၅၀၀ ဖြင့် ရာဇဂြိုလ်မြို့တွင်ဘုရားရှင်၏တရားတော်တို့ကို တလုံးတပါဒမျှ ပြင်ဆင် ဖြည့်စွက်ခြင်း၊ ထုတ်နှုတ်ပယ်ရှားခြင်း အလျင်းမရှိခဲ့ပဲ ဟောတော်မူခဲ့သည့်အတိုင်း တသွေမတိမ်း ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။ အချုပ်အားဖြင့် ဘုရားဟောတော်မူခဲ့ပြီးသော တရားတော်တို့ကို ယနေ့အချိန်အထိ တလုံးတပါဒမျှ ပြင်ဆင်ဖြည့်စွက်ခြင်းမရှိပဲ တပည့်သား သာဝက အစဉ်အဆက် လက်ဆင့်ကမ်း သယ်ဆောင်လာသော ၀ါဒကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ( တပည့်သား သာဝက မထေရ်အစဉ်အဆက် သယ်ဆောင်လာသော ဘုရားဝါဒ ) ဟု မှတ်နိုင်ပါသည်။

"ဒုတိယ သင်္ဂါယနာ" ------------------------------မြတ်ဗုဒ္ဓ လွန်တော်မူပြီး သာသနာနှစ်ပေါင်း (၁၀၀)ကြာပြီးနောက် ၀ဇ္ဇီတိုင်းသားရဟန်းများ (ဒေ၀ဒတ် တပည့်များ )မှ အဓမ္မ၀တ္ထု (၁၀)ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ နေလက်တစ်သစ်လွဲသည့် အချိန်အထိ ၀ိကာလဘောဇန လုပ်နိုင်တယ်၊ သေနု(အရက်ခပ် ပျော့ပျော့ ယခုခေတ် ထန်းရည်လိုမျိုး )ကို သောက်နိုင်တယ်၊ ရွှေငွေများကို လူတွေလို စိတ်ကြိုက် ကိုင်တွယ်အသုံးပြုနိုင်တယ် -- စသဖြင့် တောင်းဆိုခဲ့ပြီး ထေရ၀ါဒဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့် ထိုရန်သူတို့အား ကာကွယ်ရန် ဒုတိယအကြိမ သင်္ဂါယနာတင်ရပြန်သည်။

(၂) သာသနာနှစ် (၁၀၀)နှစ် (၃) နေရာ ဝေသာလီပြည်၊ ၀ါဠုကာရာမကျောင်း (၄) ခေါင်းဆောင် အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိ (၅) သံဃာဦးရေ ရဟန္တာပေါင်း (၇၀၀) (၆) မင်း ကာလာသောကမင်း (၇) ကြာမြင့်ချိန် (၈)လ

♦ အရှင်ယသ၊ အရှင်ရေ၀တ အရှင်သဗ္ဗကာမီ ဦးဆောင်သော ၇ဟန္တာများ ဝေသာလီပြည်၌သင်္ဂါယနာတင်နေစဉ် ၀ဇ္ဇီတိုင်းသားရဟန်းပျက်များကို သံဃာထု၊ မင်းပရိသတ်ထု၊ ပြည်သူလူထု ပေါင်းပြီး နှင်ထုတ်ခဲ့ကြသည်၊ ထိုရဟန်းပျက် များကာ တစ်သောင်းကျော် ပမာဏ ရှိခဲ့သည် ဟူ၏။

ထိုရဟန်းပျက်တို့ ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမ၀န္တာတောင်ခြေဖက် သို့ သွားရောက် ပြီး ရှင်ဘုရင်တစ်ပါးမှ သနားကာ ခိုလှုံခွင့်ပေးလိုက်ရာမှ ထိုရဟန်းတို့သည်လည် သင်္ဂါယနာစင်ပြိုင် တင်ခဲ့ကြသည်။

♦ ထိုရဟန်းတို့အား တစ်သောင်းကျော်ဟူသော ကြီးမားသော အင်အားရှိသဖြင့် "မဟာသံဃိကဂိုဏ်း" ဟု နာမည် တွင်ခဲ့သည်၊ ထိုဂိုဏ်းမှ "မဟာယာန၀ါဒ" ဖြစ်လာသည်။

♦ ထိုမှတဖန် ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ ( ၇၀၀ )အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောဂိုဏ်း (တနည်းအားဖြင့် သဗ္ဗတ္ထိဝါဒဂိုဏ်း)ဟု ခေါ်တွင်ခဲ့သည်။ ထိုဂိုဏ်းမှ ထေရ၀ါဒ ဆင်းသက်လာပါသည်။ အမှန်ကတော့ ငါတို့က ရွာရဲ့ မြောက်ပိုင်းမှာ နေတယ် ဆိုရင် သူတို့က တောင်ပိုင်းမှာ နေတယ် ဟု အလိုလို မပြောသော်လည်း ပြောသကဲ့သို့ ထေရ၀ါဒ ကိုလည်း မဟာယာန ၀ါဒီ တို့သည် "ဟီနယာန" ဟု သုံးစွဲခဲ့ကြလေသည်၊

♦ အိန္ဒိယ တောင်ပိုင်းဒေသမှ စကာ ပြန့်နှံ့ခဲ့သောကြောင့် တောင်ပိုင်း ဗုဒ္ဓဘာသာ(ထေရ၀ါဒ) ဟုလည်းအလွယ်တကူ မှတ်နိုင်ပေသည်။ ယခုအချိန်အထိ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီယား၊ လာအို နိုင်ငံတို့တွင် သာသနာထွန်းကားနေဆဲမို့ ထေရ၀ါဒ ၅ နိုင်ငံ ဟု အများက အသိအမှတ်ပြု လက်ခံထားဆဲဖြစ်သည်။

♦ မဟာယာနမှာတော့ မဇ္ဈိမဒေသ အိန္ဒိယပြည် မြောက်ပိုင်း ဟိမ၀န္တာကနေ ပြန့်ပွားခဲ့သောကြောင့် မြောက်ပိုင်း ဗုဒ္ဓဘာသာ ( မဟာယာန) ဟု မှတ်နိုင်သည် ဘီစီ ၁ ရာစု မှ စကာအေဒီ ၁ ရာစု အအတောအတွင်း မဟာယာန၀ါဒ စတင်ဖြစ်ပေါ်လာသည်ဟု သိရသည်၊

မဟာယာနတို့၏Saddharma Pundarika Sutra သဒ္ဓမ္မပုဏ္ဍရိက သုတ်တွင်မူ အေဒီ ၂ရာစုမှ စကာ ခေါင်းဆောင်ဖြစ်သော Nagarjuna နာဂဇုန သည် သူ၏သုညတ၀ါဒကို စွဲကိုင်ကာ အင်အားကြီးမားစေခဲ့သည်၊ အေဒီ ၄ ရာစုလောက်တွင်တော့ Asanga အသင်္ဂ နှင့် Vasubandhu ၀သုဗန္ဓု တို့ လက်ထက်တွင် မဟာယာနဘာသာသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိအောင် ပြန့်ပွားခဲ့သည်ဟုဆိုရပါမည်။ (မဟာ - မြင့်မြတ်သော၊ ယာန - နိဗ္ဗာန်သို့ ပို့ဆောင်ပေးသော အရာ၊ ယာဉ်ဟူသော၊ ၀ါဒ - အယူရှိသူ )

ထိုအချိန်မှစ၍ မြောက်ပိုင်း ဗုဒ္ဓဘာသာ ခေါ် မဟာယာန သည် တရုတ်ပြည်၊ တိဗက်၊ ပါကစ္စတန်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကိုးရီးယား ဂျပန် စသော တောင် အာရှ နိုင်ငံများအထိ နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက် ပြန့်ပွားခဲ့သည်၊ ထိုနိင်ငံတို့တွင် ထေရ၀ါဒ ဘာသာ အားကောင်းစွာ ပျံ့နှံ့သည်ဟူ၍ မကြားဖူးခဲ့ပေ။ အနည်းစုတော့ ရှိခဲ့လိမ့်မည်၊ ထို့ကြောင့် တရုတ် ဂျပန် ကိုးရီးယား တို့၏ဘာသာရေး အခန်းကဏ္ဍများတွင် တုံးခေါက်ခြင်း ဖယောင်းတိုင် အမွှေးတိုင် ထွန်းခြင်း သေသူအား ရည်စူးကာ စက္ကူများအားမီးရှို့ ပြာချခြင်း စသည်များသည် နိုင်ငံ ဓလေ့ ယဉ်ကျေးမှု့အရ အနည်းငယ် ကွဲလွဲသည်မှအပ တူညီနေကြပေသည်။

♦ ပြိုကျခါနီး အိမ်ကို ကျားကန် ထားရသလိုဖြစ်နေတဲ့ မဟာယာန ဘာသာဟာ နောက်ပိုင်းခေတ်မှာတော့ ဂျပန်နိုင်ငံက စပြီး ရဟန်းတော်များ အိမ်ထောင်ပြုသင့်တဲ့ဂိုဏ်း၊ မပြုသင့်တဲ့ ဂိုဏ်း ဆိုပြီး ကွဲပြားလာတယ်၊ တချို့အရက်သောက်ကြတယ်၊ တချို့က မသောက်ဘူး၊ တချို့သက်သက်လွတ်စားတယ်၊ တချို့က မစားကြဘူး၊ ဒါကြောင့် ယခုအချိန်မှာ ကိုးရီးယား ဂျပန် ဘုန်းကြီးတော်တော်များများဟာ အိမ်ထောင်ရှိကြတယ်၊ အရက်သောက်ကြတယ်၊ ပါတီ နိုက်ကလပ်တက်ကြတယ် လို့ တဆင့်စကား ကြားဖူးပါတယ်၊ တရုတ်၊ တိဗက် ဟောင်ကောင် ထိုင်ဝမ် စတဲ့ နိုင်ငံတွေမှာ ရှိတဲ့ မဟာယာနဘုန်းကြီး တွေကတော့ အိမ်ထောင်ပြုတယ် လို့ မကြားမိပါဘူး၊ ဒါကြောင့် သူတို့ကတော့ နည်းနည်း သန့်ရှင်းသေးတယ် လို့ ယူဆ၇မှာပါ။ သက်သက်လွတ်ဝါဒကတော့ တော်တော် ကြီးစိုးနေဆဲပါပဲ၊ ဒါကလဲ ဘုရားရှင်လက်ထက်တော်အခါကတည်းက အရှင်ဒေ၀ဒတ်က တောင်းဆု ငါးပါးထဲမှာ ရဟန်းတော်များသက်သက်လွတ် စားဖို့ သိက္ခာပုဒ်ပညတ်တော်မူပါဘုရား - ဆိုပြီး တောင်းပန်ခဲ့ဖူးပေမယ့် ဘုရားရှင်က ခွင့်မပြုခဲ့ဘူး။

အရင်းစစ်တော့ အမြစ်မြေက- ဆိုသလို မြောက်ပိုင်း ဗုဒ္ဓဘာသာခေါ် မဟာယာန၀ါဒ ဟာလဲ ဒုတိယသင်္ဂါယနာ တင်ချိန် ကတည်းက အဓမ္မ၀ါဒကနေ ဆင်းသက်လာတာမို့ အယူဝါဒတော်တော်များများ လွဲနေတာ မထူးဆန်းတော့ပါဘူး။

"လွတ်မြောက်ရာ လမ်းများ နှိုင်းယှဉ်ချက်" -------------------------------------ထေရ၀ါဒ ဘာသာ တွင် နိဗ္ဗာန် ပန်းတိုင်သို့ -၁။ သမ္မာသမ္ဗုဒ္ဓ အဖြစ်နှင့် ကူးမြောက်ခြင်း၊ ၂။ ပစ္စေကဗုဒ္ဓါ ဘုရားငယ်အဖြစ် ကူးမြောက်ခြင်း၊ ၃။ သာဝက ဗောဓိ - ခေါ်ရဟန္တာအဖြစ် ကူးမြောက်ခြင်း ဟု သုံးမျိုးရှိသည်။

မဟာယာန ဘာသာတွင်လည်း -Bodhisattvayana, ( ဗောဓိသတ္တ ယာန) ဘုရားအလောင်းယာန၊ Prateka-Buddhayana, ( ပစ္စေက ဗုဒ္ဓယာန) ပစ္စေဗုဒ္ဓါလောင်း ယာန၊ Sravakayana( သာဝက ယာန) သာဝကလောင်း ယာန၊ဖြင့် ကူးမြောက်ခြင်း ဆိုပြီး တူညီသော အမျိုးအစားများ တွေ့ရသည်။

"ထေရ၀ါဒ နှင့် မဟာယာန၀ါဒတွင် တူညီသော အင်္ဂါ (၆ )ချက်" ----------------------------------------------------------(၁) မြတ်စွာဘုရားကို နှစ်ဖက်စလုံးက ဆရာ အဖြစ်လက်ခံကြတယ်။ (၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အ၀လက်ခံကြတယ်။ (၃) မဂ္ဂင်ရှစ်ပါး တရားကိုလဲ လက်ခံတာချင်း တူညီတယ်၊

(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လက်ခံတာလဲ တူညီတယ်၊ (၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပဲ ပယ်မြစ်ပါတယ်။ (၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲ့ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတယ်။

"Mahayana and Theravada" ---------------------------------Now, what is the difference between Mahayana and Theravada? I have studied Mahayana for many years and the more I study it, the more I find there is hardly any difference between Theravada and Mahayana with regard to the fundamental teachings.

1- Both accept Sakyamuni Buddha as the Teacher. 2- The Four Noble Truths are exactly the same in both schools. 3- The Eightfold Path is exactly the same in both schools. 4- The Paticca-samuppada or the Dependent Origination is the same in both schools. 5- Both rejected the idea of a supreme being who created and governed this world. 6- Both accept Anicca, Dukkha, Anatta and Sila, Samadhi, Panna without any difference.

♦ အနတ္တကို နှစ်ဖက်စလုံးက လက်မခံကြပေမယ့် ကွဲပြားချက်က တရားတော်တွေ မဟုတ်ဘဲ" ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ်" အပေါ်မှာ ထားတဲ့ သဘောထား ဖြစ်နေတယ်။ ♦ ထေရ၀ါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ဘူး။ ထေရ၀ါဒဆိုတာ ရဟန္တာ ဖြစ်ဖို့ ကျင့်တဲ့ ၀ါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ၀ါဒပါ။ ထေရ၀ါဒမှာ ဗောဓိသတ္တကို လွတ်မြောက်ရာ သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ် သေးပေမယ့် ၊ မဟာယာန မှာတော့ ကိုးကွယ်စရာ ဗောဓိသတ္တတွေ များပါတယ်။ဘုရားလောင်း ၊ ဘုရားရဲ့ မိခင်၊ ဖခင် အများကြီး ရှိပါသေးတယ်။

♦ ဖားအောက်ဆရာတော်ကြီးရဲ့ ဓမ္မစကြာနှင့် ၀ိပဿနာ တရားတော်ကို နာဖူးပါတယ်၊ မဟာယာန အယူဝါဒမှာ - အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်ဟာ ဒီဘ၀ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးဘူး။ ရဟန္တာအဖြစ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားတယ်။ ပုထုဇဉ်ပြန်ဖြစ်သွားရမယ် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရမယ်။

♦ ထေရ၀ါဒ မှာတော့ မဟုတ်ဘူး - ပုထုဇဉ်ဘ၀ကနေသောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ အစဉ်အတိုင်းဖြစ်ပြီးရင် နိဗ္ဗာန်ကို မျက်မှောက်ပြုရတာပါပဲ၊ နောက်ဆုံးဘ၀ပေါ့၊ သူ့အတွက် ဒီဘ၀ဒီခန္ဓာကိုယ်ဟာ နောက်ဆုံးပါပဲ၊ ဘုရားဟောထားတဲ့ စကားလေးတခွန်းရှိတယ်၊ ရဟန္တာဖြစ်တဲ့သူ များလဲ ပြောလေ့ရှိကြတယ်၊ အထူးသဖြင့် ဘုရားရှင်ကိုယ်တိုင်ပါ။

♦ (၁) အကုပ္ပါ မေ ၀ိမုတ္တိ =ငါ၏ ရရှိပြီးသော အရဟတ္တဖိုလ် ဥာဏ်သည် ဘယ်လိုအကြောင်း ကြောင့်မှမပျက်စီးနိုင်တော့ပေ။ ♦(၂) အယမန္တိမာဇာတိ၊နတ္ထိဒါနိပုန ဗ္ဘဝေါတိ=ဒီဘ၀သည် နောက်ဆုံးဘ၀ပဲ။ နောက်ထပ်ဘ၀သစ် ဆိုတာမရှိတော့ဘူး၊ ♦(၃) နာပရံဣတ္ထတ္ထာယာတိ ပဇာနာတိ- ၇ဟန္တာဖြစ်ပြီးရင်နောက်ထပ် ကျင့်ကြံစရာလုံးဝ မရှိတော့ဘူး - တဲ့။

ဒါကို ထောက်သောအားဖြင့် ထေရ၀ါဒဟာအားလုံး ဘုရားဟောစကားနဲ့ တူညီနေသေးတယ်။ မဟာယာနမှာတော့ ကိုယ်မကြိုက်တာတွေကိုပယ်လိုက်၊ထုတ်လိုက် ပြန်ထည့်လိုက်၊အသစ်ထပ်တိုးလိုက်နဲ့ခေတ်အ ဆက်ဆက်ဖြတ်သန်းခဲ့တာမို့ ဘယ်တရားက ဘုရားဟော တရား အစစ်အမှန်လဲဆိုတာတိတိကျကျ ပြောနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေကို ရောက်နေပါပြီ။စစ်မှန်သော တရားတော်တို့ သည် မိမိတို့ လက်ထဲမှာသာ ရှိနေသေးသောကြောင့် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ ဟုသာ တိုက်တွန်းစကားဆိုရင်း နိဂုံး ချုပ်ပါရစေ။

မေတ္တာဖြင့် [အရှင်သုနန္ဒာလင်္ကာရM A( ပန်းကမ္ဘာ)]

Share:
Image
Image
Image
HlAiNg MyO Design by HLAiNg MyO